|
မနက်ခင်းတွေအကြောင်းပြောဖို့တောင်မကောင်းတဲ့ မနက်ခင်း၊
မနေ့ညက တွေ့ခဲ့ရတယ်........ နေရယ်၊ လရယ်၊ ခဏခဏပြန်စုထားတဲ့ ပန်းခြောက်စတွေလို မနက်ခင်းမှာ အတူကောက်ဖူးလိုက်တာနဲ့တင် ချယ်ရီတွေက လွမ်းလောက်အောင်ပွင့်လို့၊ နှုတ်ခမ်းလေးစူထားရုံလောက်မှာ သိပ်သိပ်ပြီးကို လွင်လဲ့လဲ့လေးလင်းလာမယ်.......... မနက်ခင်း ဒီလိုယုံကြည်မှုလေး အတူခူးပြီး၊ စည်းနှောင်ထားတဲ့ ဆံနွယ်လေးတွေ ပန်ကာ ချစ်သူသိပ်လှလိုက်တာကွယ်..... အဲဒီလိုနဲ့ အလံတွေ အဖြူရောင် ပွင့်ပေးတဲ့...... မနက်ခင်း နောက်....... လေညင်း......... ကန်စပ်လေးပေါ်ဖြတ်၊ အရောက်လာပေးသူ လေညင်း ကျန်းမာရေးနဲ့ ညီညွတ်တယ်၊ ငါ့မှာ လေသန့်သန့် အပြည့်နဲ့ အဆုတ်တစ်ခုလုံးပြည့်ရင်း နှလုံးသား နာမကျန်းဖြစ်နေရပေါ့......... မနက်ခင်း............ ပခုံးထက်မှာ သူမနဖူးလေးထိ ငြိမ်းချမ်းသက်သာ တိတ်တိတ်လေး အိပ်နေလိုက်စမ်းပါ.... မနက်ခင်းနောက်က လေညင်း၊ မျက်လုံးဝိုင်းဝိုင်းလေးမှိတ်ထား.......... မျက်ရည်တွေကို သိမ်းထားပါ.. အခု မနက်ခင်း လျှပ်ရောင်အသီးခိုင်ခိုင်တွေ စီရရီတွဲလဲချ ခေတ်သစ်ရေသတ္တ၀ါဝမ်းထဲမှာ...... အိပ်မက်မူးတူး.... မနက်ခင်း ........... မနေ့ညက ...... မနက်ခင်း............. ပင်လယ်လေညင်း.......တွေရူး ရင်အပေါက်နဲ့ ချစ်သူ့ပုံရိပ်တွေ လိုက်ကောက်၊ ကန်စပ်လေးဆီက မနက်ခင်း.........၊ နောက်.......... ချစ်သူရနံ့မပါတော့ သိပ်မသန့်တဲ့ ခပ်သန့်သန့် လေညင်း.... ပင်လယ်ဆီက ..........မနက်ခင်း........ ၊ မျက်ဝန်းလေးမှိတ်ထား............ ငါ့ပခုံးပေါ်မှာ.......... မနက်ဖြန်နဲ့ မနက်ခင်း........ အေးလေ.......... မနက်ဖြန်နဲ့မနက်ခင်း........ စကားပြောရင်း.. တိတ်လေး နွေးနွေးထွေးထွေး ဖွဖွလေး........... လှမယ့် ............... မနက်ခင်း၊ လွမ်းတယ် ဘုန်းသန့်ခန့်
0 Comments
လက်ခုံနဲ့သုတ်မိတယ်...........
