|
အတူတကွ ရှိနေကြမယ်။
မျက်ဝန်းတွေကို လျော့ထား။ မျက်လွှာတွေကို ချထား။ တစ်ဦးလွှင့်တဲ့ ရနံ့ကို တစ်ဦးက လေညှင်းမရောဘဲ ရလို့.............။ မိုင်ပေါင်းအင်္သချေယျ ဝေးစေ............ သာမာန်မျက်မြင်.............မိုင်ပေါင်းအင်္သေချေယျ ဝေးပါစေ.......... ရနံ့တွေ စက္ကန့် မခြားရလို.ပေါ့ ...... ထာဝရ အလွန်က နီးစပ်ခြင်း။ ကောင်းကင်ထောင့်ချိုးကနေ ပန်းမိုးတွေရွာသွန်း...... မြေပြင်ဟင်းလင်းကနေ မီးရှူးစုံပစ်ဖောက်........ ရွှေဓားကိုင် တိုက်ပွဲဆီလျှောက်တဲ့ နေ့များ....... ငါတို့ကြားမှာ သစ္စာတရားကလွဲရင် ဘယ်အက္ခရာမှ ၀င်ရောက်ခွင့်မပြုနိုင်ဘူး။ အိပ်တယ်။စားတယ်။သွားတယ်။လာတယ်။ တာဝန်တွေမပျက်ကွက်စေဘဲ.... လူသားဆန်ဆန် ငါတို့ လွမ်းကြည့်ကြမယ်။ ကမ္ဘာတစ်ခြမ်းစီပိုင်းမှ သူတစ်ခြားတွေနှစ်သက်ကြလို့ ကိုယ်က ကမ္ဘာတစ်ခြမ်း၊ မင်းက ကမ္ဘာတစ်ခြမ်း ကိုယ်စီကိုယ်ငှ ၀တ္တရားတွေ ထမ်းနေရပေမဲ့.... နားနေဆိတ်ငြိမ်ခိုက်မှာ ကိုယ်တို့လေ...... “ဟယ်လို” သံမပါဘဲနဲ့ နီးစမ်နေမှာပေါ့။ အာရုံတွေကို ဖျော့၊ စိတ်ခန္ဓာကို လျှော့.... တစ်နေ့တာ တပင်တပန်းတင်းထားရတဲ့ သံပတ်စုံကို ဖော့..... ကိုယ့်ဘေးမှာမင်း၊ မင်းဘေးမှာကိုယ် ငါတို့ကို ဘယ်သူတွေကမှ ခွဲခြားမထားနိုင်ဘူး။ ငါတို့ကို ဘယ်တံတိုင်းတွေကမှ ပိုင်းခြားမထားနိုင်ဘူး။ ငါတို့ နီးစပ်နေကြတယ်။ ငါတို့ ပေါင်းဆုံနေကြတယ်။ ငါတို့ကို ဘယ်လိုလက်တွေနဲ့ မှ ဆွဲခွာလို့ မရဘူး။ ငါတို့ကို ဘယ်နယ်နိမိတ်တွေ နဲ့ မှ ကန့်သတ်လို့ မရဘူး။ ဝေးကွာပေမဲ့ မကွဲကွာတဲ့ ရပ်ဝန်းမှာ ရုပ်လွှာချင်းဆက် ငါတို့ နီးကပ်နေကြမယ်။ ကောင်းကင်ထောင့်ချိုးကနေ ပန်းမိုးတွေရွာသွန်း...... မြေပြင်ဟင်းလင်းကနေ မီးရှူးစုံပစ်ဖောက်........ ဓားအိမ်ဆီ ဓားပြန်ရောက်တဲ့နေ့မှာ ငါတို့ကြား......မေတ္တာတရားကလွဲရင် ဘယ်အက္ခရာကိုမှ ၀င်ခွင့်မပြုနိုင်ဘူး။ ဤစကား လူသားတို့ ကြားပါစေသတည်း။ ဤစကား နတ်ဘုရားတို့ ကြားပါစေသတည်း။ ဤစကား ကမ္ဘာမြေ ကြားပါစေသတည်း။ ဘုန်းသန့်ခန့် A125613FUG09
1 Comment
အခါခါ လွမ်းလွန်းလို့တဲ့...
