|
နုရွယ်ပျိုမြစ်ခြင်းခန်းမဆောင်...
အိုး...ပျော်ရွှင်မြူးခြင်းတွေ... သိရုပ်လွှာပုံဟန်ဆောင် ပျံပျံ့ ကျဲ ခုတော့လည်း... ခြေမှုန့်ရာလေးမျှ မချန်ဘဲ...အဝေးနှင်တိမ်နှယ်လွင့်။့ဖြူငယ်တယ်တယ် ဆည်းလည်းလေးတွေလည်း ချွင်ရရွင်မဲ့ တိတ်တိုးငြိမ်ဆိတ်။ ပစ္စုပ္ပန်ဘ၀နဲ့... ဟိုးသင်ပုန်းကြီးကျက်စဉ်ကာလာအကြောင်းကို...ကို... ငါ့စာကြည့်စားပွဲလေးကသာ သိမြင်၊ မှတ်သား၊ အေးခဲ။ နံရံ...။ ဆိတ်ငြိမ်သက်သက်လေးရပ်နေရသော... ခန်းဆောင်ပတ်လည်အရံအတားတွေထဲက၊ အဲဒီတစ်ခုသော နံရံလေး... ဆေးအသစ်ပြန်သသထားတဲ့ သင်ပုန်းချပ်အိုကြီးကို တွဲထူဖေးမနေဆဲ...။ စာသင်သားသူငယ်တွေ လွတ်ကျ၊ လွှတ်ချ၊ ပြုတ်ကျန်၊ ဖြုတ်ချန်၊ ကျပျောက်၊ ချဖျောက်၊ ခြွေထား၊ ကြွေသွား၊ ညပ်ကျန်ရစ်၊ ညှပ်ချန်ရစ်၊ ခွာချထား၊ ကွာကျသွား၊ မြုပ်သွားသည့်၊ မြှုပ်ထားသည့်၊ အရာများနှင့်အတူ တစ်ဝက်ပဲ့မြေဖြူခဲလေး ခန်းမကြမ်းပြင်မှာ ကြိုးစုံပြတ်လဲကျနေ။ နုရွယ်ပျိုမြစ်ခြင်းခန်းဆောင်... ဟင်...၀မ်းနည်းလှိုက်တမ်းတခြင်းတွေ... သိရုပ်လွှာပုံဟန်ဆောင် ပျံပျံ့ကျဲ ဘုန်းသန့်ခန့် P093525SEP09 တခါက ရေးဖူးသော ECHO ကဗျာကို ပြန်လည် ဖတ်မိရာမှ ဆင့်ပွားဘာသာပြန်ထားခြင်း....... -- http://www.phonethantkhant.co.cc
0 Comments
လေညင်းကို သံစဉ်ညှိရင်း
ဘယ်ဖက်ရင်အုံ စည်းချက်နဲ့ သူတို့ ဟာ ရိုးတံကိုမြှင့်ပြီး အသွေးစုံတဲ့ ပွင့်ချပ်တွေခင်းဖြန့် ဟော တစ်ပွင့်.....ဟိုမှာ....ဒီမှာ.....တစ်ပွင့် နှင်းစက်တွေ တွဲခိုလို့ ......... မြက်ခင်းများ လွင့်ကွယ်ပေး... ခဏ ကြာရင် သူမလာလိမ့်မယ်။ ပြတင်းတံခါးတွေ ပိတ်ထားကြ သူမဟာ မျက်ခုံးတွန့် ကွေးရင်း အလိုမကျစွာ ညှို့ ယူမယ်ဆို လူတိုင်းမပါဝင်စေချင်ဘူး။ ဘာစာမှ လာမဖွဲ့ နေနဲ့ တော့ အားလုံးဟာ မြေမှုန် သူမသည် ငါ ပေါင်းသင်၍ ပျိုးကျဲခဲ့သော အဆိပ်ပင် ငါပဲ ရေလောင်းပါရစေ။ ဦးပေါင်းတို့ ညွှတ်ကြစမ်း။ ။ အပြာရောင်ကောင်းကင်မှာ လေနတ်သားနဲ့ အတူ သူမဆံနွယ်တွေ အောင်လံလွှင့်ထားပြီ ငါ...............၀ပ်တွားခယလိုက်၏။ ကမ်းပါးယံထက်မှာ ထိုင်ပြီး တေးသီဆိုသူများက၊ မိုးနဲ့ အတူခုန်ပေါက်ကခုန် သူမဟာ ထီးတစ်လက်နဲ့ အတူ တွဲလာချိန် ငါ့ အသိဥာဏ်မြုဆိုင်းနေလားပဲ။ ဒီမှာပါ...အရှင်မ လိုအပ်သောအချိန်၊ လိုအပ်မယ့် အိပ်မက်တွေကို ဆက်သပါရစေ။ မှော်ဆန်သော သူမဟာ ကျူးပစ်ကို ရူးစေပြီး အပြုံးတွေ စိုက်ပျိုးထားလိုက်တာ ငါ့ ကမ္ဘာမြေမှာ အိပ်မက်စိတ်ကူးတွေနဲ့ အတူ ကလေးငယ်လို သူမပုံရိပ်တုတွေ ။ ။ဖွေးနေပြီ။ ။ mr.ice(marine) UN07 MMU နံရံကပ်စာစောင်မှ သောကြာမီးအိမ်၊ ရင်နှင့်ချိန်စက်
