|
ချစ်သူရေ………
တန်ဖိုးနည်း တယ်လီဖုန်း၊ တန်ဖိုးနည်း အိမ်ယာ၊ တန်ဖိုးနည်း စကားလုံး အဲ့လိုအဲ့လို တန်ဖိုးနည်းတွေခေတ်မှာ မင်းကတော့ ကိုယ့်အတွက် တန်ဖိုးကြီးချစ်သူလေးပါ …. ချစ်သူရယ် ဟိုးအတိတ်က ကလေးလေးတစ်ယောက် ပြောဖူးတယ် “Qu’ils mangent de la Briode!” တဲ့လေ……. မမီမကမ်းသူ့အသိဥာဏ်နဲ့ ကျင်လည်ရာပတ်ဝန်းကျင်ကြောင့်ပေါ့….. သူသိသလိုပြောခဲ့တာလေးလေ…….. ကိုယ့်မှာ မင်းရှိနေလို့တော်သေးရဲ့ ….တကယ်ကွယ့် မင်းကလွဲရင် ဘယ်သူ့ကိုမှ ပြောင်းမချစ်နိုင်ဘူးကွယ်…….. ထမင်းတစ်နပ်တည်းစားနေရသူကို တစ်နပ်ထပ်လျော့ဖို့ပြောလာရင် တရားလက်လွန်ဖြစ်သလိုပဲ……… တစ်ယောက်တည်းချစ်သူလေးကို တစ်ရက်ထပ်လျော့ပြီးတောင် မချစ်ယောင် ဆောင်နိုင်ပါဘူးနော်၊ နောက်ဆုံးမှာ ဘာများဖြစ်မလဲလို့ အရင်ဆုံးကတည်းက တင်တင်ကြိုကြို ရင်မောခဲ့ဖူးရဲ့…. ဘယ်သူမှ မသိဘူး၊ ခေတ်အလိုက်မှာတောင် ကိုယ်က တစ်သီးပုဂ္ဂလ၊ တကယ်(တကယ်) ကိုယ့်အသည်းကြားမှာ မဲတစ်ပြားမရှိဘဲ မင်းတစ်ယောက်ပဲ ရှိတယ်၊ ပြီးတော့ ဘယ်သူမှလည်း ယှဉ်ပြိုင်ရွေးချယ်ခွင့်မဲ့ တကယ်ဆိုနင်က ငါ့ရဲ့ ချစ်အာဏာရှင်မလေးလေ၊ တန်ဖိုးနည်းစကားလုံးတွေမထွက်တတ်တဲ့ ငါ့ကိုတော့ ခဏမကြာခွင့်လွတ်…… နင်ကြည်ဖြူဖို့ဆို ငါ တံစို့လက်ဆောင်ပေးဝံ့တာပဲကိုကွယ်၊ လက်ညိုးထောင်ခေါင်းငြိမ့်ပြီး၊ ကြည့်သေချာ…. ငါ့တံခွန်ဆိုတာ နင့်နှုတ်ခမ်းဖူးဖူးလေးပဲကွယ့်၊ သူတစ်ခြားတွေက ပါတီစုံအချစ်တွေကို လက်ခံကျင့်သုံးကြစေဦး ငါကတော့ တစ်ယောက်တည်းချစ် နင့်ငါ့ကို အာဏရှင်ဆန်ဆန် ချစ်ချင်လည်းချစ်ပေါ့နော်၊ ဒါပေမယ့် မုန်းမာန်ငြိုးခြမစားကြေး……. ကျေးစွပ်တတ်တဲ့ တစ်ခါကခေါင်းငြိမ့်သူတွေလို အားလုံးနင့်အပြစ်လို့ ငါဘယ်တော့မှ ထောင်လက်ညိုးချမစွတ်စွဲပါဘူးကွယ်……. လမ်းချင်းတူလို့ လူချင်းတွေကြပြီးမှ အကြံတူလာရင် ရန်သူလို့ ခြေပုန်းခုတ်ကြတဲ့ ခေတ်မှာ ကိုယ်ကတော့ အကြံတူရင် လုပ်ဖော်ကိုင်ဖက်လို့ သတ်မှတ်ဝံ့တယ်ကွဲ့… ဒီတော့… နင်က ငါ့ရဲ့ ကြင်နာသူ လုပ်ဖော်ကိုင်ဖက် ငါ့လက်ကို တင်းတင်းဆုပ်ထား….. တော်တော်ကြာ ယဉ်ကျေးမှုခေါင်းစဉ်တပ်ပြီး အတင်းတွေကို တရားဝင်အောင် မျက်စီမှိတ်ပြောကြတော့မယ် ရယ်နေလိုက်ပေါ့ ချစ်သူငယ်………… သူတို့မသိတဲ့အသိဥာဏ်ကို ကိုယ်တို့လူငယ်တွေ ရင်နဲ့ရင်းလို့ သွေးစဉ်စက်ဆက် နင့်နင့်သီးသီးသိခဲ့ကြပြီးပြီပဲ……. တစ်ခါကပြောဖူးသလို ရှေ့ကို ထုံးတွေဖြူးထားလည်း လက်ကိုဆုပ်ကိုင်တင်းတင်းဆွဲ ခပ်ရဲရဲ ချစ်မြတ်ယုံကြည်ဆက်မယ်လေ………… ပြိုကျနေတဲ့လမ်းကိုအပြစ်မပြောဘဲ……. လမ်းအသစ်ကို ကိုယ့်လက်တွေနဲ့ဖောက် ချစ်သူကို ဟိုးပြပြက အိမ်ငယ်လေးဆီ ပွေ့ချီခေါ်သွားပါ့မယ်………. အတိအကျမဟုတ်ပေမယ့် ဒီတစ်ခါ ခွဲရတာ သိပ်ကို ကြာလွန်းနေပြီကွယ်……. တနင်္ဂနွေနေ့လေးက စနေနေ့လေးကို မျှော်ရတာ သိပ်ကို ဝေးရက်စက်စက်ကြာ၊ ချစ်သူကို သင်္ကြန်ရေမလောင်းဖူးတဲ့ ကောင်လေး၊ ချစ်သူရဲ့ ရိုးရာဆန်ဆန်ကဟန်နွဲ့နှောင်းကို မမြင်ဖူးသူကောင်လေး၊ ချစ်သူနဲ့အတူ ကန်တော်ကြီးကို မရောက်ဖူးသူကောင်လေး၊ အခုလည်း မေတ္တာတော်နေ့မှာ ချစ်သူဘေးမရှိနိုင်ပြန်ဘူးကွယ်……….. ဒါပေမယ့်……… ဘာဖြစ်လည်း……. အဝေးရောက်ချစ်ရင်း တကယ်ကွဲ့……ကိုယ်က လွတ်မြောက်နယ်မြေရောက်နေပေမယ့် ချစ်သူကို ပုန်ကန်မတော်လှန်ဘဲ၊ မယုံရင်ဖတ်ကြည့် နွဲ့နှောင်းသွယ့်ပျို၊ သက်ထက်ပိုမို့ စဉ်စဉ်တမ်းတ၊ စိတ်ဝယ်တလျှက် မှန်းရွယ်ရော်ရည်၊ လွမ်းလူသည်လည်း…. လို့ ရှေးရှေးက ပညာရှိတွေအသက်ဝင်လာရင် ရေးကြလိမ့်မယ်… အခုတော့ သူတို့လည်း မြင့်မြတ်ရာမှာ တရိုတသေအသိမ်းခံနေရချိန်မို့ စာသံပေသံမထွက်ပေမယ့် ဘယ်တော့မှ မရိုးတဲ့ ချစ်တယ်ချစ်သူရယ်…. လွမ်းလို့လည်း ချစ်မိတာပါပဲကွယ်……. အရိုင်းခေတ်ကနေ အယဉ်ခေတ်ကိုကူးလာနိုင်တာ ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရားကြောင့်လေ…. ဘယ်လိုခေတ်တွေပဲရောက်ရောက် ဘယ်သို့မှ မပြောင်းမယ့်အချစ်နဲ့ မနက်ဖြန်တွေတိုင်းမှာ ကိုယ်ချစ်နေမှာနော်…… လွမ်းလွန်းတဲ့အခါ မျက်ဝန်းတွေကိုမှိတ် တိတ်တိတ်လေးခဏနေလိုက်၊ တခါက ပန်းအက္ခတွေကို တရိပ်ရိပ်ပြန်ခံစား ကိုယ်မင်းအပါးကို လာချင်လွန်းပြီကွယ်……. အခုတော့ အဝေးက မျက်လုံးချင်းဆုံရင်း၊ အဝေးက စကားတွေဆိုကြရင်း ချစ်စရာဗင်လင်တိုင်းနေ့လေးမှာ……….. ပျော်ရွှင်ငြိမ်းချမ်းပါစေကွယ်………… ဘုန်းသန့်ခန့် P073206FEB13-5Panama
0 Comments
No rulers for thus; thus, we able to create the world quickly.
Why need, need for what? The chaos of neo-era coming with evil earls which want to be immortal beings, How can protect form thus; thus, we able to escape from those bloody earls’ era…………. ………………ing what? Shut up, shut up, shut up, …………… The whole things to be shut up in the name of the warriors of the loud story tellers of the chaotic relam of the ex-grand empire: thinking itself of the age of famine of the ………… so shut up no one for thus; thus, ye able to move thee to yonder place. You can’t use your mind on offline mode, So refresh yourself first! So refresh for thus; thus, we able to rules the new generation quickly. Or we die forever for shutting up our mind and soul and everything. Or we die for thus; thus, we able to escape from chaos quickly forever. Do until die even server not found Even server not found, even server not found, even server not found, Not found Phone Not found Thant Not found Khant ip: 000.000.0.0 အရာအားလုံး အရှေ့ရပ်ဆီသို့သာ ဆက်လက်စီးဆင်း
ဘာတွေကို နောက်ချန်ထားခဲ့သလဲ၊ မသိ၊ သူမသိ မသိသူ မသိ၊ အနီရောင် တစ်စက်စက်နဲ့ ကြိုးမျှင်တန်း၊ တစစပျက်သုဉ်းလုလု အိပ်မက်က နှုတ်ခမ်းပဲ့ချင်းမို့၊ အရာအား လုံး၊ အရှေ့ ရပ်၊ ဆီ သို့သာ ဆက်လက် စီးဆင်း ထန်းလက်ကိုင်သော ထန်းတက်လက်တွေနဲ့ ထန်းရွက်ကာသော အိပ်မက် နှုတ်ခမ်းပဲ့ချင်း၊ မို့တက်လာတဲ့ ရင်မှာ၊ ပေါ်တော်မူ မျှော်လင့်ချက်တွေ………….. မို့ တက်လာတဲ့ရင်မှာပေါ်၊ တော် မူမျှော်လင့်ချက်တွေ………….. အ ရာအားလုံး၊ အ ရှေ့ရပ် ဆီသို့သာဆက်၊ လက်……….. စီး………..ဆင်း ပြန်ကျမလာမယ့် မူမျှော်လင့်ချက်တွေ၊ တပွေ့တပိုက်ငိုရင်း……….. မနက်ဖြန်ကို အရာအားလုံးပုံအပ်………….. နဖူးရွှေပေလွှာမှာ ဘာများရေးထားသလဲ၊ တပ်သာထားရ မသိသား၊ အရာ၊ အား၊………………. ဘာမှ မဟုတ်သိလို ဆက်လက်စီးဆင်းခွင့်…….. တခါခါမှာ ခြေစုံကန်ဖို့၊ ခြေစုန်ကန်ဖို့၊ …………..ခြေ စုန် ကန် ဖို့………….. ထိုသို့ဖြင့်ပင် ……………. မသေသေးရင် ပြန်လာချင်တယ် ရင်ခွင်မှာ ထွေးလို့ ကြိုပါမေမေရယ် ဘုန်းသန့်ခန့် Something happen, till I wait when?
Nothing none of neither life in the live Just a while when I make Fit the sky of dreaming boy’s cabin, Half scatter with abandon hopeless: Nothingness may change the WAY Even the Bus stand still in dark Blacky miles try to suicide itself Not of mine but me keep your wish god By the name of infamous Long live the hope Long live the hope Kammassakomhi kammadāyādo kammayoni kammabandhu kammapatisarano, Yam kammam karissāmi kalyānam vā tassa dāyādo bhavissāmiti.1 Dark flickered to light May be not the last bus to home Phone Thant Khant 1. From A Guide To A Proper Buddhist Funeral မနက်ခင်း၊ မှာ
မကြားချင်ယောင်ဆောင်ထားတဲ့ နှိုးစက်သီချင်းသံကြား အိပ်မက်မူမူးကြားက ကယောင်ချောက်ခြားထ အိပ်ယာပြင်ကျယ်ထဲမှာသိမ်ငယ်ကျဥ်းကျပ်မွန်းသိပ်လိုအပ်တာ၊ ဘာမှ မသိသလိုမနက်ခင်းများ၊ ကော်ဖီဖျော်ပြီးသား……. အေးစက်စက်ရယ်၊ ကြော်ထားပြီးသား အငွေ့သေ ထမင်း၊ အဖြူရောင်ပေါ်မှာက ပြာဖျော့ဖျော့စာသား ကို သေချာပြန်နွှေးပြီးမှ စားနော် ခပ်သော့သော့လက်ရေးမှာ အချစ်ဆိုတာလေးက တရိပ်ရိပ်ပြေးနေတယ်၊ မနက်ခင်းဆိုပေမယ့် ဘုရားစူးမနက်ခင်းပေါ့.......... ကိုယ့်တစ်ကိုယ်ရည် မနက်ခင်း အရံသင့် အသုံးအဆောင်တွေရဖို့၊ ကြိုတင်ချေးယူနိုင်ဖို့၊ မနက်နိုးစလေးလောက်ပဲ အနားရတာတောင် ကိုက သူ့ကို မတွေ့ဖြစ်ပြန်ဘူး၊ ငယ်ငယ်သင်ပုန်းဖတ်စာလို စောစောထ၊ မျက်နှာသစ်၊ သွားတိုက်ပေါ့……………. ခဏနေရင် ကိုယ် လူသားမဟုတ်တော့သလို တရစပ်ရုန်းကြွပြိုလဲ……. ၀ါးပင်တွေကနေ စက္ကူစတွေ ခပ်ကျဲကျဲဖျော်ထွက်လာသလို ကိုယ့်စည်းကို တားလိုက်၊ ကိုယ့်ကျောကို ကာလိုက်နဲ့………… အပြုံးတွေရော ကြိုတင်ပေးထားခွင့်၊ ဓာတ်သင်ပုန်းက တစ်ချက်အသံထွက်ရင်း ချစ်သူကပြောတယ် i love u, :-* အသင့်ပြင်ထားပြီးသား ပေမယ့် အခါခါဖတ်ရင်း အားတွေပိုလာပြန်ရော… i also love you :-* သူ့အတွက်အားပေါ့…… လုပ်နေကိုင်နေကျပေမယ့် တစ်စီးနဲ့တစ်စီးမတူတော့ သေချာဂရုစိုက်ရတယ်၊ ရှဥ့်လည်း လျှောက်သာ၊ ပျားလည်းစွဲသာ၊ ကွန်ပျူတာစာလုံးတွေကို ကြည့်ရင်း၊ အချိန်းအချက်တွေကို သွားရင်း၊ လိုအပ်သည်များကို မှာကြားပြီး ပင်ပန်းမှုတွေကို အိမ်ပြန်မသယ်ဘဲ ထားခဲ့ချင်တယ်၊ အချိန်ရတော့ သူအားတန်ကောင်းရဲ့လို့ ဖုန်းဆက်ကြည့်တယ်…. သူပျော်သွားပုံပဲ……. ကို… သဲ.. ဒီနေ့စောစောပြန်ရောက်မယ်တဲ့… ကိုယ်လည်းပျော်တာပေါ့…. တစ်အိမ်တည်းနေရင်း… တစ်အိပ်ယာတည်းအိပ်ရင်း… တစ်ကမ္ဘာစီချစ်လွန်းလို့ ဝေးနေရတဲ့အခါ………. Sir, one of our fleet detained at ……….port, coz of………….. ကိုယ်စိတ်ကူးလေး… မီးပျက်အမှောင်ကျ…… သဲ… ကို နောက်ကျတော့မယ်၊ အလိုမကျပေမယ့် အသားကျနားလည်မှုနဲ့… ကို.. ချစ်တယ်… တဲ့ ဒီလိုနဲ့……………… ……………………….. တိတ်တဆိတ်နဲ့ ညအိပ်မီးရောင်လေးကို ဖွင့်ဖို့ပဲ…. သူမအိပ်မောကျနေပေါ့… တစ်နေ့တာ ပင်ပန်းထားသမျှမေ့ပြီး၊ ရောက်လုလု အားလပ်ရက်ကို မျှော်ပြီး၊ ကျွန်တော်… သူမကို နှိုးပြီး ကိုယ်ပြန်ရောက်ပြီလို့ ပြောမလို့ပါဘဲ… ဒါပေမယ့်……….. နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေသူလေးကို ဖွဖွညင်ညင်ငေးပြီး တိတ်တိတ်လေး လေ့ကျင်ထားသလို ခေါင်းအုံးအထိမသိလိုက်အောင် အိပ်ပျော်ကျ…. အိပ်မက်မမက်…. မကြာမီရက်မှာ အားလပ်လိမ့်မယ်တဲ့….. မိုးလေ၀သသတင်းလိုပဲ၊ ချစ်သူ့နဲ့ မျက်နှာစုံညီ စကားပြောခွင့်အတွက် ကြိုတင်ရင်ခုန်… မ၊ နက်၊ ခင်း၊ မှာ၊ ဘုန်း၊ သန့်၊ ခန့် missing innocence