လေကအေးလို့လား၊ ဆောင်းမှာမို့ အေးအေးစိမ့်ခြောက်သွေ့နေပုံများ မျက်လုံးစုံဖွင့်ရင်း အရှေ့ကို မမြင်၊ မမြင်သလို အနာဂတ်ဆီ မမြင်သလို အရာရာကို တိတ်တိတ်လေးငေးရင်း၊ လူတွေကြားမှာ စကားနေဟန်ကွဲပြားခြင်းပိုက်ထွေး စကားနေဟန်တူညီရင်းမှာ လူတွေကွဲပြားရင်း ပိုက်မှာထွေး နောက်ဆုံးမှာ ကလေးငယ်လေး မျက်ရည်ကို လက်ခုံနဲ့သုတ်ရင်း စီးရီးအောက်နေတဲ့ လူနံပါတ်ဟောင်းကြီးတွေကို ငေးဖူးချိန် လေက အေးလို့လားမသိ.......... နေပူကြီးမှာ ဒီ ကျွန်းနိုင်ငံလေး အနွေးထည်ဝတ်ထားရပြီ......... လက်တစ်ဖက်နဲ့ထူလို့လည်း မထ၊ လက်နှစ်ဖက်နဲ့ ထူလို့လည်း မထ၊ ဒါနဲ့ပဲ ချောလဲရောထိုင်...... ပင်လယ်မှာ ရွက်တိုင်လွှင့်ကတည်းက ထားလိုက်ပါတော့လေလို့ လက်ခုံလေးကို နှစ်သိမ့်တယ်။ ကလေးငယ်လေး နောက်ဆုံးမှာ........... ထပ်ထပ်ကာကာ မြှင့်တင်ဖို့လိုနေဆဲ ပုံရိပ်တွေကို နောက်မှ၊ နောက်မှလို့ ငြင်း........ မနက်ဖြန်ကို ပြတင်းပေါက်လေးက မျှော် မြို့လေးငယ်ငယ်၊ လယ်ကွင်းရိုးပြတ်၊ ကွန်တိန်နာတွေ အထပ်ထပ်နဲ့ ပြတင်းပေါက်ကို မနက်ဖြန်က ပြန်ငေး....... ၀ဠ်ကြွေးလို့ခေါ်တယ်။ လက်ခုံလေးကို သုတ်ရင်း မျက်ဝန်း၊ အနီတစ်ဝက်၊ ရေတစ်ဝက်၊ ပြီးတော့ အိပ်စက်ခြင်းကို ဆေးလိုသောက်တဲ့ရက်၊ ပြက္ခဒိန်မှာ ခြစ်ခြစ်ပစ်ပြီးသား မင်နီစက်..... သူ့ကျောင်းစာအုပ်လေးကို အမှတ်တရ၊ နောက်.. သတိရ သူ့ခုံတန်းလေးဆီသူပြန်လာလိုက်တယ်။ အထီးတည်းတိတ်တိတ်သွေတည် သူ့တစ်ယောက်တည်း ညီခဲ့ရပြန်ပေါ့........... လက်ခုံလေးပေါ်မှာ ရေစင်တစ်စက် ဖျပ်ဆိုတိတ်တိတ်သာသာခုန်သွား ရေစက်လေးတုန်နေလိုက်တာများ ချမ်းနေလို့လား။ ”တောက်” ဟော........ ကမ္ဘာမြေဆီ ပြန်ပေါင်းစည်းသွား၊ အသက်နဲ့ဥာဏ်ရည်မမျှသူတွေကို ဘယ်လိုခေါ်ရမလဲ.......... ပြီးတော့.... ဘယ်လို......... ငါ့မှာ လက်ခုံလေးရှိတယ်။ မင်းမှာ လက်ခုံလေးရှိတယ်။ သူ့မှာ လက်ခုံလေးရှိတယ်။ ငါတို့ ဆင်တူမျှညီ........