|
နှင်းနုတွေက ဟူးဟူးမြည်ရင်း တောင်ပေါ်ဒေသလေးဆီ ခုန် ဆင်း နေ ကြ........ "မြန်မာမြင်းခင်းသဘင်လ"ရဲ့ လမင်းကြီးဝိုင်းပြီးနောက် တစ်ဆယ့်တစ်ရက်..... "အရှေ့တိုင်း လပြက္ခဒိန်"မှာ တတိယမြောက်နှစ်... "အီဂျစ်"တို၏ ပထမလ ... Appolo ကိုယ်စားပြုနေ့....... စက်နာရီ လေးချက်တီးကျော်..... မြူလွင်ဖူးတဲ့ မနက်ဦး.......... အဲဒီ သက္ကရဇ်ဆီကို မိုင်တိုင် နှစ်ဆယ့်နှစ်တိုင် ဖြတ်ပြီး လူငယ်တစ်ယောက် ပြန်ရောက်သွားတယ်။ ပန်းတွေကတော့ တစ်ဖူးပြီးတစ်ဖူးပွင့်လို့.... ရဲရဲနီသွေးစက်တွေတောင် မာန်ဆက်မဆူဝံ့ဘဲ ကြည်လွင်ဖြူပေးလိုက်ရပြီ.... ရွှေပလ္လင်မှာ စံမည့်သူလည်းပါမယ်။ လမ်းပေါ်မှာ ပျံမည့်သူလည်းပါမယ်။ ရဲရင့်တောက်မည့်သူလည်း ပါတယ်။ ပြဲပြဲကြောက်မည့်သူလည်းပါဦးမယ်။ အားလုံးဝိုင်းပြီးလင်းထားတဲ့အတွက်.... ပြဇတ်အဖွင့်သီချင်းတွေဟာ သိပ်တော့မရိုင်းခဲ့လောက်ပါဘူး။ အမှတ်(၇) ဘူတာလေးဟာ ပန္နတ် စပြီးထူနေပေါ့.......။ နောင်တစ်ခေတ်မှာ လင်းသင့်သလောက်လင်းနိုင်ပါစေ..........ညီ။ ဟိုးမှာ..... ပြကွက် (၁) မြေနီကွင်းပြင်ထက်မှာ ပုံလျှက်လဲကျနေတဲ့ မုန့်အိပ်ခွံလေးများ..... ခြေလှမ်းလေးတွေက မညှာမတာချန်ထားခဲ့တယ်။ ခြေဖ၀ါးလေးတစ်စုံသာ ရပ်တန့်အံကိုက်..... "လာ.......ဖြူလုံး........ငါနဲ့ .........အိမ်ထဲကိုပဲ ပြန်လိုက်ခဲ့တော့..." ပြကွက် (၂) သူ့ထက်ရှည်တဲ့ သစ်သားတုတ်ကြီးက ကြီးတောင့်ကြီးမားပေမဲ့ သူခေါ်တော့ပါလာတယ်။ သူ့ရှေ့မှာ ရပ်နေတဲ့ ၀လုံးတန်းရဲ့ အကြီးဆုံးကောင်ကြီးကတော့ "ဘာလဲဟ"ဆိုတဲ့ဟန်နဲ့... နောက်မှ သိသွားရှာတယ်....ငါ့ခေါင်းက သစ်သားပြားကြီးလောက် မမာပါလားဆိုတာ။။။။။။။။။။။။။။။ အနီစက်တွေ ရဲ့ဖြာ... "မင်း..နောက်..ငါ့ကို ဘယ်တော့မှ လာအနိုင်မကျင့်နဲ့။။" သူ့အရုပ်လေးကို အေးအေးဆေးဆေးပဲ သူပြန်ယူလာလိုက်တယ်။ ပြကွက်(၃) စာအုပ်တွေကြားမှာ ပိုးဟပ်တွေနဲ့ အပြိုင်ကူးခတ်မိချင်းမက ကူးခတ်တတ်လာတဲ့...လူကလေး... "ညီ..