yours’ I still searching till unbounded bounds slowly found malt in the name of sometime who lost self in culture not culture self maintenance far from the one shut mind, mind shank, shack up with god, shut up, sharp mind’s shabby got hippopotomonstrosesquipedaliophobia take supercalifragilisticexpialidocious shade of odd culture block blockage searching till sticky of boundaries sticky by egobound missing innocence tick phone thant khant off till tail tickle tidal tiara a titbit? an innocence? blank off culture? emergency generation? Phone thant khant? လမ်းက ထုံးတွေဖြူထားစေဦး
ဆုံးအောင်ဆက်လျှောက်တာပေါ့…. ၀တ်မှုန်ရယ်……….. ဘ၀၊ အိပ်မက်၊ မနက်ဖြန်၊ ဒီလိုစိတ်ကူးနဲ့ ဒီလိုအတိတ်နဲ့………. ဘယ်တော့လှဲမချဘူးဆိုတာနဲ့ပဲ………. တ၀ုန်းဖုန်းလဲကျလိုက်…. ရောက်သလောက်ဆက်လျှောက်လိုက်နဲ့…… ပြပြမြင်တော့ ပြင်းပြင်းပိုနှင်ရမယ်…. မြင့်မြင့်ဆက်လွှင်တော့………….. ရွက်တင်၊ တက်နှင်………….. ငယ်ငယ်က ဆိုနေကျ လှော်လှော်လှေကိုလှော်…….. မြစ်ကို စုန်ဆင်းမည်……..ပေါ့. စုန်မှမဟုတ်ပါဘူးကွယ်……… ဆန်ခိုက်မှာလည်း ပျော်ပျာ်ပါးပါး…….. တေးစုဆိုရင်း ပင်လယ်ကို ဆန်နင်းပစ်နိုင်ရမယ်….. ၀တ်မှုန်…….. ထုံးဖြူးထားစေဦး ဆန်နင်းပစ်နိုင်ရမယ်………… မရောက်လို့ကြွေကျရင်လည်း ဘာဖြစ်လည်း….. ထုံးတွေငုံပြီး…… လျှောက်သောသူတွေအတွက် လမ်းဖြစ်ပေးဝံ့ရဲ့…………………………………………….. ချို့တဲ့တဲ့လွယ်အိပ်လေး အကြောင်းကို စကားလုံးတွေနဲ့ဖော်ပြဖို့မစွမ်းသာ၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ပထမဆင့်အနေနဲ့ အနှစ်နှစ်စောင့်ထိန်းခဲ့တဲ့ မရှိမရှားစကားလုံးကို ၀ုန်းဆို ကန်ခွင်းပစ်လိုက်ပါ……မေမေ…… ကကြီးခခွေးအတွက် ပေးလိုက်ရတဲ့………… ဈေးက ရွှေအိုးမကခဲ့ပါဘူးလေ……….. ဘုန်းတော်ဘွဲ့ တပွေ့တပိုက်နဲ့ မင်းဘယ်သွား…… အနင်းခံဦးမှာလဲ……….. ငရဲပြည်မှာလည်း ကျွန်၊ နတ်ပြည်မှာလည်း ကျွန်၊ ဘယ်ဝိပါတ်တွေက ငါ့အပေါ်ထပ်ထပ်တက်လာကြသလဲ……… ၀တ်မှုန်……. မနက်ဖြန်၊ တကယ်လို့၊ မနက်ဖြန်၊ ကျွန်တော်သိပ်၊ လက်သိပ်ထိုး ကြေကွဲ၊ အိပ်မက်လေး၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သမိုင်းဦးဘုံမြေခေတ်၊ သမိုင်းဦးဘုံမြေခေတ်၊ သမိုင်းဦးဘုံမြေခေတ်၊ …………… မနက်ဖြန်၊….. ချစ်သူတိုင်း လက်လေးတွေ အခါခါကိုင်ပြီး………. မနက်ဖြန်…………. ဝေေ၀ရီရီ…………….. ငေး၊ ၀တ်မှုန်………… ကိုယ့်လက်လေးကို ကြည့်…….. မင်းမှတ်မိပါ့မလားကွယ်……. မေမေ့ရင်ရဲ့…. အဝေးကို တိမ်မျှင်စလို့လွင့်…….အေးအေးချမ်းချမ်းနေတတ်ချင်သူတွေကြမှ နေကသိပ်ပူ၊ ၀တ်နေကျ အ၀တ်စနဲ့အတူ ချွတ်ချလိုက်တော့မယ် အတ္တ၊ လက်ခုပ်သံမကြားရင်တောင် မှတ်တမ်းမှာ ကျန်လိမ့်မယ်၊ ဖေဖေ………. ဘယ်လိုအား၊ ဘယ်လိုအင်တွေနဲ့ ထူထကြမလဲ……… အားလုံးလဲကျသွားရင်တောင် ကျွန်တော်ဆက်ရပ်နေဦးမှာပါ………. ခေါင်းလည်း မငုံ့ဘူး၊ လက်လည်း မမြှောက်ဘူး၊၊ ဟိုးမှာ……… ကြည့် တစ်ခါက ရွှေထီးဟောင်း၊ ချနင်းပစ်လိုက်ပြီ၊ သူတွေတို့က ဟောမယ့်ပြောမယ့် ဆပ်ပြာပူဖောင်းတွေလောက်နဲ့……. မာန်တက်ထ မယောင်တော့ပါဘူးလေ၊ တကယ့်တကယ်လို့ မပြောပေမယ့်…… ကိုယ်တို့လက်နဲ့ ယူမှရမယ့် မနက်ဖြန်ပါ…… ဘယ်တစ်ဦးတစ်ယောက်ကမှ ဆောင်နှင်းမအပ်နိုင်တဲ့ သရဖူ…… ၀တ်မှုန် ကိုယ်တို့ လက်တွေနဲ့ ခူးယူရမယ်ကွယ့်၊ မသင်လို့ မသိ၊ မမြင်လို့ မကြည့်မိဖူးတော့ တစ်ချို့ ပေါက်ပန်းတွေကို ပါဠိနင်ပညာရှိတွေက မကြည်သလိုကြည့်ခဲ့တာ မဆန်းပါဘူး၊ သစ်လွင်ဖျပ်လတ်တဲ့ လေညင်းရနံက ကိုယ်တို့ကို လမ်းပြပါလိမ့်မယ်…. ပေဖြစ်ချိန်မှာ ပေ၊ တူဖြစ်ချိန်မှာ တူ၊ ကိုယ်တို့ကျရာ ဖူးချိန်ဝေချိန်တွေမှာ ကြည်ကြည်လွင်လွင် အလင်းဆုံး ပွင့်ပြကြရုံပေါ့၊ ရုံပေါ့ပေါ့မှာ ပြတဲ့ဇာတ်ကားတွေထဲကလို အထိုးအကြိတ်တွေ၊ ထန်းရည်ခွက်တွေ မပါတော့တာ ကြာလှနေတဲ့ ကျေးလက်အကြောင်းကို ချစ်သူကို ခေါ်ပြချင်ပါသေးတယ်၊ ၀မ်းနည်းစရာလို့ အမယ်အိုမြင်နေတဲ့ တဲအိုထောက်ယိုင်လေးဆီကို သူ့မြေးလေး…… အသိပညာတပွေ့တပိုက်နဲ့ စည်းကျနည်းကျ ပြန်လာချိန်မှာ ပြုံးလိမ့်မယ့် အချိန်ကို မနက်ဖြန်…….