မနေ့က ငါ ထုတ်ကြည့်ဖြစ်တဲ့ နှလုံးသားလေး.. ရေခဲလိုတောင့်မာ.... သြော် သိပ်ကိုကြာခဲ့ပြိတဲ့လား... ညဖက်မှာ မင်းအသံကြားဖို့ .... မင်းဆီကို ငါ စိတ်နဲ့ပဲလာနိုင်တယ်လေ.. ငါမှာ.....ရပ်ဝန်းလွန်စကားပြောခွက်မှမရှိတာပဲ... မင်းအပါးမှာငါ....ခပ်ကြွားကြွားလည်း.. မရပ်ချင်ပါဘူး..... တစ်တပ်တစ်အားသာ လွမ်းချင်တာလေ.... ငါ...ဆိုတာ.............................. မင်းမေ့ထားတဲ့.......မင်းမေ့သွားမဲ့.... ပုံစံသရုပ်နဲ့... ငါက မိုးခါးရေမှန်သမျှ အန်ထုတ်တတ်ခဲ့တာကိုး.... ငါ....ကျောင်းခန်းလေးနဲ့... နင့်ကို......................တောရပ်.....တစ်နေရာက ......................လွမ်းနေမယ်............. ............................... လောက တောရပ်.... ...............တစ်ရုံက............လွမ်းနေသတဲ့......... ဘုန်းသန့်ခန့် အပြင်မှာ မိုးတွေ ရွာနေတယ်ထင်တယ်။
ချမ်းစိမ့်စိမ့်ဖြစ်လာတယ်။ အနွေးထည်ဝတ်ဦးမှ။ အား......မဟုတ်ပါလား။ ငါ့ကိုယ်က ချွေးတွေစိုစိုရွဲနေလို့ ပြန်အေးနေတာပဲ။ ဟုတ်လိမ့်မယ်။ ချွေးတွေကို သုတ်ဖို့ အ၀တ်တစ်ခုရှာမှ။ အ၀တ်ကိုကိုင်ရင်းမှ ပြန်စဉ်းစားမိတယ်........ ချွေးတွေမှ မဟုတ်ဘဲ.......ရေချိုးထားတာပဲ။ အပြင်မှာ မိုးတွေ ရွာနေတယ်ထင်တယ်။ ဘုန်းသန့်ခန့် မမေ့တတ်သူအတွက်တော့ အရာရာဟာ
အမှတ်တရတွေချည်းပေါ့......။ ဖျပ်ကနဲလက်သွားတဲ့ အကြည့်များ၊ ငဲ့စောင်းလုက်တဲ့ လည်တိုင်ကျော့ကျော့၊ ဖြည်းဖြည်းလေးတိုက်နေဆဲ လေညင်းနုနုကို ပိုလှသွားစေသော ရယ်သံသဲ့သဲ့.....။ အရာတွေပေါ့.....အရာရာတိုင်းမှာ..........။ အမှတ်တမဲ့မထားတတ်သူအတွက် မေ့ဖို့ သိပ်ခက်ပါရဲကွယ်။ အတူလက်တွဲလို့ လမ်းလေးပေါ် ကျော့ကျော့လျှောက်ရင်း လျှပ်ဆိုတဲ့ အကြည့်ခိုးလေး၊ အလိုကျလို့ ထင်ပါရဲ့..... တွန့်ကွေးသွားတဲ့ နှုတ်ခမ်းပြုံးပြုံးလေး......။ အရာတွေပေါ့.....အရာရာတိုင်းမှာ..........။ ဟောဒီ ........လက်ဝဲယွန်းယွန်း အရပ်မှာ တစစ်စစ်ခိုင်ခံလို့......။ ခြေဆုပ်လက်နယ်ပြုစုခွင့်ရတဲ့ ရွှေဓားကိုင် ကိုယ်ရံတော်ဘ၀ သွားလာလှုပ်ရှား...........