မင်းအခု လျှောက်လမ်းအမှတ် (၂၅)ကို ရှာတွေ့သွားပြီ" ပြကွက်(၄) ကြည်လွင်သွားတဲ့ လက်ချောင်းလေးတွေဟာ ပြကွက် (၁) နဲ့ (၂) ကို မီးရှို့ဖျက်သိမ်းလိုက်ပြီ။ "ဟုတ်တယ်ညီ။ ....ထည့်ထားသမျှ ထုတ်ချပစ်ခဲ့။သယ်ထားရင် လေးလံလှပါရဲ့.." ပြကွက်(၅) ၀ပ်ကျောင်းတံတိုင်းပေါ်မှာ၊ စေတီအို ရှေ့မှာ၊ ပလက်ဖောင်းထက်မှာ၊ တောင်ပေါ်ကွင်းပြင်မှာ... ရင်ငြိမ်းရာကို လေဟုန်နဲ့ရှာနေတဲ့...အဖြူအစိမ်းဝတ်စုံလေး.... "ညီ..မင်းကမင်းကိုယ်မင်း သိပ်မေ့ထားလွန်းတာကိုး.." ပြကွက် (၆) ပန်းပျိုးသူကောင်းတွေဟာ ရွံနွံဟောင်းတွေဖယ်ချပြီး ရင်သြဇာလောင်းကာ ပန်းတစ်ငုံကို ကောင်းကောင်းကြီး ပွင့်အာဖို့ အင်အားတွေပေးနေတယ်။ "ညီ...ဒီတံခါးကို ဘယ်လိုလက်တွေနဲ့ ခေါက်လေမလဲ။" ပြကွက် (၇) တံခါးတစ်ချပ်က ပွင့်ခဲ့ပြီးပြီ။နောက်ထပ်တံခါးချပ်များစွာက ဆီးကြိုလို့။ ....ဒီလိုနဲ့ပဲ ....ပတ္တမြားတွေ တဖြေးဖြေးပါးလာနေတဲ့မြေကနေ.....အရိုင်းတစ်ပွင့်...ဟာ ပင်လယ်အစုံစုံတို့သည် ၀င်္ကမ္ဘာ၀တ်စုံဖြင့် ကျွန်ုပ်ကို ကမ်းလင့်ကြိုချင်ကြိုနေပါလိမ့်မည်။တည့်တည့်လျှောက်မှ ရောက်မည့်လမ်းများကို မမြင်ဖူးချင်ပါ။စိတ်ကူးတည့်ရာသို့ လေလိုလွှင့်ပါမည်။ကြွေရက်ရော်လို မလွင့်ပါ။မရင့်ကျက်သေးကြောင်းသိနေလျှင် သွန်သင်ပေးပါ။ကျင့်သုံးကြည့်ပါမည်။ဘောင်မချပါနဲ့။မလိုက်နာနိုင်ပါ။လဲကျသွားလျှင်ကူ၍ ထူချင်မှထူပါ။မထနိုင်လို့နင်းချခဲ့ချင်လည်းနင်းချသွားပါ။ကျွန်တော်သည် အတ္တကို ရေခဲရိုက်မထားတတ်ပါ။iငယ်လွန်း၍ ထောင့်တွေမကျိုးသေးဟု မတွေးပါနှင့်။ကျွန်တော်သည် ခုနှစ်နားညီချင်ခဲ့သော ဗဟုဂံတစ်ခုသာ ဖြစ်ပါ၏။ "တောင်တန်းကြီးဖြစ်ပါရစေ"ဟု ဆုမတောင်းဖူးပါ။မြင့်မားမှု့၏စံကို နားမလည်ခဲ့သဖြင့် သူတစ်ပါး၏မြင့်မားမှု့များကိုလည်း ၀န်မတိုခဲ့ပါ။ဘာမှမသိသောလူဟူ၍ လောကတွင် ကိုယ်တစ်ဦးတည်းသာ ရှိပါသည်။လွင့်လူးရုန်းကန် ကိုယ့်ကြောင့်ဘယ်သူမှ ခဲမမှန်ခဲ့လျှင် နေပျော်ပါပြီ။မွေးဖွားစကတည်းက