၊ မနေ့က၊ ထွန်တုံးထွန်တံချပြီး၊ မေမေ့ရင်ကို ဦးတိုက်ချ ထွက်လာခဲ့တဲ့ရက်၊ ဆည်းလည်းသံချွင်ရရွင်ကို လွမ်းလုလုဝေးဝေးနှင်ခဲ့ရက်၊ မနက်ဖြန်မှာ…….. ကုန်ဆုံးတော့မယ်တဲ့……၊ ၀တ်မှုန်……. လမ်းကြုံရင်….. အမယ်အိုကို ပြောပေးလိုက်ပါဦးနော်၊ ဘယ်ရထားမှ မရပ်တာကြာတဲ့ ဘူတာအိုလေး စည်ကားတော့မယ့်အကြောင်း၊ သူတို့ရွာရဲ့ ငယ်သူရွယ်သူတွေ မနက်ဖြန်မှာ သိလာတတ်လာပြီး ပြန်လာတော့မယ့်အကြောင်း၊ ၀တ်မှုန်……….. မေမေ့အိမ်ကို လွမ်းတယ်ဆိုတာထက် ပိုတဲ့အကြောင်းတွေ၊ ဟသာင်္ကိုးသောင်းပျက်ရတဲ့အကြောင်းတွေ၊ ရွှေလို့အယောင်ဆောင်နေတဲ့ ကြေးပျက်တွေအကြောင်းတွေ၊ လူငယ်တွေကို လက်ညှိုး ငေါက်ငေါက်ထိုးပြီးမှ အသက်ပဲ ကြီးလာသူတွေအကြောင်း၊ တံတားလိုခင်းပေးတတ်တဲ့ လူအဟောင်းနဲ့ အိပ်မက်သစ်ဝတ်သူတွေအကြောင်း၊ ကိုယ်တို့ကိုယ် ကိုယ်တို့ ကောင်းအောင် ကြိုးကုပ်၊ မနက်ဖြန်မှာ၊ မင်းကို ကို ချစ်တယ်ဆိုတာထက် ပိုတဲ့စကားတွေပြောချင်တယ်……… ၀တ်မှုန်၊ကိုယ်တို့ သိသလောက်မီသလောက်နဲ့ ဆောက်ထားတဲ့ အိပ်မက်လေး၊ မနက်ဖြန်မှာ…… မေမေ့…. ဆီ သားပြန်လာမှာပါ ဖေဖေ၊ ဖေဖေ……… သားဖတ်ဖူးလို့ သိပ်ကြိုက်လို့ မှတ်ထားတဲ့ စကားရှိတယ်။……..England is sick, and English Literature Must save it. ………….. ဖေဖေ… သားတို့ ခက်ခက်ခဲခဲ ရုန်းကန်ပြီး စာတွေ ရေးနေကြတယ်။ လမ်းက ထုံးဖြူးထားပြီးပြီပဲ မနက်ြဖန်မှာ ကွန်ကရစ်နဲ့ ပွင့်ပွင့်လင်းလင်း၊ ခိုင်ခိုင်မာမာ……… မနက်ဖြန်သူ၊ မနက်ဖြန်သားတွေကို မြင်ကြည့်မိလိုက်တာ၊ ဖေဖေ……… သင်ထားတဲ့ ပညာ၊ တတ်ထားတဲ့ ပညတ်၊ မနက်ဖြန်မှာ တည့်မတ်လာလိမ့်မယ်လို့ သားယုံနေပါတယ် ဖေဖေ၊ ဒဏ်ချက်ပရပွနဲ့ ခလုတ်ထိလဲကျတိုင်း ပြန်ပြန်ထ၀ံ့တာ ဖေဖေ့သွေးနဲ့သားမို့ပေါ့…. အဆင့်အဆင့်တိုးတက်လာပုံကို ဖေဖေပြောခဲ့သလို၊ သားခေတ်၊ သားရာစုနှစ်မှာ……. မီးလျှံငှက်မို့ သူတွေတို့ စုပုံရှို့လာသမျှက သားချိုးဖို့ မီးစက်မီးမွှားပေါ့ ကြည့်ထား…….. ငါက မနက်ဖြန်မှာ လင်းမယ့် လူသားသားတော်၊ သားရဲကောင်တို့ စုစုဝပ် ဒူးထောက်ဝပ်တွားစေ၊………………. ပင်လယ်အား……….. ငါတို့ဖြတ်ကူးအံ့…………………….. ဘုန်းသန့်ခန့် 184216FEB12PNG+10 _
ပွဲတော်ည ကောင်လေးတစ်ယောက် ငြိမ်ငြိမ်လေး ကုပ်ကုပ်ထိုင်နေတယ်။ သူ့ဘေးမှာ မီးအိမ်လေးတစ်လုံး… တစ်စုံတစ်ယောက်ကို မျှော်နေဟန်နဲ့။ ဘယ်လဘယ်ရက်လို့ အတိအကျ သမိုင်းမှာ မရေးထားပေမဲ့ အဲဒီညမှာ နှင်းတွေက ချမ်းချမ်းတုန်နေခဲ့ပုံပါပဲ။ အနွေးအင်္ကျီလေးဝတ်ထားပေမဲ့ မနွေးဘူး။ တစ်စိမ့်စိမ့်တွေးလေချမ်းလေ… ကိုယ်က တစ်ယောက်တည်းပြုံးပြနေပေမဲ့ သူက ဒိုင်လူကြီးဆန်ဆန်ပြန်ပြုံးပြနေတဲ့ လရောင်ညပေါ့…….။ ဘယ်သူသတ်မှတ်လိုက်မှန်းမသိတဲ့ အချိန်ကာလတွေကို သူ မတွေးတဲ့အကြောင်း၊ သူမ တွေးတဲ့အကြောင်းမှာ သူ့အကြောင်း မပါတဲ့အကြောင်း၊ နှင်းတွေက အေးစက်တယ်။ အပေါ်ယံလွှာသာ မာကျောနေတဲ့ ရေခဲမြစ်တွေအကြောင်းကို ပြန်ဖတ်ကြည့်ဖို့ လိုလေမလား။ လရောင်က ညပေါ်မှာ ရက်ရက်စက်စက် ဖြာကျနေပုံများ…….. ခရီးတစ်ထောက်နားနေတဲ့ ကောင်လေးတစ်ယောက်တောင် ကုပ်ကုပ်လေး ထိုင်နေ ရတယ်….