|
ကျွန်တော်မျှော်လင့်ဖူးခဲ့တယ်……
ဘယ်တော့မှမဖြစ်နိုင်ပါဘူးလို့လေ…… အိပ်မက်တွေအကြောင်းကိုအိပ်မက်မက်သူပဲသိနိုင်တာကို ဖော့ဖော့လေးမေ့နေခိုက်တုန်းပေါ့၊ သုတ်သုတ်ပြာပြာနိုးထတော့ဘယ်သူမဆို အိပ်မက်လေးကိုမေ့.. မဆန်းပါဘူးလေ…….၊ နောက်တစ်ခါမဖြစ်စေရဘူးလို့ ကမ္ဗည်းထိုးထားတဲ့အိပ်ယာဝင်အတွေးလည်း ညဆိုအိပ်မက်ဆက်ဆက်မက်မက်တိုးရင်း ဖွဖွလေးယုယပေးချင်တာ……ဘယ်တော့မှ မနာကျင်စေလိုတော့လည်းရင်ကွဲနေသူကို ချွေးသိပ်မှုထပ်ပိုပေးခဲ့မှာပါ…… ထပ်ပြီး မနာကျင်စေလိုပါဘူးကွယ်………ရှုံးခဲ့သမျှတွေကို ပြန်ပြီး ဒီပွဲမှာအတိုးချအနိုင်ယူလိုက်ပါ၊ ခွင့်လွှတ်ပေးနေရင်း…………ခွင့်လွှတ်စကားတွေကို ရှောင်ပြေးသူဆီကိုလှမ်းငေးနေမိရင်……. ဘေးမှာလေ တိတ်တိတ်လေးရပ်ပေးနေမိမယ့်တိုးတိုးလေးအိပ်မက် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားရင်လည်းမသိနိုင်တော့ပြန်ဘူးလေ……. အရာအားလုံးကိုမေ့ရင်း….. အိပ်မက်မက်သူက အိပ်မက်ထဲမှာပါပေမယ့်၊ ပါဝင်သူက မသိတော့.. အိပ်မက်ဆိုတာတစ်ခါခါက သိပ်ခက်တဲ့အကြောင်းသီချင်းလား၊ ၀ါးနေတဲ့မျက်မှန်ကိုသေချာသုတ်သင်ပြီးလည်း ဝေနေဆဲပါပဲလေ……. မြူနှင်းတွေလိုပဲအရာရာက အိပ်မက် ဝေနေဆဲပါပဲလေအရင်က ဝေနေတဲ့ချယ်ရီတွေတောင် ဖွားကနဲကြွေ…….ဆောင်းက အေးသလိုအေးတယ်၊ လက်ကို ဆန့်တန်းရင်းတောင်းနေတဲ့ ထမင်းဆီဆမ်းကို အိပ်မက်ထဲမှရသလို၊ အရာရာကို လက်ဖြန့်တောင်းမှ ရမယ့် အိပ်မက်…..လက်ဆန့်တောင်းရင်း ကြွေတယ်….. ငယ်ငယ်က အိပ်မက်၊ကျောင်းသားဘ၀ အိပ်မက်၊ အလုပ်ဝင်စအိပ်မက်၊ အလုပ်ဝင်တုန်း အိပ်မက်၊ အသက်ကပြောင်းပေမယ့်အိပ်မက်က မဟောင်းဘူး၊ ထပ်ပြီး မနာကျင်ချင်ပေမယ့်လည်းအိပ်မက်က နိုးတော့ တ၀က်တပျက်နဲ့ ထပ်ပြီး မနာကျင်စေချင်သူ………သံသရာက တစ်ပတ်လည်မလိုဟန်နဲ့ သူ့ကိုသူမသိတဲ့အိပ်မက်ဝင်ကျမ်းက အဝေးခြေကို လှမ်းစပေါ့…….. အိပ်မက်ကိုဖတ်ရင်း၊ အိပ်မက်ကို ချစ်သူက၊ အိပ်မက်မှာ ပါသူလေးကို သူ့ကိုသူမသိတဲ့အိပ်မက်ဝင်ကျမ်းက သံသရာကို တစ်ပတ်လည်စေမလို အစစ၊ အရာရာတူညီနေပြန်ပေါ့….. ညဆိုအိပ်မက်ဆက်ဆက်မက်မက်တိုးရင်း ဖွဖွလေးယုယပေးချင်တာ……ဘယ်တော့မှ မနာကျင်စေလိုတော့လည်းရင်ကွဲနေသူကို ချွေးသိပ်မှုထပ်ပိုပေးခဲ့မှာပါ…… ထပ်ပြီး