ပန်းတစ်ပွင့်အပါးမှာ မြူတစ်မှုန်မညစ်အောင် ရံတားစောင့်ရှောက်......... နန်းတော်ရိုးတစ်လျှောက်မှာ သစ္စတရားလွယ်ရင်း၊ စစ်မြေတလင်းမှာ သခင်မကို ဦးထိပ်ပန်ရင်း၊ မီးကို ၀ပ်ရို့သလို၊ တောင်ထွတ်ကို ရှစ်ခိုးသလို ၀ပ်တွားမှု မှားမှားမှန်မှန် သခင်မထံမှာသာ ရို့ကျိုးချင်သူပေါ့.......။ ဗိုလ်ရူ့သဘင်မှာ အကျွန့်ကို သိမ်ပါ၊ နှိမ်ပါ။ လိုအပ်ချိန်မှာ အကျွန့်ကို ခိုင်းပါ၊ နွဲ့ပါ။ ပျင်းချိန်ခိုက်မှာ အကျွန် ပျော်တော်ဆက်ပါ့မယ်။ ဒါပေမယ့်.............. အရာတွေပေါ့.....အရာရာတိုင်းမှာ..........။ ငါ့အတွက်မဟုတ်တဲ့ ရာဇမတ်တွေ ခတ်လို့.......... မမေ့တတ်သူအတွက်တော့ အရာရာဟာ အမှတ်တရတွေချည်းပေါ့......။ အမှတ်တမဲ့မထားတတ်သူအတွက် မေ့ဖို့ သိပ်ခက်ပါရဲကွယ်။ ဟောဒီ ........လက်ဝဲယွန်းယွန်း အရပ်မှာ တစစ်စစ်ခိုင်ခံလို့......။ တိတ်ဆိတ်စွာ တမြေ့ မြေ့နာကျင်............ လောကကိုတော့ ငါ..............အပြစ်မြင်ခွင့်ရှိမယ်ထင်ပါ့လေ......။ ဘုန်းသန့်ခန့် ပြောမယ့်သာပြောရတာ
ငါ့စကားလုံးတွေ အခြေချနေထိုင်ခွင့်ရမှာမဟုတ်ပါဘူး။ မိုးဘုံထက်က ငါမှ မဟုတ်တာ။ ငါက ဘာလဲ။ သူက ဘာလဲ။ မင်းဝေခွဲမရဖြစ်မနေပါနဲ့ ။ လူတွေပါပဲလေ။ ငါ့ကို မင်းက ရင်အက်တမ်တစ်ခုနဲ့ ချစ်တယ်။ ပြီးတော့..... သူ့ကို ရင်ခွင်တစ်ဝန်းလုံးသုံးပြီး မုန်းပစ်လိုက်တယ်။ သိပ်ကို ဂုဏ်ယူဖို့ ကောင်းရဲ့... ငါ့ဘေးမှာထိုင်ရင်း သူ့ကို မုန်းတဲ့အကြောင်းပြောတယ်။ ထမင်းစားတဲ့အခါ...၊ ရေသောက်တဲ့အခါ... သူ့ကို မုန်းတဲ့အကြောင်းပြောတယ်။ မင်းအိပ်မက်ထဲထိတောင် သူ့ကို မုန်းကြောင်းမက်သေးတယ်တဲ့...။ သိပ်ကို ဂုဏ်ယူဖို့ ကောင်းရဲ့... ငါ့ အသိဥာဏ်တွေ ဂငယ်မကွေ့ဖို့ အတန်တန် ကြိုးစားခဲ့ပါတယ်ကွယ်။ ငါက မင်းကို တယုတယနဲ့ ချစ်တဲ့အကြောင်းတွေ တဖွဖွ ပြောတဲ့အခါ.... မင်းက သူ့ကို မုန်းတဲ့အကြောင်းတွေ တဖွဖွပြန်ပြော... ကြာတော့ ချစ်တယ်ပြောဖို့ ကြောက်လာပြီ။ မင်းပျော်ပါစေလို့..... ကဗျာလေးတွေ ရွတ်ပြတဲ့အခါ (ငါလုပ်တတ်တာဆိုလို့ ဒါပဲရှိတာကိုးကွယ်။) မင်းက ငြိမ်ငြိမ်လေးနားထောင်တယ်ထင်ပါ့...