။ ငါ့ကို ယဇ်ပူဇော်တဲ့ ပွဲတော်ည…. အဲ့လိုပဲ ကောင်လေးတွေးနေလိမ့်မယ်။ ဆုတောင်းစာ တစ်စုံတစ်ပွင့်ကို တိုင်တည်၏။ ငါ့၌ မှန်သော စောင့်စားခြင်း၊ မြဲသော စောင့်စည်းခြင်း ရှိခဲ့ပါသည်။ အဘယ့်သို့သော လမိုက်က ညကို ခြောက်ကပ်စေခဲ့သနည်း။ မရှိသော အလင်းနှင့် လဲ့ယောင်ဆောင်ခြင်းကို သိမ်းပါ။ မှန်အိမ်လေးကို မီးစာလင်းလင်းထွန်း၍ သင့်ကိုသာ ပေးလိုပါသည်။ အဘယ်သို့သော ပျော်ရွှင်ခြင်းကို သင်လိုချင်ခဲ့သနည်း။ ငါ့ကို ငို၍၊ သူ့ကို ပြုံးပြခြင်းတို့ကို သိမ်းပါ။ အဘယ်သို့သော ပျော်ရွှင်မှုကို မျှော်ရည်ခဲ့သနည်း။ ရေ၌ချသော်လည်း ရေပွက်ကျန်လိမ့်မည်။ လေ၌လွင့်သော်လည်း လေနံ့ကျန်လိမ့်မည်။ ဟောင်းသော အယူအစွဲကို ချွတ်၍ ငါ့ထံသို့ ၀င်လာပါရန် ဆုတောင်းပါ၏။ သို့မဟုတ် …. မိန့်မှာပါသည်။ ငါ့ပုံရိပ်ဖယ်၍ ခဏတာလွှင့်ခဲ့သော်လည်း အသင့်ကိုမမေ့…. ငါ့ကို ငြောင်းစူ၍ မူဟန်ပြောင်းနုခဲ့သော်လည်း အသင့်ကိုမမေ့… ငါကား အတောင်နှစ်ဆယ်ဝတ်၏။ သို့ကြောင့်ပင်လျှင် ၀န်တာကို မညီးသယ်ဖို့ ကြိုးကုပ်ပါမည်… ဟောင်းသော မူကျင့်ရာတို့ကို ပြင်ကာ လှမ်းလာပါရန် ဆုတောင်းပါ၏။ ဘယ်သူရေးခဲ့မှန်းမသိသော စာသားတို့က လေ၌ပျံ့နေသည်။ ကောင်လေး ဖတ်လျှင်မျက်ရည်ကျတော့မည်။ နားမလည်သော်လည်း သဘောပေါက်ခဲ့၏။ သူ့၌ ထိုသို့ခွင့်လွှတ်ပေးစရာပင်မရှိခဲ့။ ညက လှလိုသော်လည်း လရောင်ကြောင့် အကျည်းတန်သည်။ သူ့မှာ မှန်အိမ်လေးရှိ၏။ မည်သူ့အတွက်ထွန်းပေးရမည်နည်း။ ပြဇတ် လူတစ်ယေက် စင်ပေါ်တက်လာ၊ နောက်တစ်ယောက်တက်လာ၊ ပြီးတော့ ပြန်ဆင်း… ဒီလိုနဲ့ပဲ မိုးလင်းခဲ့ပြန်ပေါ့….. မေမေ…. ဇတ်ပွဲတွေကို မုန်းတယ်။ ပြီးတော့ …. အဲ့ဒီဇတ်တွေရဲ့ နောက်ခံ လရောင်ကိုလည်း မုန်းတယ်…မေမေ။ သားရဲ့………….. မီးအိမ်လေး……………… ဘယ်လိုများမှ ….င်းမလဲ…… တစ်ခုခုတော့ လိုနေခဲ့ပေါ့လေ။ လမ်းမ နံရံတစ်ခုထက်ကို စိတ်ပါလက်ပါ ရေးချလိုက်တာပါပဲ…. ပုံစံမျိုးစုံနဲ့လှပလို့… ဂရပ်ဖစ်တီလို့ ရေးပြရင် သူ မဖတ်တတ်ပြန်ဘူးလေ။ ရယ်ရတယ်။ တံတားကြီးတစ်ခုပေါ်မှာ ထိုင်ပြီး အပေါင်းအသင်း ဘ၀တူတွေနဲ့ ရောက်မိတတ်ရာပြော လောကဟာ ပြည့်စုံသလိုနဲ့… ဟာတာတာ။ ကျွန်တော် ရယ်သံလေးတစ်ခုကိုများ တမ်းတနေတာလား။ နောက်တစ်နေ့အစီအစဉ် မနက်ဖြန်မီးမပျက်ရင်တော့… သူ အိမ်ထဲမှာပဲ ကုပ်ကုပ်လေး မျှော်နေတော့မယ်တဲ့….. ကောင်လေးတစ်ယောက်တည်း…. ဟောဟိုးမှာ……….. ဘုန်းသန့်ခန့် __
Due to explosion of times, someone sitting slowness lonely in a little dream, too salty, of course. There' …… I love you more than love itself. i Can’t be win, rain, even the bloody god so, so……. The word impossible scattered in my dictionary But I love you more than love itself. The majesty of flawless uncertainties: Schedule The Liar lie itself even The god himself can’t help for thus, Ok, Seven Sea, let celebrate the party for lateness Of me, all hands stand by, Frisch weht der Wind Der Heimat zu.1 Oed’ und leer das Meer.2 Hay mate, who known as god, Remove thee to yonder place:3 There’re.. I love you more than love itself. Verily I say unto you, my love, I love you more than love itself. (But now, I can’t be the first Who say Happy birthday to you on Your birthday) MAY DAY, MAY DAY, man overboard! Nearly Foolish God try to suicide itself (due to so many holiday in painting on lives) AYE, FINISHED, beside I love you, my sweet. To my heart then you came. Nothing can separate us even the wind and tide, due to explosion of times,………. Phone Thant Khant 214506JAN12GMT+7 1. From “The Waste Land” by T. S. Eliot 2. From “The Waste Land” by T. S. Eliot 3. From Matthew 17:20