တစ်ကိုယ်ရည်တစ်ကာယဖြစ်ခဲ့ရသဖြင့် မကြောက်တတ်ခဲ့ပါ။မှောင်မိုက်ညများတွင်သာ အဝေးမြို့လေးကိုတမ်းတမိပါ၏။ အချိန်တန်၍ သီးကြပွင့်ကြသူတို့ကိုကြည့်၍ အံ့သြမိဖူးပါသည်။ထိုစဉ်ကမှု အချိန်မတန်သေးသော ကိုယ့်အဖြစ်ကို မသိတတ်သေးပါ။ညနေရီတစ်ခု၏ စက္ကန့်တစ်ချို့တွင် လွင့်လွင့်ေ၀၀ါးစွာ နှင့်ပင်နေကြည့်ခဲ့ပါ၏။ဘ၀တူအိပ်မက်များကို လဲလှယ်၊ ထိုင်နေကျလက်ဖက်ရည်ဆိုင်လေးသည် လှခဲ့ပါသည်။သို့သော် ထိုင်နေကျဆိုင်လေးထဲမှ ထိုင်နေကျဝိုင်းလေးတွင် ထိုင်နေမကျသူများ ထိုင်နေကျသွားကြသောအခါ .....။ကိုယ်တို့ စကားမဲ့လာကြတာလား....ကိုယ်သာစကားမဲ့ သွားရတာလား...... အိမ်ပေါ်ထက်မှ ညများတွင် ကောင်းကင်တော်ထဲတလွင့်လွင့်ဝဲနေသော ကြယ်ပွင့်မွှားမှုန်များကို ကြည့်ကာ စကားလုံးလေးများ တပွက်ပွက်ဆူမိလာသည်။မလှမ်းမီသော "လ" ကို ကြည့်ငေးကာ နံရံထက်တွေက Graffiti တွေနှင့်ပင် ဝေးကွာသွားခဲ့ပြီ။လမ်းပေါ်သို့ ခုန်ဆင်းထွက်လာမိသော်လည်း လမ်းပေါ်မှာ ပုံရိပ်သည် အခိုးအငွေ့သွင်ပြင်နဲ့ ဝေ့၀ါး။ ညများနေ့များတွင် ဖွေရှာနေမိသော်လည်း ဘာကို ရှာနေမိပါသလဲ။ လုပ်ဆောင်ချက်တို့ မလစ်ဟင်းခဲ့သော်လည်း၊ ဟာလာဟင်းလင်း...... ငါ............ မေမေ့ကို လွမ်းနေတာလား။ ဒါပေမဲ့....ဒါပေမဲ့တစ်နေ့ အ၀ါရောင်ဝတ်ရုံလွှာနဲ့ မင်းကို ဖူးတွေ့လိုက်ရတဲ့.................... အဲဒီတစ်နေ့....................... >> "ကျွန်တော်နှင့် တရွေ့ရွေ့နီးကပ်ရာသို့ မည်သည့်အချိန်မှ စတင်ပြီး သူလာခဲ့ပါသနည်း။ကျွန်တော်မသိခဲ့ချေ။ နေ၀န်းနှင့် ကြယ်ရူးပျောက်များကလည်း သူ့ကို ကျွန်တော်မမြင်အောင် သိုဝှက်နိုင်ခြင်းမရှိခဲ့။ နံနက်ဦးပေါင်းများစွာ၊ ညနေရီပေါင်းများစွာ သူ့ခြေသံကို ကျွန်တော်ကြားနေရသည်။ ကျွန်တော့်နှလုံးအိမ်ထဲသို့ သူ့စေတမာန် ၀င်ရောက်လာ၏။ ထို့နောက် ကျွန်တော့်ကို တိတ်တိတ်ကလေးခေါ်လေသည်။ ထိုသောနေ့မှာမှ အဘယ့်ကြောင့် ကျွန်တော့်ဘ၀သည် လှုပ်လှုပ်ယိမ်းယိမ်း