လှမ်းမျှော်လျှက်က၊ လင်းဖွင့်မမြ မှိတ်မှုန်ပြသည်၊ လွမ်းညစီကုံး ဤစာထုံးကို ငါရေးဘိ။ ပန်းကား ရွန်းသစ်၊ နုမြစ်လှသည် ငါကား မဝေ၊ လေလိုကြွေ၏။ လေတွင်လိပ်ပြာ ၀ဲခိုလာလျှင် ငါပြင်းမာန်တင့် လေဟုန်ဖွင့်လည်း ပျံလဲ့လိပ်ပြာ ပန်းဆီလာဘိ့၊ မချိရင်းတွင်း ဖြတ်စီးရင်းမှာ မှောင်ဖွင့်သီစို မုန်တိုင်းငိုသည်၊ ယုံသူရှာဖွေ မတွေ့ ချေကား။ ၀တ်မှုန်ခမ်းခြောက်၊ ၀တ်ရည်ပျောက်သော် ၀န်းပလိပ်ပြာ လွင့်ဝေရာသို့ ငါ့ကိုတို့ ခတ် ဖောက်ထွက်လျှက်ခွာ ဝေးလွင့်ရာ၏။ ပန်းငယ်မသိ မှုန်းချယ်ပွင့်သ တခဏတာ နတ်မိုက်ရာတွင် ရိုးတံညှိုးရော် လှိုက်စားပြိုခ ပန်းကြွေကျ၏။ လွင့်ကြထိုးဆင်း ပန်းခြေရင်းဝယ် လေညင်းရယ်ခံ နန်းဝယ်စံလော့။ ထွေးသိပ်တေးဆို မင်းမငိုနှင့်၊ ရပ်စုံဝဲကာ ဝေနှင်ကျဲလျှက် မိုင်ထောင်ဆက်မည် မြေမှုန့် ၀ုန်းဟုန်း ထသည်ထိ။ ဘုန်းသန့် ခန့် UN07 ငိုလိုက်ပါ....ငါ့ အတွက်တော့ဘာမှမချန်ရစ်နဲ့
မျက်ရည်တွေကို ၀မ်းနည်းပက်လက်ရွံတယ်။ အရာရာကို ရုတ်သိမ်းလိုက်တယ်.... အ၀တ်ကြိုးတန်းပေါ်က လှန်းပြီးအ၀တ်ပြန်ရုတ်သလို.... ဘ၀ကို အဲလို ရုတ်လို့ ရလား။ ခြေထောက်တစ်ခြား....အိပ်မက် တစ်ခြား.... ငါက ကောသွားမှာလား။ မင်းကကော လိုက်မှာလား။ ကျောင်းသားဘ၀နဲ့ စာတွေကို ဗရွတ်ရွှတ်တရွတ်ပြီးခဲ့ပြီပဲ.... လုံလောက်ပါတော့ကွယ်။ ကျမ်းတွေ ဖတ်ပြမှ....လူတွေရိုသေကြသတဲ့လား...ခါးတယ်။ ငါမ၀ါးဘူး..... ငါမကြိုက်တဲ့ အစားအစာတွေကလည်း သိပ်များနေလို့ လား.... လောကမှာရှားတယ်။ နောက်ဆုံးဆိုတဲ့ စာလုံးအတွက်.... ရှေးပညာကျော်တွေ ဘယ်လိုပေါင်းခဲ့သလဲ။ ငါကတော့...တိတ်တိတ်လေးနဲ့ တိုးတိုးလေး... ချစ်သူလက်လေးခဏကိုင်ပြီး.... နေချင်သေးရဲ့ ..... ဘ၀ဟာ ဘာညာ...အိုကြာပါတယ်ကွာ.... ကြီးကြီးမားမား....ရှေးရိုးဆန်ဆန်...ပဲ... ငါတို့ နေကြမှာလား။ ငါတို့ ပြန်ကြမှာလား။ မိုးစက်တွေကြားမှာ.....မိုးစက်တွေကြားမှာ..... လူသားပေမယ့်...မိတ္တူလူသားဘ၀ကို ငါ့တို့ မရချင်မိတာ....အပြစ်သားဖြစ်ပြီ...ထင်ရဲ့ ....ချစ်သူရေ... ဘုန်းသန့် ခန့် |
Author
|


RSS Feed