ဝတ်မှုန်………
တိတ်တိတ်လေး အထီးကျန်ဆန်တိုင်းမှာ မင်းကို ကိုယ့် အနားမှာ ရှိနေစေချင်ရဲ့…. တိမ်ပြာလဲ့တွေငေး ဘ၀ဆိုတာကို မတွေးဘဲ ခြေခင်းလက်ဆန့် အိပ်မက် တစ်စက်စက်ယိုစိမ့်ကျနေဆဲ အတွေးစစ၊ တမေ့တမော ရေးမပြတတ်သူအတွက် လွမ်းတယ်ဆိုတာ မြူဆိုင်းနေကျလမ်းကို ရနံ့မူးလျှောက်ရသလိုပါပဲ.. တင်းဆွဲစေ့ထားတဲ့ မျက်ဝန်းကလည်း မင်းပုံရိပ်ပဲမြင်၊ ထိတိုက်တိုးဝေ့ လာမယ့် လေအေးလျလျမှာလည်း မင်းဝတ်ရည်သွန်းဆစ်သ သလိုထင်ပြီး မင်းကို လွမ်းတဲ့ အတွေးကိုပဲ မင်းလို့ သတ်မှတ်ပြီး ထွေးသိမ်းဖက်ထားမိလိုက်တယ်၊ ဘ၀မှာ နက်လှိုက်နာကျင်စရာတွေ တွေ့ရင် ငါ ဘယ်လို ရင်ဆိုင်ဖြေသိမ့်ခဲ့လေသလဲ………. ကိုယ်မေ့နေပေါ့ …………၀တ်မှုန်ရယ်… မတော်တဲ့ ဘ၀ကို အတင်းစွတ်စီးထားရတာ……… တခါတခါ သိပ်ကို နံလှတယ်ကွယ် သင်ခဲ့တဲ့ ပညာ၊ တတ်ခဲ့တဲ့ ပညတ်၊ သုံးနေရတဲ့ ခန္ဓာ၊…………………. အဲ့ဒါကို ကာယလုပ်သားလို့ စကားလှအောင် စာမှာခေါ်တယ်၊ ကိုယ့်ပါးစပ်လည်း လေသေနတ်သံမြည်ရလွန်လို့ သွေ့ခြောက်နေပေါ့……. ၀တ်မှုန် ခြောက်…………ချောက်……… နောက်မှာ ဖျောက်ဆို ကြိုးကျ၊ ကျိုးကျ ရွက်တိုင်နဲ့ ရွက်ရဲ့ နောက်ဆုံးည၊ အိပ်မက်က မလှလောက်ဘူး…… လှမ်းလေဝေးလေ…………၊ ပြပြမြင်မှ ပြင်းပြင်းပိုလွင့်ရ………… လေးလံလာတဲ့ ခြေလှမ်း၊ တစ်ခါကဆို စာအုပ်လေးဖတ်၊ စာလုံးလေးတွေ သပ်သပ်ရပ်ရပ် စီစဉ်ခဲ့ဖူးတဲ့ရက် ပြပြမြင်မှ ပြင်းပြင်းပို လွှင့်ရ၊ …………………. လှိုင်းဆွဲအားကျနေတဲ့ ဖုန်းသံလို……… ……………………………………………….. …………………………………………….. ဧရီယာ…….. မရှိတဲ့ ဆီက ………… လေညင်းခေါ်တာကို ပန်းငယ်မကြားသလို၊ ၀တ်မှုန်….. ကိုယ့်စကားဖျော့ဖျော့တွေကို မင်းမကြားခဲ့ပါဘူးလေ……….. မျက်နှာဖုံးအသစ်၊ စာအုပ်အဟောင်း၊ စကားလုံးတွေတောင် မပြောင်းခဲ့ပါဘူး…….. ဘ၀က ဖတ်ရတာမကောင်းဘူးကွာ…. ၀တ်မှုန်………. ကို့ကို တစ်ခုဖြစ်ဖြစ်ပြောပါ………. ဘာလုပ်လုပ် ထစ်ငေါ့နေတဲ့ နေ့တွေမှာ၊ ဘယ်လို ပြုံးပြပြ မရတော့လောက်တဲ့ ရက်တွေမှာ ဘယ်လို ရပ်တည်စွမ်းနဲ့ ဆက်နှင်မလဲ………… ကိုယ့် တက်တွေ ဓားရာပွပေရေ…….. ၀တ်မှုန်ရေ………… မင်းရှိရာအရပ်ကို မှန်းရည်လွမ်းစိမ့် တသိမ့်သိမ့် ဖြေစရာတောင် စက္ကန့်တံတွေက ကိုယ့်ကို မမောင်းတော့နိုင်ဘူး………. မိုးဆီလက်ဆန့်ပြီး တောင်းခဲ့တဲ့ ဆုတွေလည်း မြေမှာ ပျံကျပုံ အလုံးစုံစုံကို ဥပေက္ခာပြုထားပြီး တစ်နေ့မှာ ရုန်းပျံတက်နိုင်မယ်ဆိုကို ယုံထားပေးပါ…….. ယုံထားပေးပေါ့… ၀တ်မှုန်……………. မာရည်ကျောရည်ဖြစ်လာတဲ့ လက်ရယ်၊ ဖိနပ်ပေါက်ထားတဲ့ ခြေတစ်စုံရယ်……… မျှော်သူမောမယ့် အိပ်မက်ကို မင်းတစ်ယောက်ဆက်မက်ရဲမယ်ဆို အလွမ်းတွေကို ကိုယ့်ကိုယ်စားဆက်ထွေးထားနှင့်ပါဦးနော်…………. ချမ်းနေရှာရော့မယ့် မနက်ဖြန်ကိုလည်း ကိုယ်တို့အကြောင်း ပြောပြထားနှင့်ပေါ့………. သူတို့နားလည်ပါလိမ့်မယ်ကွယ်…………. လိပ်ပြာလေးတွေလူးလားကူးတာကို အသည်းအသန်ကာကွယ်ရင်း အသက်ပေးသွားတဲ့ လေညင်းသည်းသည်းအကြောင်း…. ပန်းလေးတစ်ပွင့်မသိလိုက်သလို………….. သူတို့ နားလည် နိုင်ပါလိမ့်မယ်…. ဘယ်လိုပဲ လင်းလာလဲ့လာ…………. မနက်နေခြည်မှာ သူတို့ နားလည် ပါလိမ့်မယ်………. တစ်ကနေ တစ်ဆယ်မကူးရေခင်မှာပဲ ဘုံးဘုံးလဲချပေးဖို့ စဉ်းစားမိပါရဲ့….. ရေလောင်းပေါင်းသင်ရာ ယာမြေလေးကို စက္ကူဘီးလူးနဲ့ စီးပိုးဖို့ရာ စစ်ဆင်လာရင် ……….. ဘုံးဘုံးလဲချပေးဖို့ စဉ်းစားမိပါရဲ့………. ဒါပေမယ့် ခက်လှပါရဲ့………. ၀တ်မှုန်ငယ် ဖိနပ်ငယ်ငယ်လေးစီးထားရစဉ်ကတောင် အိပ်မက်ကြီးကြီး မက်ခဲ့တဲ့ကောင်လေး ဘုန်းဟုန်းတောက်ပြ ပစ်လိမ့်မယ်………. ကြည့်နေ ………. ဘုန်းဟုန်တောက်ပြ ပါလိမ့်မယ်…… သင်ပုန်းပေါ်မှာ ရေးပြလိုက်၊ ကိုယ်တို့တွေက ပြန်ကူးလိုက်နဲ့ သိပ်ကို မိုက်ခဲ့မိတဲ့ ရက်နဲ့လတွေကို ဖြစ်နိုင်ရင် ပြန်ပြောပေးကြပါဦး……….. ငါတို့လောကကို သင်ပုန်းကျောက်တွေက သမားခံပြီး စတင်တိုက်စားနေပြီဆိုတာ……..