ဖြစ်ရပါသနည်း။ ပျော်ပျော်လွင့်လွင့် တုန်ရီခံစားမှုတို့ကလည်း အဘယ့်ကြောင့် ကျွန်တော့်နှလုံးအိမ်ကို ဖြတ်ဖောက်စီးဆင်းသွားပါသနည်း။ ကျွန်တော်မသိချေ။ အိမ်ပြန်ရမည့် အချိန်မှာပင်လျှင် လေမှာစီးပျံသော ချစ်သူရနံ့ကို သန့်သန့်ကလေး ရနေလေတော့၏။">> သေချာသွားပါပြီ။ ကျွန်တော် မေမေ့ကို မလွမ်းတာ သေချာသွားပါပြီ။ ကျွန်တော်...ချစ်သူကို တမ်းတ.... ညတွေတိုင်း မက်မက်မောမော လွမ်းလျနေပါသည်။ "ညီ..ခေတ်ပြောင်းကာလဆိုတာ ခဏတော့ကြမ်းမှာပေါ့" ဘာပဲဖြစ်ဖြစ် ချစ်သူကို တွေ့ခွင့်ရခဲ့ခြင်းနဲ့ပင် ကျေနပ်ကြည်နူး မင်းမသိလည်းငါရူးနေပါရဲ့ .....၀တ်မှုန်။ ပြကွက် (----) အမှတ် (၇) ဘူတာက ထွက်လာတဲ့ ရထားတစ်စင်းဟာ ရှေ့ဆက်သွားဖို့ မိုင်တိုင်အမှတ် (၂၂) မှာ ခဏရပ်တန့်စဉ်းစား.....လျှောက်လမ်းအမှတ် (၂၅) ပေါ်မှာ ကားယားကြီးခွရပ်ရင်း ရပ်တန့်စဉ်းစား...... တကယ်တော့ ဘ၀ဆိုတာ...... တကယ်တော့ ဘ၀ဆိုတာ...... တကယ်တော့ ဘ၀ဆိုတာ...... "ကဲပါညီရယ် တစ်ခြားအကြောင်းပဲ ပြောကြပါစို့။ ဥပမာ။ ။ မဖြေဖြစ်ခဲ့သော စာမေးပွဲတွေအကြောင်း။ မလှန်ကြည့်ချင်တဲ့ ၀ှက်ဖဲတွေအကြောင်း။ ....................................................... ပြီးတော့...ချစ်သူ့အကြောင်း။ ပြီးတော့......."ဖွဲတစ်မှုန်ရဲ့ ရုပ်ကြမ်းပုံရိပ်" အကြောင်း။ ကဲ........စပြောကြစို့..." "ဟုတ်ကဲ့......ကျွန်တော့်ရဲ့ နိဂုံးရက်ဟာ........ ၀မ်းနည်းကျွမ်းမြေ့ဖွယ်ကောင်းလိမ့်မယ်။ နှုတ်ဆတ်ပွဲကျင်းပရာကို လာရောက်ချီးမြှေက်ချင်သူတွေများပေမဲ့...... နောက်တွန့် ငဲ့ညှာစရာတွေ၊ လှမ်းဖို့တားလက်ချောင်းတွေနဲ့ပြည့်လို့..... သေချာမှာပါ........... လက်တစ်ဖက်စာကျော်တဲ့ လူတွေကတော့..... ကျွန်တော့် အိပ်စက်သွားတဲ့ နေရာလေးကို တရင်းတနှီး သိသွားကြလိမ့်မယ်။" ဘုန်းသန့်ခန့် P011305OCT08 >> "....">> တာရာမင်းဝေ၊ ငါ့ရင်ခွင်ကြားက နှင်းဆီဓားသွားတစ်လက် မှ
0 Comments
|
Author
|


RSS Feed