|
မှားခဲ့တယ်ဆိုရင်လည်း ခဲဖျက်ဖြူဖြူနဲ့ပဲ ဖျက်ပေးစမ်းပါ့….
နက္ခတ်တွေ ယူယူမလာနဲ့……………………………. ငါက နတ်ဘုရား ငါ့ကောင်ကင်းမှာ လူသားလက်ဖ၀ါးနဲ့ပဲ တောက်စားမယ်။ ချော်လဲမယ် ရောမထိုင်ဘူး….. စိတ်ကို ပြန်ဆွဲ ငါ အံခဲဆက်တက်မယ်………. ဘယ်ငြမ်းဆင်ငါ့ကို ဖြိုမလဲ………… တစ်ကနေ တစ်ဆယ်ကြား ပြန်မထနိုင်တိုင်း မရှုံးပါဘူးကွယ်………. လောကက မာယာများလိမ့်မပေါ့…. ဘယ်သူမှ မရှိဘူးဆိုတာလည်း သိရဲ့…… နီးနီးလွန်လို့ဝေး………………….. ကျွန်တော့် တိတ်တိတ်လေး ပြန်တက်ခွင့်……. တေလေတစ်ကောင်ရဲ့ အဘိဓမ္မာ၊ တောင်ကတုံးတစ်လုံးရဲ့ ခံစားချက်၊ ကမ်းဟောင်းတစ်ခုက ပြောတဲ့စကားသံ၊ မြစ်ကျိုးအင်းတွေက ပင်လယ်ကို ပြောင်းပြန်လှန်မယ်…….. စကားတစ်လုံး၊ စာတစ်မျက်နှာ………… အဲ့လိုလေးမှာ ပြိုခဲ့တဲ့လက်၊ ရပါတယ်…………. မနက်ဖြန်မှာ နေကို ငါ့လက်နဲ့ ဆွဲထုတ်ထွန်းစေ့မယ်…. ၀တ်မှုန်…………. ငါ့ကို ရေတစ်မှုတ်၊ ကွမ်းတစ်ယာနဲ့ ကြိုချင်လည်း ကြိုပေးပါ…………… ဘုန်းသန့်ခန့် UN06APR11
0 Comments
နွေဦးပေါက်ပြီ ထင်ရဲ့ ဥသြသံတွေကြားနေရတယ်… မေမေ
နှင်းတွေလည်း ကျဲပါးပျောက်ရောပေါ့လေ… နွေဦးပေါက်တိုင်း…. ကျောင်းတော်ရှေ့က ကျိုးကျဲဝါးတွေနဲ့ ခိုင်ထားတဲ့ ထမင်းဆိုင်အိုအိုလေးကို လွမ်းမိရဲ့… မေမေပေးတဲ့ ကျောင်းလခရယ်၊ အဲဒီ ထမင်းဆိုင်အိုလေးရယ် သားကျောင်းသားဘ၀ စာမျက်နှာတွေမှာ ခြေရာချင်းထပ် အဲလိုပဲ မြင့်မြတ်ပစ်လိုက်တဲ့ ရက်တွေပေါ့…. ဆိုင်ရှင်အဖွားအိုက သားကို အရိုးအရင်းတွေ မကျွေးပါဘူး…မေမေ ဒါပေမဲ့ တချို့တွေအတွက်တော့ အရိုးအရင်းသိပ်ဆန်နေလိမ့်မယ်။ တစ်နေ့နဲ့ တစ်နေ့…. ကျွန်တော်စာအုပ်လေးထဲမှာ ဆိုင်အိုလေးရဲ့ အလှကို တစ်မျက်နှာမက ရေးချထားတယ်…မေမေ…. နွေဦးပေါက်တော့မယ်…… နှင်းတွေလည်း ပျေက်တော့မယ်… ဆိုင်အိုလေးဆီ ပြန်ရောက်အောင် သွားချင်သေးရဲ့ မနက်ဖြန်မှာပေါ့လေ………. မနက်ဖြန်မှာပေါ့…. မေမေရယ်………. ဘုန်းသန့်ခန့် |
Author
|


RSS Feed