၊ စဉ်းနှီးတုံးတွေ၊ ပုပ်အိုဟောင်းယိုစုံတွေ၊ ………. အိပ်မက်အသစ်စနေတုန်းမှာ ရေစုံမီးစုံသုံးပြီး ရုန်းထွက်ကြမယ်လို့…………… မြေပေါ်ဒူးထောက်ပြီး တောင်းခဲ့တဲ့ဆုတွေ………၊ တေလေပါးစပ်က တရစပ်ထွက်ကျနေဆဲ နတ်စကားသံကို ပန်းတစ်စကမကြား တေလေတစ်ဆူခမြာ ပေတစ်ရာလမ်းမထက်မှာ ဧကရဇ်ထိုင်ထိုင် ခြေပစ်လက်ပစ်ငိုင်နေရတာ မောတယ်………. ၀တ်မှုန်ရယ်၊ ကိုယ်ခေါ်နေတဲ့ အသံကို မင်းမကြားခဲ့ ပါဘူးလေ……….. ကိုယ့်ကို ချစ်တယ်ပြောပြီး အရာရာကို မလေးစား၊ မလိုက်နာ………. အင်းလေ မတူညီတဲ့ ကမ်းတစ်ဖက်စီမှာ ရပ်နေရင်းကတောင် တစ်ယောက်က မိုးယံတိမ်ကြားမှာ တစ်ယောက်က မြေပြင်လယ်ခေါင်မှာ တစ်ခါက ကိုယ်ပြောဖူးသလိုပေါ့ ပျော်တော့ ပျော်ခဲ့ကြတာပါပဲလေ……. ၀တ်မှုန်………… လွယ်အိတ်လေး ပုခုံးပေါ်တင်ထားစဉ်တုန်းက ဘ၀တူ သူငယ်ချင်းတွေနဲ့ ငြင်းခုန်ဖူးခဲ့သလိုပေါ့…. မတူညီတဲ့ ဆုံမှတ်တွေကို တစ်နေရာဆီမှာ ရအောင် ဆုံရမယ်လို့ လောကကိုပါ ကိုယ် ဒိုင်ခံပြန်ငြင်းနေဦးမယ်၊ အဆုံးစွန်းထိ လျှော့ပေးလိုက်၊ အနီးလွန်ထိ ဆွဲယူလိုက်နဲ့ ပိုးကြိုးတွေလည်း စောင်းသံစုံခဲ့ပြီပဲလေ……… အရွယ်ရောက်လာတဲ့ ညောင်ပင်ပျိုရဲ့ ထိုးခွဲထွင်းလှိုက်ပစ်ခံရဆဲမှာကို တောင်ပို့အိုက အပြုံးမပျက်သလို ကိုယ်တတ်သမျှမှတ်သမျှနဲ့ ဆက်ပြုံးပြနေပါဦးမယ်……… ၀တ်မှုန်ငယ်၊ ကိုယ်မက်မောဖူးတဲ့ မျက်ဝန်းလေးမှာ အမည်းရောင်အပေါ်ယံတွေ စတင်အုပ်စိုးနေစ ကိုလိုနီနယ်မြေကနေ ပြန်ကြရတော့မယ့် အသားကျစွန့်ဦးသူတစ်ယောက် တစ်တိတိလျော့ကျနေဆဲ တစ်ခါကရဲအောင်လံဆီ မျက်ဝန်းရည်တွေကြားက အားယူကြည့်နေသလိုပေါ့လေ………. သူက ယာစိုက်သူ၊ သူက ပျိုးထောင်သူ၊ အဝေးဆီက ဥသြသံကို မကြားယောင်ပြုပြီး…….. ဒီလိုပဲ ကိုယ်တို့ ဆက်လွမ်းနေကြရဦးမယ်………….၊ စက္ကူဘီးလူးရဲ့ အိပ်မက်ဦးခူးသံကို မကြားဝံ့မနာသာ ဆက်ခံရင်း ကိုယ့်ဘ၀ရဲ့ တန်ဖိုးအင်္သချေယျ ရက်နှစ်လတွေကို သူ့ထံဆက်ကပ်ရဦးမှာပေါ့လေ……… တွန့်တွန့်တိုတိုပေးတဲ့ နဖူးလွှာပေရွက်တွေကို အဲဒီစက္ကူဘီးလူးရှေ့မှာ ကိုယ့်တို့နှစ်ယောက်ဘ၀အတွက် ရာဇမာန်ချ ဒူးထောက်ယူလိုက်ကတည်းက ငါတို့နှစ်ပါး ရက်ပေါင်းခုနှစ်ရာမကဝေးခဲ့ကြရရဲ့……….. သိပ်ကို မတန်လိုက်ပေမယ့် မနက်ဖြန်ဆိုတာကို ယုံပြီး ကိုယ်တို့ဆက်နှင်ရဦးမယ်……… မတူညီတာတွေကို ညီမျှပြီး၊ တူညီမှုတွေကို ဝေယူ………. ရှေးချစ်သူအဆူဆူတွေလိုပေါ့ တစ်ယောက်အစာရှာထွက်ခိုက်၊ တစ်ဦးက မီးပုံလေးဖိုထားရင်း၊ တစ်ပွင့်က လွင်ရင်၊ တစ်ပွင့်က လဲ့ရင်း၊ ဒီလိုပဲပေါ့…….. ချစ်သူရယ်…… ဗီးနပ်စ်ကြယ်ကို ညနေရီမှာ တစ်ခါ၊ မနက်ဦးယံမှာ တစ်ခါ ကိုယ်တို့မြင်ရမယ်ဆိုတာ သေချာသိသလို မနက်ဖြန်ဆီမှာ အတူလက်တွဲလို့ နွဲရမယ့် ပွဲတော်တစ်ခုအကြောင်းကို တွေးပြီး ကိုယ်စီ………. တိတ်တိတ်လေး အထီးကျန်ဆန်တိုင်းမှာ အလွမ်းတွေကို ကိုယ်စားရည် ထွေးပွေ့………. ငါတို့ နွေးနေကြဦးစို့……….. ၀တ်မှုန်……….. ငါတို့ နွေးနေကြပါဦးစို့……….. ချစ်သူငယ်……… တိတ်တိတ်လေး အထီးကျန်လာရင်၊ တိုးတိုးလေး တမ်းတလိုက်ပေါ့….. ဖွဖွလေး ……………………….. ကို…………. ဘုန်းသန့်ခန့် P0245DEC11FIJI+13 |
Author
|


RSS Feed