မနာကျင်စေလိုပါဘူးကွယ်………ရှုံးခဲ့သမျှတွေကို ပြန်ပြီး ဒီပွဲမှာအတိုးချအနိုင်ယူလိုက်ပါ၊ ခွင့်လွှတ်စကားတွေကိုမကြားသူကိုလည်း ခွင့်လွှတ်ရင်း…….. ခွင့်လွှတ်စကားတွေမကြားဖူးသူကလည်း ခွင့်လွှတ်ပေးလိုက်ပါ့မယ်……. အိပ်မက်ဆိုတာအိပ်မက်မက်သူအတွက်တော့ အမှန်တရား၊ ယုံကြည်ချက်၊ ဆက်လက်ဆွဲကိုင်ရင်း……..သီချင်းတစ်ပုဒ်ဆုံးတဲ့အခါ ဒီသီချင်းကိုပဲခံစားမှုအသစ်နဲ့ ပြန်နားဆင်မိနေတဲ့အခါ လူက အဟောင်း၊အိပ်မက်လည်း အဟောင်း အိပ်ယာတွေပဲပြောင်းသွားပြီ…………. အိပ်မက်ဝင်ကျမ်းချက်၊အိပ်မက်သူက တသသတပ်မက်နေတုန်းမို့ ကျွန်တော်မျှော်လင့်ဖူးခဲ့တယ်…… ဘယ်တော့မှမဖြစ်နိုင်ပါဘူးလို့လေ…… အိပ်မက်တွေအကြောင်းကိုအိပ်မက်မက်သူပဲသိနိုင်တာကို ဖော့ဖော့လေးမေ့နေခိုက်တုန်းပေါ့၊ မနက်နိုးတော့ခေါင်းအုံးလေးကို ဖက်ထားရင်း လွမ်းမိတယ်၊အိပ်မက်လေးကိုလား၊ အိပ်မက်ထဲကိုလား၊ အိပ်မက်မက်သူကအိပ်မက်ကို လွမ်းတယ်…… နေ့စွဲတွေ၊တရိပ်ရိပ်တိုးလာရင်းမှ တတိတိလျော့မသွားအောင်……….. ဇတ်ပြန်သတ်ထားရင်းကအတင်းရုန်းကန်နေဆဲ အိပ်မက်လိုနေ့တွေ နောက်…..ဥပေက္ခာပြုထားမိဆဲ ဖုန်းသံတွေ…… ဟန်လုပ်ထားတဲ့တေးနဲ့၊ အသက်ရှုသံစည်းချက် လွဲလုဝင်လုတွေ အိပ်မက်လိုနေ့တွေ……..လက်ချောင်းတွေနဲ့ဆုပ်ထားပေမယ့် အဝေးကြီးလွင့်သွားလိုက်၊အတင်းပြန်ဆွဲယူလိုက်နဲ့ ဝေးဝေးမသွားဖို့၊ထပ်ပြီး မနာကျင်စေဖို့၊ ဘယ်တော့မှ ထပ်မခွဲရဖို့၊ ဇတ်ပြန်သတ်ထားရင်းကရုန်းလုကန်လု အိပ်မက်က ဝေးသွားလိုက်၊ အသိစိတ်တွေကိုပြန်ရှာဖွေရင်းမှာ အိပ်မက်က နီးလာလိုက်၊ ဝေးသွားလိုက်၊ အိပ်မက်မက်သူတွေကိုအိပ်မက်က ချော့မြူရင်း….. ချော့မြူရင်းကအိပ်မက်ကို ပြန်ဖမ်းဆုပ်ထားရင်း………… ဘယ်တော့မှနောက်ထပ်မနာကျင်စေဖို့……. ဘယ်တော့မှ ဝေးမသွားဖို့ အလန့်တကြားပြန်ဖမ်းဆုပ်ထားရင်း…..ဇတ်ပြန်သတ်ထားရင်းက …. အိပ်မက်ကဝေးစေလိုက်၊ နီးစေလိုက်၊ မနက်ခင်းရောက်မှာကို ကြောက်သလို၊ မနက်ခင်းရောက်မှကိုဖြစ်မလိုလို၊ အသက်ရှုသံတွေကို ဇတ်သတ်မရသလို၊ ကြောက်ကြောက်လန့်လန့်အော်ဟစ်ရမှာလား၊တိတ်တိတ်လေး ငိုညည်းရမှာလား၊ အိပ်မက်ကဝေစေ၀ါးစေ…. ချယ်ရီတွေနဲ့ ဆောင်းက ဝေနေသလို ချမ်းလာရင်းကမှပြန်လည်နွေးထွေးလာရင်း၊ အတင်းဆွဲထားမှ နွေးတော့မလိုလို၊ အိပ်မက်ကတွေစေဝေစေ……. ဇာတ်တိုက်မထားပေမယ့် အိပ်မက်က တည်ငြိမ်နေသလား… တည်ငြိမ်နေသလိုအိပ်မက်လား…… သက်ပြင်းသံတွေချရင်း…. နိုးသွားမှာကို ကြောက်ရင်း မျက်လုံးလေးကိုပိတ်ပြီး၊ တ၀ုန်းဝုန်းတိုက်လာတဲ့ လှိုင်းတွေကို မခံနိုင်သလို အဝေးကို ပြေးမှာစိုးရင်းအတင်းဆွဲဖက်ထားရင်းက လွတ်သွားသလို၊ စိုးစိုးရွံ့ရွံ့ ဇတ်သတ်ဖို့ကို………အသက်ရှုသံတွေကို ပြန်ကြောက်ရင်း….. လည်ပတ်နေဆဲ သွေးတွေကပဲလှည့်ပတ်ပြေးထွက်နေသလို၊ အိပ်မက်က ထပ်တူလား၊ အိပ်မက်ကတူပြီလား၊ အိပ်မက်က ဝေးတုန်းလား၊………………. လား၊ မေးခွန်းတွေများနေလည်းအိပ်မက်ကလွဲရင် ဘာမှထွက်မလာပြန်ဘူး….. မျက်လုံးလေးကို ဖွဖွပိတ်စေရင်း… တဝေေ၀ရွာနေတဲ့သက်ပြင်းတွေကို ရှောင်ရှားရင်း၊ အသက်ရှုသံတွေကို မကြားသလိုလား၊ ရပ်တန့်နေသလိုလား…….နိုးသွားမှာကို စိုးစိုးရိမ်ရိမ်ဖြစ်ရင်း ပြန်ချော့သိပ်ဖို့လား၊ ဇတ်သတ်နေဆဲမှဆက်လက်ခုတ်မောင်းနေဆဲ သွေးကျောတွေကို လိုက်လံဖမ်းဆုပ်ရင်း………. အိပ်မက်ထဲကလိုလို၊အိပ်မက်၊ တရစပ်ပြေးလွှားလာရသလို၊ စိတ်ဆုံးဆုံးဖြတ်ဖြတ်ချဖို့၊ ဇတ်သတ်နေဆဲ……….ဇတ်သတ်နေဆဲ……..မနက်ခင်းနေခြည်ကို ကြောက်နေသလို….. ခွင့်လွှတ်ဖို့အတင်းတောင်းပန်ဖို့ဆက်လက်ဆွံ့အနေဆဲ အိပ်မက်……. မနက်လင်းမသွားဖို့ကို သွေးကျောတွေရုန်းထရင်း၊ဝေးသွားလိုက်၊ ချမ်းချမ်းစီးစီးဆောင်းတွင်းအေးအေးလို ဝေသွားလိုက်၊ အတင်းပြန်ဖမ်းဆုပ်ထားရင်း………….အသက်ရှုသံတွေကို ပြန်ဖမ်းရခက်သလို၊ အိပ်မက်ထဲထိ လိုက်လာတဲ့ သိစိတ်ကိုရှာဖွေရင်း၊ ဇတ်သတ်နေဆဲ……….. ဟော…… မနက်နိုးတော့………ကိုယ် ညတွေကိုပဲ ပြန်ရောက်ချင်နေရဲ့…….. အိပ်မက်လေးကိုလွမ်းရင်း………… တိတ်တိတ်လေးငြိမ်နေမိတယ်…………. အိပ်မက်ကတော့ဟောင်းပေမယ့် နှစ်နှစ်ခြိုက်ခြိုက်သစ်လို့…… နားထောင်နေကျတေးပေမယ့်ဘယ်တော့မှ မရိုးသွားသလို………… အိပ်မက်လေးရေ……………အိပ်ယာတွေပြောင်းပြီး………. ရွေ့လျှားနေတုန်းတောင် လွမ်းလို့………ဖြစ်နိုင်ရင် ငါ့ဆီလာပေးပါ……….. ဘယ်တော့မှ ရိုးသွားမယ့်တေးမှ မဟုတ်ဘဲ……. ကျွန်တော်မျှော်လင့်နေဦးမယ်…….. ဘုန်းသန့်ခန့် P013023DEC12-5GMT
0 Comments
Leave a Reply. |
Author
|


RSS Feed