။ မျက်လုံးတွေက အေးစက်သေလို့။ ကဗျာအဆုံးမှာ ၀ုန်းဆို မျက်ဝန်းစုံတောက်စားပြီး “သူက ကဗျာတွေ မရွတ်ပြတတ်ဘူး။ မုန်းစရာကောင်းလိုက်ပုံများ” အစချီတဲ့ အမုန်းဋီကာ ဖွင့်ပြန်ဦးမယ်။................ငါ............. စနစ်တကျ၊ တငွေ့ငွေ့၊ သေဒဏ်ကျ။ စကားတစ်ခွန်း ငံ့လင့်နေသူ..................ငါ............ မနေနိုင်မထိုင်နိုင် “မင်းကို ချစ်လိုက်တာ”...လို့................................. စမိရင်.... မင်းရဲ့ နှစ်နှစ်ကာကာ မုန်းတဲ့သူ့အကြောင်း အစကနေ အဆုံးကြားရပြန်မှာမို့..... အိပ်မက်လေး....မက်ရင်းကြွေ..................ငါ............... ချစ်သူမို့ အောက်ကျို့ ယုယပြသမျှကလည်း သူဆိုမလုပ်ပေးဘူးသိလားဆိုတဲ့ ဆုလဒ်အတွက်..... ............ငါ.................... ငိုနေတယ်.....ငိုနေတယ်...... မျက်ရည်တော့မကျဘူးပေါ့...ချစ်သူရယ်.. တလွင့်လွင့်လူးနေတဲ့......... စိတ်တွေနဲ့ ကယောက်ကယက်ဖြစ်ရင်း တပ်မက်ခဲ့သော ညတွေ....... တောင်းတခဲ့သော ရနံ့ တွေ ငါဟာ တေးတွေကို မဆိုတတ်သူပေါ့.........ချစ်သူ။ ငါဟာ ချစ်ခြင်းနဲ့ ပြန်လည်သီကုံးထားတဲ့ ကျွမ်းပြီးသား ဖန်မီးမျှင်လေးပါ.......၀တ်မှုန် အတင်းနားနှစ်ဖက်ပိတ်ပြီး ငြင်းနေမဲ့အစား ငါပြောတဲ့ စကားကျိုးလေးတွေကို နားဆင်ပေးပါလားကွယ်။ မေ့ထားလိုက်ပါတယ်.........အရာရာကို စိတ်ကြိုက်ပြင်ဆင်ထားလို့ မှမရတာဘဲ........ လွဲခဲ့ရင်တောင်ကျေနပ်နေပါတယ်......... တောင်းဆိုလို့ မရခဲ့တဲ့ အခါ ဘာမှမတတ်နိုင်တဲ့ မီးအိမ်လေးက သူ့ ကိုယ်သူပြန်လောင်ကျွမ်းပစ်တယ်။ မီးတောက်ဟုန်းဟုန်းထန်၊ မီးမှုန်လွင့်လွင့်ရူး အော်......နွေဥသြသံ တကူးကူမှာပေါ့............ ပူပူလောင်လောင်ဆွေးနေတဲ့ တံတားလေးတစ်စင်း ခြေဖ၀ါးဒဏ်တက် ဖိနပ်တွေဒဏ်ကြောင့် ပြိုကျခဲ့ပြီတဲ့။ ၀ပ်ပြုဆုတောင်းတွေ မပါဘဲ ငါတို့ ပြန်လည်တည်ဆောက်ကြမယ်လေ။ >>“ချစ်လို့ သေသည် ဆိုရမည်ဟူ ငါသည် ဆယ်ခါ ဆယ်ပြန်သာ၍ အခါတစ်ထောင်သေ၀ံ့၏။”<< ဒီလိုစကားကိုသာ အထပ်ထပ်ဆိုနေမဲ့..........လူတစ်စင်းမို့ ကြယ်တွေက ကြွေပေးချင်ပါလိမ့်မယ်။ မျက်လုံးတွေဖြူစင်တဲ့ ရပ်ဝန်းမှာ ငါ လူဖြစ်ချင်တယ်လို့ ပြောပြီး သေဆုံးသွားတဲ့ ချယ်ရီပင်အောက်မှာ ကိုယ်လက်နက်ချပေးလိုက်ပါတယ်...