။ ကလေးငယ်လေးတွေ မနက်ဖြန်မှာ... ကျွန်တော် လက်ခုံလေးပေါ်....... ချွေးစက်တွေပဲ ဖြူဖြူစင်စင် စိုစေချင်လိုက်တာ..... ဆောင်းလေက အေးတယ်..... ဟိုး............ ငါ့ အနောက်မြောက်က အရပ်လေး မနက်ဖြန်မှာ ဖြူစင်ပါစေကွယ်....... ဘုန်းသန့်ခန့် အခန်းတံခါးတွေကို တင်းတင်းကျပ်ကျပ်ပြန်ပိတ်လိုက်တယ်။ ဟိုး…… အရင်လိုပေါ့၊ ဖွင့်ကြည့်ခဲ့ပြီးပြီပဲ။ လေညင်းတွေကို တမ်းတလို့ မိုးမုန်တိုင်းတွေမိခဲ့ပြီ။ ပြန်မပိတ်ဘူးလို့ စိတ်ဒုန်းဒုန်းချလိုက်စဉ်ကတော့ ပိုးမျှင်တွေ၊ ပိုးမျှင်တွေ ရစ်ရစ်တွယ်တွယ်တက်နေတဲ့ ပြတင်းတွေက သိပ်လှလိုက်တာ။ နောက်မှ၊ နောက်ထပ်ထပ်ပြီးကြာတော့မှ ဖုန်ထပ်ညစ်နွံ၊ ရှင်းသန့် သန့်စင်ပြီးကာမှ ပြန်လှမယ်မှန်းသိပေမဲ့ ပိတ်ထားလိုက်ပါ့မယ်။ လေပြေတွေကလည်း တခါခါမှာ ရက်စက်တမ်းတမ်းကြမ်းလိုက်တာကွယ်။ ကျွန်တော်အခန်းလေးမှာ စိတ်အလင်းနဲ့ ကိုယ့်ကိုယ်ကို ပြန်ထွန်းမယ့်ရက်……. တစ်ကနေစ ပြန်တွက်မယ်။ အလင်းများလာမလားလို့ မျှော်လင့်မိပါရဲ့………. လည်ပြန်လှည့်ကြည့်လိုက်တဲ့နေ့မှာမှ ဗျပ်စောင်းသံတွေ ကျိုးကျကုန်ရဲ့…………….။ ဘယ်လိုပြန်တီးခတ်ရမလဲဆိုတာကို သိမှု့၊ ဖျောက်ဆုံး၊ နိဂုံးဆင်ဖိုနီ၊ ကိုယ်ခတ်ထားတဲ့ စည်းကို ပြန်ရုန်းထွက်ရတာလောက် ခက်ခဲ့တယ်။ ထူး၊ ဆူး၊ မီးတောက်ရူးရူး။ အခန်းတံခါးကို တင်းခတ်ခတ်ပြန်နွယ်တက်လိုက်ပါ။ ၀ပ်ကျောင်းတော်ကိုစွန့်လို့ ကိုယ်းကွယ်ခဲ့တဲ့ကောင်……. ထောက်ထားတဲ့ ဒူးတွေကို ဖုန်မှုန်မှုံ ခါပြန်သုတ်လို့ အောင်လံကို ပြန်တင်မယ်………. လရောင်တို့ဖြင့်မလင်းသောညကို လို၏။ တဆင့်ခံလင်းပွင့်မှုများ၊ ကြားနေသပ် ရောင်ခြည်၊ လရောင်ဖြင့် မလင်းသောညကို လို၏။ မှောင်သောည၊ မမိုက်သော လူသားက ကိုယ်ပိုင်လင်းပွင့်လိုက်တဲ့ည၊ သရဖူအပ်လို့ ကိုယ်းကွယ်မိသူ နောင်တ၊ ထိုညတွင်းတွင်ပင် ကျွန်တော်ပြန်နိုးထလိုက်သည်။ ဖျပ်ကနဲလက်လာတဲ့ အောင်လံတံခွန်မှ တံဆိပ်ကို မြင်မိခိုက် အသားကျဒူးတို့ ညွှတ်ဆင်းလိုကြလား။ ငါက နတ်ဘုရားပဲ …….. နောက်ဘယ်တော့မှ မ၀ပ်တွား၊ ငါ့နန်းကို ငါတက်မည်။ ထိုမာန်ဖြင့် ခုတ်ပိုင်းချလိုက်သောည၊ အဆက်ဆက်ငုံ့ခဲ့သော ခေတ်များကို ပြန်ရေးသူ ဇွဲမာန်လှိုင်းထလို့………….. အောင်လံတော်မှာ ငါ့ပုံတော်နှိပ်တဲ့ည၊ ပုလ္လင်ထက်မှာ ငါသာမြန်းကြွ၏။ မြှောက်စည်သံတိတ်ပါ……….. မြှောက်ပြောသံတိတ်ပါ………. တိတ်ဆိတ်လင်းပွင့်ည။ နှဲ့ပါများသော ငုတ်တိုင်ဘ၀…… အစမှ ကျွတ်ထွက်လိုက်ပြီး မြားတစ်စင်း တမဟုတ်ချင်းဖြစ်ထွန်း ပစ်ခွင်းလိုက်တယ်။ မိုးထက်က လာသမျှတွေ၊ ဟောဒီရင်မှာ လျှံသမျှတွေ၊ ဘယ်သူမှမသုံးတဲ့အခါ ချက်ချင်း ကိုဓထုတ်ရုတ်သိမ်းလိုက်စမ်း။ ဒီလိုအာဏာကို ငါပြန်သိမ်းတယ်။ မေတ္တမုဒြာကိုသာ ညွန်းခဲ့တဲ့လက်လေးမှာ ဟောဒီဓားထက်ထက်ကို ပြန်တပ်ပေးလိုက်ရတာ…………၊ ကိုယ့်ကိုယ်ကို အားနာပါရဲ့………. မေမေ။ ကျွန်တော်ပေးခဲ့သမျှတွေကို ဘယ်သူတိုင်းကမှ တရိုတသေ နေနေသာသာ ပြီးလွယ်စခတ်တောင် ရောင်ပြန်မဟပ်ခဲ့ဘူး။ အဲဒီ ထူးတွေကို ကျွန်တော်ဘယ်သူအတွက်ဆက်ခက်တော့မှာလဲ။ ယဉ်ကျေးမှု နာမတပ်ပြီး ကိုယ့်ကိုယ်ကို မလိမ်တတ်ပါဘူး….. အရှင်၊ အဲဒီအတွက်နဲ့ပဲ ဒီလိုလူကို ကိုယ့်ကိုယ်ကို ဖန်ဆင်းခွင့်ပေးလိုက်စမ်းပါ။
ဒီမာန်ဟုန်ထက်ထက်ဓားနဲ့ လောကတစ်ခွင်ကို အခန်းကျဉ်းထဲမှာ နန်းထိုင်အုပ်စိုးချင်တယ်။ တေးတွေကို တီးတဲ့လက်ကို ဓားတပ်ပြီး စစ်ကိုချီမယ်ဟန်နဲ့ တပ်တော်ကို အောင်စည်တီးဖြန့်မယ်။ ဟန်မှုရာဘီအိပ်မက်နဲ့ တဖျပ်ဖျပ်လက်လာတဲ့ ငယ်သွေးငယ်ရောင်ကြောင့် နတ်ဘုရားတို့ ၀ပ်တွားစေရမယ်။ ငါက နတ်ဘုရင် ဖြစ်တယ်။ လောကထပ်ထောင်သောင်းကို ဖောင်းကနဲ မီးဟုန်းပန်းပန်းပြန်ကန်ထွက်မယ့် သည်းခံလွဲရင်ခွင်ကိုဝတ်ဆင်ပြီး……… ငုံ့ခံခဲ့တဲ့ကောင်လေးကို အခန်းကျဉ်းထဲမှာ မြင်နေရပြန်ပေါ့….။ မီးဗုံးတစ်လုံးပြီးတစ်လုံး ဆင့်ဆင့်မျိုသလိုမျိုး အံကြိတ်ခံခဲ့မိသူဘ၀မှာ အရာရာဟာ နှင်းဖုံးကာထပ်ဝါး။ ပစ်ချတော့မယ် သေနတ်မောင်းကို တစ်နှစ်သုံးရေတင်သလိုမျိုး နံပါတ်စဉ်တပ် ငုံ့ခဲ့သူ ကို ဘယ်သူကယ်ပါ့၊ အိုလောက………… ။ ငါက မြတ်သောမာန်ကို ထန်ထန်ရောင်ထွက်ပြီး တသသသွေးနေခဲ့တဲ့ကောင်၊ ယူရေနီယံလူသား….. ဒီတော့ နင်းခဲ့သောခြေများ၊ ကန်ခဲ့သော ခြေများ၊ စုံစုံစေ့စေ့မှတ်သားပြီး တိတ်တိတ်လေး ဓာတ်ကြွနေတဲ့ကောင်၊ ကဲအခု…….. ငါ……………. ခေါင်းကိုမော့၊ ရင်ကော့ပြီး တဖောင်းဖောင်းထ ပေါက်ကွဲမယ့်ည၊ စွယ်ရောင်ဖွေးဖွေးနဲ့ လင်းပွင့်ရောင်လား၊ လင်းယောင်လား။ အိုလောက…… မှားသောလမ်းကို ထွင်နေသူကို ဘယ်သူကယ်ပါ့…….. မေတ္တမုဒြာကို လှသည်ထက်လှအောင် သုံးနိုင်သူဟောင်းကို သွေးစက်စက်ဓားနဲ့ ဘယ်သူမြင်ပါ့…… တဒင်္ဂသော ဥာဏ်မိုက်စဉ်ကို ဘယ်သူပြင်ပါ့….။ ငါက နတ်ဘုရား ဟော့ဒီ ငါ့ထက်လျှလျှလင်းယောင်ဓားနဲ့ ငါ့အလင်းကို ဖန်ဆင်းမယ်။ ငါဟာ လင်းပွင့်နိုင်သူဖြစ်တယ်။ ငါဟာ လင်းပွင့်နိုင်သူဖြစ်တယ်။ ငါ့ကို မလင်းဝံ့သူထင်လို့ ဖိနှိပ်ဖယ်ခွာခဲ့သူတိုင်းကို မာန်ဓားဝံ့ဝံ့ ၀ပ်တွားစေမယ်။ ငါက နတ်ဘုရား……….. ငါက နတ်ဘုရား။ မေတ္တမုဒြာကို မှန်ယောင်ဟပ်လွဲသုံးမိသူကို ဘယ်သူကယ်ပါ့……. သမုဒယနှောင်ကြိုးကို အတ္တကြိုးလဲ ဖြတ်ချင်သူကို ဘယ်သူကယ်ပါ့။ ငါက နတ်ဘုရား….။ ဘယ်သူ ကယ်ပါ့။ ငါက နတ်ဘုရား…..။ ဘယ်သူ ကယ်ပါ့။ ငါက နတ်ဘုရား……။ ဘယ်သူ ကယ်ပါ့။ ငါက နတ်ဘုရား…..။ ဘယ်သူ ကယ်ပါ့။ ငါက နတ်ဘုရား…။ ဘယ်သူ ကယ်ပါ့။ ငါက နတ်ဘုရား။ ဘယ်သူ ကယ်ပါ့။ ဘယ်သူ ကယ်ပါ့။ ဘယ်သူ ကယ်ပါ့။ ဘယ်သူကယ်ပါ့။ “အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ၀ိညာဏံ၊ ၀ိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဋ္ဌာယတနံ၊ သဋ္ဌာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါန ပစ္စယာ ဘဝေါ၊ ဘ၀ပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာ မရဏ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘ၀န္တိ၊ ဧ၀မေတဿ ကေ၀လဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။” မိုးခါးတွေရွာနေလို့ မထွက်လာသေးတဲ့ အလင်းကို မျှော်နေကြသူတွေကြောင့် တနေ့တခြားပိုပူလာတဲ့ လောကမှာ နေရထိုင်ရခက်လိုက်တာ။ တမဟုတ်ချင်းလင်းပွင့်နိုင်တဲ့ မီးအိမ်တွေဘေးချပြီး