|
ဟိုးတုန်းက ကော်ဖီကြမ်းလေးတစ်အိုးတည်ပြီး တစ်ညလုံးထိုင်ကြည့်ဖူးတဲ့ လ ပါပဲ လ တွေကြာတော့ လူကကျတာလား နှင်းမို့ မှုန်မှုန်ကျတာလား ရှေ့တူရှုက ဝေဝါးနေဆဲ မကွဲပြားဝါးရီဝိုးတို့ကြားကနေ မီသလောက်ချောင်းပြီး ရသလောက်ကိုက်ခဲရင်း ရင်းသလောက်ပြန်မရတဲ့ အိပ်မက်တွေ တအိအိဝေ့ကျလာမယ့် ဟိုး အရင်က သစ်ရွက်ကို ငယ်သူသူချင်း အလုအယက်ဖမ်းသလိုပေါ့ စာမေးပွဲနီးတော့ ထွက်ပေါက်ရှာ မြူးကြတာလေး တအိအိဝေ့ကျလာတဲ့ ခံနိုင်ရည်မှတ်လား၊ မာန်ရည်မှတ်လား တင်းတင်းဆုပ်ရင်း အချင်းချင်းပြ ပြုံးပျော်လို့ သစ်ရွက်အိုက ကြွေပြီးပေမယ့် ကျန်သူကို ပြုံးစေပျော်စေ ကျောင်းဆင်းချိန်မြင်ကွင်းလေးက တဖျပ်ဖျပ်လင်းနေကျ ကျောင်းဈေးတန်းက ရင်းသလောက်ပြန်ရလား မသိတဲ့ မုန့်တွေကို တအိအိပြိုကျလာတဲ့ အိပ်မက်က ဖမ်းနေတုန်း ကျောင်းဆင်းခေါင်းလောင်းသံလား မျှော်မိတဲ့ အသံ တစစ်စစ်ကိုက်သလို ပစ်ချလိုက်သော အချိန်မှန် အသံ လူးလဲထရင်း ပေနေတဲ့ ဂုဏ်တွေကို သပ်ခါ သတ်ကာနီး ရာဇ၀တ်သားလို အသိမဲ့လှုပ်ရှားရင်း တစ်ညလုံးထိုင်ကြည့် မိတဲ့ ဘဝဆိုတာ တလျှပ်ဖျပ်ဖျပ်ကုန်ဆဲ လပါပဲ ပြောင်းလဲလာတဲ့ အမှတ် ပြောင်းလဲလာတဲ့ သေနတ် ပြောင်းလည်းလာတဲ့ သက်မှတ်ချက် ဟိုးအရင်က သစ်ရွက်ကို လုယူဖမ်းသလို ခေတ်ကမကောင်းတော့ မင်းလောင်းမျှော်ကြ မိုးပေါ်ကိုမော့လို့ လက်တွေဆန့်တန်းမျှော်တောင်းသလောက် အသိဥာဏ်ဆန့်ခဲ့ရင်ဆိုပြီး မင်းလောင်းမမျှော်ဘဲ မင်းမဟုတ်ဘဲ မင်းထက်လွန်အောင်ကျင့်သွားသူကို ရှေ့တူရှုကိုငေးရင်းတွေ့တယ် တခါက လ ပါပဲ သိပ်လှတဲ့ရက် ဖြစ်အောင် ကတိတွေမပေးဘူး ဖြစ်မှ ပေးသွားတယ် သစ်ရွက်က မအိုခင်ကြွေရပေမယ့် ကျန်သူကို ပြုံးစေပျော်စေ ခေါင်းလောင်းသံမကြားမီတည်းက အသင့်လွယ်ပြင်ထားပြီးသား လွယ်အိတ်လေးကိုဆွဲ လွတ်လပ်လိုက်တဲ့ဖြစ်အင် ပိတ်ထားတဲ့ တံခါးကြီးကိုဖြတ်ပြီး ပြေးထွက် ပေါ့ပါးစွာနဲ့ မေမေ..... သားကျောင်းဆင်းလာပြီလို့ အော်ဖို့ကြိုးစားတော့မှ ကိုယ် သစ်ပျိုရွက်လေးတွေ ကြွေနေတာမြင်မှ ရှေ့တူရှုငေးနေရင်း မြင်ကွင်းတွေဝါးဝေ မနက်ခင်းနှင်းကြားက တလူလူလွင့်ဆဲ အောင်လံတော်နဲ့ မာန်၊ စိတ်၊ ဌာန်ကရိုဏ်းကျကျဆိုနေကျသီချင်းကို နက်ထွင်းလှိုက်ဝင်နားလည် ဟိုးတုန်းက ဟိုး.... ဟို တုံးတုန်းက မင်းလောင်းမျှော်သားကျသူတွေကြားက မင်းလောင်းမမျှော် မင်းမဟုတ်၊ မင်းမလုပ်ဘဲ မင်းထက်လွန်အောင်ကျင့်ယူမြင့်မြတ်သူ ကျွံထဲက ကျွတ်အောင်နှုတ်ပေးသူတွေ ရင်းသလောက်ပြန်ရလား မသိ ဟိုးကနေ ပြုံးပြီးလှမ်းကြည့်နေတယ် ခေါင်းလောင်းအိုကြီးရယ်၊ ခုံတန်းရွယ်စုံရယ် သမိုင်း၊ ပထဝီနဲ့ သင်ရိုးစုံစုံရယ် လွယ်အိတ်လေးလွယ် ပြေးထွက်ရတဲ့ အရသာကို တစ်ခါက လ ပါပဲ စာမေးပွဲအောင်ရုံလေး မအကြနဲ့ မကွဲပြားဝါးရီဝိုးတို့ကြားကနေ ဆင်ဆင်တူတဲ့ ရနံ့ လေးဝေ့ဝေလာတယ် ဝိုင်းဟားခံရတဲ့ ကောင်လေးတစ်ယောက် နှုတ်ကနေ တရစပ် ပီပီသသကြီးပြောချလိုက်တဲ့ စကားလုံးအတွဲအစပ်တွေဟာ လူရိုင်းက ဘယ်သူဆိုတာ သက်သေပြဖူးတယ် အဖော့၊ အနင်း၊ အရုန်း၊ အထကို ကျင်လည်စွာ ကစားပြရင်း အဝတ်ပါးလေးနဲ့ နှင်းထုထူထူဆီသွားသူကို ရှေ့တူရှုကို ငေးရင်း တဖျပ်ဖျပ်မြင် မအအောင် ရှာဖွေလေ့လာရမှာလား မအအောင် ချုပ်နှောင်သင်ပေးရမှာလား တခါကကြည့်ဖူးတဲ့ လ ပါပဲ မင်းလောင်းကို မျှော်ကြရင်း မိုးပေါ် ငေးချိန်မှာ ကော်ဖီကြမ်းလေးတစ်အိုးနဲ့ ကိုယ်ပြန်ခေါ်လာတဲ့ ကြော်ငြာစာရွက်ပေါ်က မအိုလိုက်ရတဲ့ လူရွယ်တစ်ပါးနဲ့ စကားတွေ စီးကျလို့ သူတို့ မကြုံလိုက်ရတဲ့ ခေတ်အကြောင်း၊ ကိုယ်တို့ မကြုံရစေမယ့် ခေတ်အကြောင်း၊ သူတို့ .......ကိုယ်တို့........ ကျောင်းတက်ခေါင်းလောင်းထိုးသံအပြီးမှာထက် နှလုံးခုန်သံအပြီးမှာ......... တစ်ခါက မြင်နေကျ လ ပါပဲ တိမ်တွေဖုံးနေတော့ရော........ မအအောင် မြင်နေကြ မအ အောင်မြင်နေကျ ဘုန်းသန့်ခန့် P124014FEB15+0630MM 1StA000512FEB15+0630MM 2NdP235013FEB15+0630MM
0 Comments
Leave a Reply. |
Author
|


RSS Feed