ချစ်သူ။ ဒါပေမဲ့........ချစ်သူ......... ငါ့ကိုလေ ဖြစ်နိုင်ရင် မြင်ပုံအသစ်နဲ့ အဟောင်းအတိုင်းကြည့်ပေးပါလား။ ဘာကိုမှ မထိသင့်တဲ့ လက်ကိုပိုင်ခဲ့သူ မီးဒတ်လို ငါ လည်း ကြေကွဲနေရပေါ့.... ငါ့လက်နဲ့ ထိသမျှ ရွှေမဖြစ်ဘဲ........ ကြွေကြွေကျသွားတယ်။ တစ်ခြားသူတွေအဖို့ မီးလျှံဝင်းဝင်းဖြစ်ခဲ့ရင်တောင် ၀တ်မှုန်အပါးမှာ ယုန်ဖြူငယ်ငယ်လေးပဲ ဖြစ်ချင်ခဲ့သူပါကွယ်။ ၀တ်မှုန်ရယ်..... သူ့ကို မင်းဘယ်လောက်မုန်းကြောင်း ငါ့ရင်နဲ့ အမျှ တနင့်တပိုး စူးအောင့်သိမှတ်မွန်းကြပ်နေပါပြီ။ ငါ့ကို ဘယ်လောက်လေးသာ ချစ်ကြောင်း.... သိပ်ကြားချင်ပါ့..... ............................ငါ့စက်ဘီးလေး....ချိန်းကြိုးပြတ်တော့ ယဉ်အပိုပစ္စည်းဆိုင် မသွားဖြစ်ခဲ့ဘူး။ အဲဒီ ချိန်းကြိုးဟောင်းလေးက သိပ်မုန်းစရာကောင်းတာကိုး....။ ................စက်ဘီးလေး နံရံမှာ ကပ်ရပ်နေမြဲ..... ဘုန်းသန့်ခန့် 1STEDTBEF0CT09 2NDEDTBEFOCT09 3RDEDTP114514OCT09 >>......<< by Lady Ukon ref:ကမ္ဘာ့စာပေအညွှန်း SPLIT,VALEDITORY,SECESSION
tear,Boiling Point,TEAR CRUDE OIL,SKULLER,BORDERLAND EGO,ADOPTION,PATIENCE COFFIN,EXPLOTITATION,INTERFERENCE dream,BOG,patient famine,GREED,DEVIATION truth,MAN,world BLACK HOLE EXPLODED. phone thant khant BEF22OCT07 အဲဒီ မိုး...ကောင်းကင်မှာ ပျော်ပါစေ...
အဲဒီ မိုးကောင်းကင်မှာ ပျော်ပါစေ... တိမ်တွေက ပုံမညီ ပြောင်းလဲ... တိမ်တွေ ကပုံမညီ ပြောင်းလဲ... အချင်းချင်း တိုးတိုက်ခြွေ ကြွေကြပြီ။ အတ္တကို ကွာတာ ဘ၀ ခွာလိုက်လာလို့ မငိုဖို့ ပြောပြီး တစ်ရက်မပျက်ထစ်ထားတဲ့ လှေနံလည်း ရေနံချေးဝ... ဘာများ ကျကျပျောက်နေတာလဲ။ ဘာများ ချချဖျောက်နေတာလဲ။ “အသုံးလုံး” မကြေဘဲ လောကဓံကို အရာတ၀င်လုပ်မိတော့ =က( မန်း+ တန်း ){(လိုက်ရ) ( သွား+ စား + နား )} စိတ် ဆာ...ရာဆီ သွားနေကြ။ စိတ် ဆာရာဆီ မရောက်ကြ။ သြော်... ငါက ကောင်းကင်အခြားမှာ ပွင့်ချင်တဲ့ ကြယ်ကိုး လောကနဲ့ မုန်တိုင်းနှင်နှင်ဝေးတယ်။ ဘုန်းသန့်ခန့် |
Author
|


RSS Feed