လမ်းပြသူကို ဘေးဖယ်ချ……. လမ်းမထက်က သွေဖယ်နေရတဲ့ဘ၀တွေများလိုက်တာ။ အဲဒီအမွှေးတိုင်တွေကို ဖယ်လိုက်ကြ၊ အဲဒီ မီးခိုးတွေကို ဖယ်လိုက်တဲ့အခါ ကြာဖြူပွင့်မြတ်ရှင်းသန့်လာမယ်။ အဲဒီ ပန်းစုံမှိုက်တောကို ရှင်းလိုက်ကြ၊ အဲဒီ ချိုချိုအီရနံတွေ ဖယ်လိုက်တဲ့အခါ ကြာဖြူပွင့်မြတ်ရှင်းသန့်လာမယ်။ ငြိမ်းချမ်းရာအရပ်မှာ ကြာဖြူပွင့်တွေ၊ ဂျူံဖြူခင်းတွေ၊ ………..တွေ၊ ……….တွေ………………… သူ့ဟန်နဲ့သူ သိပ်ကိုလှတယ်တဲ့….. ကျွန်တော့်ကို ဖန်ဆင်းခွင့်ပေးလိုက်စမ်းပါ……..။ အစကနေအဆုံး၊ မျှော်တော်ယောင်ရွှေပေလွှာတွေကို ဖယ်ပြီး ကျွန်တော် ပြန်ဖြူစင်ချင်ပါပြီ။ ထီးလေးတစ်လက်မိုးပေးပါ။ ကျွန်တော့်ဓားကို အပ်ပါတယ်။ ရင်ခွင်ပေါ်မှာ ဘယ်လက်ပေါ်ညာလက်အုပ် ဟောဒီလောကကို မေတ္တာဆေးသုတ်ပေးပါ့မယ်။ မှန်ယောင်ထင်ဟပ် အဲဒီစိတ်လမ်းဖျက်တွေကို နွံတွင်းမှာ ဖြူဖြူလင်းလင်းပွင့်လာတဲ့ ကြာမြတ်ဖြူလို ထွန်းခွဲပွင့်လဲ့မယ်။ လူတူလူတွေကြားမှာ နေရင်း စိတ်ရှင်းလက်ရှင်းဖြူစင်လိုက်ပါ့မယ်။ ကံကြမ္မာလို့အမည်တပ်ပြီး ကိုးကွယ်လာမိတဲ့ အားငယ်စိတ်၊ တလွဲမာန်၊ မှားယွင်းလွန် သည်းခံမှုကနေ မြင့်မြတ်ငြိမ်းသော သစ္စာတရားဆီ သွားချင်ပါတယ်။ လောကတွင်းမှာ နေရင်း ကိုယ်ပိုင်အလင်းနဲ့ လင်းချင်ပါတယ်။ လင်းပွင့်ရောင်ခြည် ……..၊ လရောင်တို့ မလိုပါ။ ထိုညသည် မိုက်မှောင်ခွင့်ကို ပေးပါ၏။ သို့သော် ရင်မှ ထွက်သော လင်းပွင့်ရောင်ခြည်ဖြင့် လောကထောင်ထောင်ကို တိတ်တိတ်လေး လင်းပေးလိုပါ၏။ လရောင်တို့ မလိုပါ။ ကိုယ်ပိုင်သော အလင်းတို့ဖြင့် ချင်းချင်းလင်းစေ့ပါမည်။ “ Do not go by revelation or tradition, do not go by rumour, or the sacared scriptures, do not go by hearsay or mere logic, do not go by bias towards a notion or by another person’s seeming ability and do not go by the idea “ He is your teacher”. But you yourself know that a thing is good, that it is not blamable, that