|
ကျွန်တော် ချမ်းချမ်းအေးအေးမို့
မနက်ခင်းခုံတန်းပေါ်မှာ ကောင်းကင်ကို ငုံ့ငေးရင်း၊ ခေတ်အဆက်ဆက်က ကိုယ့်အကြောင်းကိုပဲ အပြန်အလှန်ဆွေးနွေးနေမိရဲ့.... ညီလာခံလား၊ လွတ်တော်လား.... တစ်ပွင့်ဆိုင်လား၊ အမှန်တကယ်တော့ ညဖက် ကွပ်ပျစ်ဝိုင်းလို့၊ ကျောင်းတော်က ကော်ဖီဝိုင်းလို၊ လမ်းနဲ့အပြိုင်လျှောက်နေတဲ့ လက်ဖက်ရည်ဝိုင်းလို၊ ဖျောက်ခနဲပျက်သွားတဲ့မီးနဲ့ ထောက်ကနဲ့လင်းသွားတဲ့ အတွေးက ဘယ်သူအရင်လဲ..... ဒါနဲ့......ဘယ်လောက်မျဉ်းစောင်းဘယ်လောက်လဲ..... ဘောင်တွေသာပြောင်းလာတဲ့ လေကို မရှူမိအောင်တင်းရင်း ကိုယ်အသက်ရှူကြပ်တတ်လာပြီ.... ဘောပင်လေးကိုင် ခုခံခဲ့ရာက၊ ကီးဘုတ်ကိုလည်း ဆွဲကိုင်တတ်လာရ၊ ခလုပ်ကလေးတွေပျောက်သွားသလားဆိုမှ ကိုယ်က မှန်သားပြင်ပေါ်ထောက် လက်တွေလမ်းလျှောက်တယ်၊ တစ်ချို့က မီးဟုန်းထက်ထက်တောက်စေလို့လား.... မှန်သားပြင်ဟာ မီးလျှင်သက်သက်လင်းပြရုံပဲ၊ အမှန်က အေးတယ်၊ အနွေးထည်တတ်နိုင်သလောက်နဲ့ ထွေးရင်း နွေးသလိုထင်စေရတဲ့ မနက်ခင်း၊ မီးတွေကိုယူပြီး ချမ်းသူတွေကိုပဲ လှုံစေလိုတယ်......မလှုံ့စေချင်သူက ကောင်းကင်ကို ငုံကြည့်တော့.... ကိုယ်ပိုးထားတဲ့ မြေပြင်ကို လေးရဲ့မထင်ဘူး.... ကိုယ်ကလည်း လူတစ်မျိုး လေနဲ့ရနံ့လို မတူစေဦးအတူစီးမျောနိုင်ချင်တာ..... မဟန်ပုံပေါက်လို့ မ ဟန် ပုံပေါက်ပြီး ကိုယ့်ကိုကိုယ်တောင် ပတ်ချွဲနှပ်ချွဲ မလုပ်ချင်ဘူး၊ အထက်ပါ စာကြောင်းမှာက မ ဟန် ပုံပေါက်လို့ တင်စားပြီးသုံးတော့ အစဉ်အလာတွေရဲ့ သွန်သင်မှုကို ကျုပ်တင်းမခံနိုင်ဘူးဆိုတာ ပေါ်သွားတယ်၊ စနစ်တကျဖြစ်လာပြီး....တတိတိတိုက်စားလာတဲ့ တင်ကြိုသတ်မှတ်ဘောင်ချတိုက်ခတ်မှုဓလေ့က တစ်မျက်ခတ်မှာ ဘယ်လောက်တာသွားမလဲ...... အမှန်က အေးတာ၊ အားနေသူမှ ပိုအေး လက်ချောင်းတွေ မှန်ပေါ်ပြေးနေတယ်...... ဖရိုဖရဲကြွေလာတဲ့ သစ်အိုရွက်တွေက မြေပြင်ကို အားကျန်နဲ့ရိုက်ခတ်ရင်း၊ ကိုယ်ကတော့ ငြိမ်ငြိမ်လား အခုထိုင်နေတယ်၊ ကိုယ်ကငြိမ်ခြင်းလား..... လောကကငြိမ်ခြင်းလား....... ကိုယ်လည်းအခု...... အိပ်မပျော်ညတွေဆို တရားသံကိုဖွင့်ရင်း တဖြည်းဖြည်းအိပ်မောကျလို့..... ဘုန်းသန့်ခန့် A084111JAN04+0630MM
0 Comments
|
Author
|


RSS Feed