it is praised by the wise and when practiced and observed that it leads to happiness, then follow that thing.” Doors, closed already, closed? How can I reopen? The Sin of Son of the man Still the sin of son of the man? I want to be A Liberated Being. I want to be A Liberated Being. Doors, closed already, closed? Verily I say unto you, If ye have faith as a grain of mustard seed Ye shall unto this mountain, Remove thee to yonder place: And if shall remove; And nothing shall be impossible unto you. ထိုသို့ဖြင့် တံခါးတို့ ဟင်းလင်းပွင့်၏။ မီးကား တောက်ထသည်။ သို့သော်မပူ။ ငြိမ်းမြသော မီးလျှံအေးအေးဖြင့် တလက်လက်လင်းလာသော စိတ်သည် ငြိမ်းချမ်းမှုတိုဖြင့် အတိပြီး၏။ မည်သို့သော လူသားကမှ ထိုမီးလျှံကို မငြိမ်းနိုင်။ အေးမြ၏။ လင်းပွင့်၏။ ခိုလှုံသူများကို အေးမြစေ၏။ ဆင့်ဆင့်ပွား လင်းပွင့်စေ၏။ လေညင်းအေးအေးလေးကို တ၀ရှိုက်သွင်းရင်း………… လောကကို ကြည့်မိသည်။ လှလိုက်သည့်ဖြစ်ခြင်း။ ကောင်းကင်ကလည်း လှသည်။ အေးမြသည်။ ရေပြင်ကလည်း လှသည် အေးမြသည်။ ရောက်ရာပေါက်ရာ လေလိုဘ၀မှာ ခဏခဏခေါက်ခဲ့ဖူးသော တောက်ခေါက်သံတို့ ဝေးသွားခိုက်တွင် သိပ်ကိုလှလာသည်။ ဥပေက္ခာတရားကို တကယ့်အစစ်အမှန်သိသွားခိုက်မှာ သံသယတို့ကို ကင်းရှင်းပစ်လိုက်နိုင်လာ၍ ပိုလှလာသည်။ အရာရာကို အမြင်သစ်ဖြင့်၊ မြင်လူတိုင်းကို စာနာစိတ်ဖြင့် ကျွန်တော်ကြည့်တတ်အောင် ကြိုးစားရဦးမည်။ ကျွန်တော်၊ ခင်ဗျား၊ လူသား။ နှလုံးသားအသစ်နဲ့ ကျွန်တော်၊ ခင်ဗျား၊ လူသား လောကဆီပြန်မွေးဖွားလိုက်မည်။ ကျွန်တော်၊ ခင်ဗျား၊ လူသား …….. လင်းပွင့်နိုင်တဲ့ လူသား။ မှန်သောစိတ်ဖြင့် လင်းပွင့်တတ်ကြပါစေသတည်း……. မှန်သောစိတ်ဖြင့် လင်းပွင့်နိုင်ကြပါစေသတည်း……….. မှန်သောစိတ်ဖြင့် လင်းပွင့်နိုင်ကြပါစေသတည်း……….. ဘုန်းသန့်ခန့် A122030MAY10GMT+10 ဒီတစ်ခါတော့….
ခုံတန်းလေးမှာ ထိုင်ပြီးပြုံးရယ်နေတဲ့ ကလေးငယ်လေးက ရွှင်ရွှင်မြူးရယ်မောပျော်ရွှင်လို့……….. (သားလေးကို သူ ပွေ့ချီမထားမိတော့ဘူး။) ကစားကွင်းထဲက လွတ်လပ်စွာပျော်နေတဲ့ ဟန်ပန်နဲ့ သူ့ရင်ထဲက တစ်စင်းတည်းသော အလင်းတန်း စကားတွေ တတွတ်တွတ်ဆိုလိုက်တာဗျာ။ (သားလေးကို သူ ပွေ့ချီမထားမိတော့ဘူး။) ဒီတစ်ခါတော့….. တိရစ္ဆာန်ဥယျာဉ်ထဲမှာ ကလေးငယ်လေးက မေးရဲ့ “လူဆိုတာ ဟိုး…….. မျောက်တွေက ဖြစ်လာတာလား” တဲ့။ “မဟုတ်ဘူး။ လူဆိုတာ ဟောဒီ…… လက်ဝဲရင်ထဲက ဖြစ်လာတာ။” (“လက်ဝဲရင်ထဲက ၀င်းကနဲ ထွန်းလိုက်တာပါ”.. ၀င်းကနဲ၊ လက်ကနဲ……….) ပညာရှင်လေး စဉ်းစားသွားရရော…… (သားလေးကို သူ ပွေ့ချီမထားမိတော့ဘူး။) ပုံပြင်ဆုံးတဲ့အခါ သူငယ်လေးက အိပ်ပျော်သွားပြီ။ သူ့မှာသာ လုံးချာဝန်းချာလိုက်လို့ သန်းခေါင်ထက် နက်ခဲ့ရဖူးရဲ့…….. (သားလေးကို သူ ပွေ့ချီမထားမိတော့ဘူး။) ပုံပြင်ထဲမှာတော့ စုန်းအိုကြီးလက်က သားကို အဖေက မေတ္တာတရားနဲ့ ကယ်ဆယ်နိုင်ခဲ့တယ်။ ဒီပုံပြင်စာအုပ်လေးကို အစကပြန် ထပ်ကာထပ်ကာ ဖွင့်ဖွင့်ဖတ်မိပေါ့…… (သားလေးကို သူ ပွေ့ချီမထားမိတော့ဘူး။) လမင်းကြီးကတော့ သာနေတာပါပဲလေ။ ရွှေလင်ဗန်းကြီးကိုင် ထမင်းဆီဆမ်းတွေကိုတော့ မတောင်းပေးဖြစ်တော့တာ ကြာပြီ။ (သားလေးကို သူ ပွေ့ချီမထားမိတော့ဘူး။) သူပဲယောင်ရမ်း လွှဲမိသွားတာလား။ လေပဲတိုက်လိုက်လို့လား။ ဒန်းငယ်လေးက ရယ်ရင်းမောရင့် လှုပ်ရှားလို့…………. ဘုန်းသန့်ခန့် UN08 အဲဒီ ကဗျာလေးကို ကျွန်တော် လူတစ်ယောက်အတွက်ရေးပေးခဲ့တာပါ။ သူကလည်း ကျွန်တော့်ကို မသိဘူး။ ကျွန်တော်ကလည်း သူ့ကို မသိဘူး။ ပိုဆိုးတာက ဒီကဗျာလေးကို သူ့အတွက် ရေးပေးလိုက်တယ် ဆိုတာတောင် မသိပါဘူး။ လက်ဘက်ရည်ဆိုင်ထိုင်နေရင်း ကြားလိုက်ရတဲ့ စကားလေးတစ်ခွန်းကြောင့် ကျွန်တော်ရေးဖြစ်သွားတာ။ ဖခင်တစ်ယောက်ဆိုပြီး ကိုယ့်ကိုယ်ကို စတင်ဂုဏ်ယူကာစ၊ ဖခင်တစ်ယောက်ရဲ့ ရင်တွင်းစေတနာကို ကိုယ်တွေ့သိကာစ၊ တီတီတာတာ စကားတတ်ကာစ သားငယ်လေး၊ နောက်ပြီးအများကြီးပေါ့……….. လွတ်ကျသွားတဲ့လူတစ်ယောက်၊ သူ့ကိုယ်သူပြန်တည်ဆောက်နေတဲ့ အကြောင်းလေးပေါ့…….. |
Author
|


RSS Feed