|
ထိုသို့ဖြင့်ပင် နေတို့ ကွဲအက်လိမ့်မည်။
ဒူးထောက်ပေးခဲ့သူဘ၀များ…. ဖေဖေ…. မပြေလည်မှုတွေကြားမှာ ဘယ်လိုအင်အားတွေနဲ့များ ရှင်သန်ရဲဝံ့ခဲ့သလဲဟင်။ သားကို သင်ပေးပါ။ လက်ကို မမြှောက်ဘူး…… ငါက မြေပြင်မို့လို့ ဒူးထောက်ဟန်နဲ့ပေမင့် လက်စုံမမြှောက်ဘူး။ အရာရာဖြတ်ချပြီး အသစ်လို့ လုပ်ပစ်လိုက်ထားရတဲ့ ဘ၀မှာ… ဘယ်သူတွေများ အားကျနေတာလဲ။ ဘာမှမရှိကြောင်းသိအောင် ပြောချင်ပါရဲ့……… ဖေဖေ… ဘယ်လိုလူကမှ နားမလည်ကြဘူး……. ထိုသို့ဖြင့်ပင် နေတို့ ကွဲအက်ခိုက်မှာ လမ်းလွင့်လွင့်မှောင်နေသော…. ညများ……နေ့လား…….နေ့များ…….ညလား…….. ငါက မပါတော့သော………. ဇာတ်ရုပ်တစ်ခု… ဝေးဝေးရောက်အောင် ဟုန်းဝုန်းထထန်ချင်ခဲ့လည်း……… ခေါင်းကို ရမ်းလှုပ်ငုံ့ရင်းခါ………. ဖေဖေ……… မပြေလည်မှုတွေကို ဘယ်လိုအားတွေနဲ့ ရင်ဆိုင်ခဲ့ပါသလဲ။ သားမျှော်လင့်ခဲ့တဲ့………. ဘ၀အစဟာ ဒီလိုမဟုတ်ဘူး။ အရာရာကို သိအောင်လိုက်မလုပ်တော့ပါဘူးလေ။ သားဘ၀က ဟော့ဒီ ကွက်ကွက်လေးမှာ ဆုံးတော့မယ်တဲ့လား……. ခြူးပြားတွေများများလာတိုင်း…. ကျွန်တော်…….အသားကျ…….. အခုဆို စိတ်မှာ အရိုးပဲကျန်တယ်… ဒီလိုနဲ့ရောက်လိမ့်မယ်ပေါ့……….မနက်ဖြန်………. ဘယ်သူတွေက မှန်လိမ့်မလဲ….. ဘာမှမကျန်အောင်……….ဖျက်လိုက်သလို ဘာမှမရှိသလိုနေထိုင်ရင်း………… မိုးကို မြှောက်ထားသောလက်ကိုလည်း ရုတ်လိုက်ပြီ။ မြေကို နင်းထားသော ခြေကိုလည်း ကြွလိုက်ပြီ။ ထိုသို့ဖြင့် ငါ့ကို မေ့သွားကြလိမ့်မည်။ ငါ………… ရွာဖူး၏။ ငါ……….. သာဖူး၏။ သို့သော်…………. မသိကြ……. ထိုသို့ဖြင့်ပင် ငါ့ကို မေ့သွားကြလိမ့်မည်။ မထူးဆန်းခဲ့ပါ……….. ငါက ခေါက်မုန့်လေးတစ်ခုပဲလေ ချိုးလိုက်ရင် ကြေ…….. လေတိုက်တော့ လွင့်……… ရေထိတော့ ပျော့…….. ဒါပေမယ့်……..မှတ်ထားကြကွယ့်…. ငါဟာ………… ထိုသို့ဖြင့်ပင် နေတို့ကွဲအက်ကုန်ကြပြီ။ ဘုန်းသန့်ခန့် P112030JAN10P’Klang
0 Comments
ငါကလည်းငါပဲ…..သူကလည်းသူပဲ။
မတူဘူးဆိုတာနဲ့တင် ကွဲပြားမှာပါ…။ အတင်းတူ ပေးဖို့တောင်းပန်ကြည့်လိုက်မှ ပိုကွဲပြားတာတွေ့ရ၊ ဟိုးလယ်ကွင်းပြင်ထဲမှာ ထွန်တုံးရယ်…နွံရုန်းနေတဲ့နွားတစ်ကောင်ရယ် နေကလည်းသိပ်ပူပြင်းလှရဲ့……….. ခမောင်းဆောင်းထားတဲ့လူကလည်းငါ… ထွန်ရှေ့ဝင်ကျူးမိတဲ့ကောင်လည်းငါ……. အတင်းတူပေးဖို့ တောင်းပန်ကြည့်လိုက်မှ ပိုကွဲပြားတာတွေ့ရ၊ ကိုတာရာရေးခဲ့သလိုပေါ့……. ငါက သတိရသူမို့ မိုးကိုကြည့်တယ်……. အဲဒီအခါ မိုးက ငါ့ကို ပြန်ကြည့်နေလား။ အတင်းတူပေးဖို့ တောင်းပန်ကြည့်လိုက်မှ ပိုကွဲပြားတာတွေ့ရ။ ဟယ်လို..ဟယ်လို…လို့ ခေါ်ရင် ပြန်ထူးတတ်အောင် သင်ကြားပေးလို့ဖြစ်မလား…ဒါမှ မဟုတ် သူ့နံပါတ်လေးကို တစ်ယောက်တည်းခေါ်ခွင့်ရှိမလား။ မင်းကဘယ်သူလဲဟင်လို့…မေးလိုက်တဲ့အခါ ငါ့ကို ပြန်ဖြေမှာလား……. ငါကဘယ်သူပါလို့ မမှတ်ထားနဲ့………………… တိတ်တိတ်လေးသာ ခမောက်ဆောင်းထားတဲ့လူကလည်းငါ …. ထွန်ရှေ့ဝင်ကျူးမိတဲ့ကောင်လည်းငါ…. နေကသိပ်ပူခဲ့တယ်။ နေကပူပူ ……….. ငါ့ကို တံလျှပ်ပေးပြီး နှစ်သိမ့်လှိုက်ဆူစေ…………. အတင်းတူပေးဖို့ တောင်းပန်လိုက်ကာမှ ပိုကွဲပြားတာတွေ့ရ…….. ငါ့ခေါင်းကိုစားရင် မင်းဖြစ်မှာလား။ ရူးသလိုပေါသလိုနဲ့ ခြံစည်းရိုးပေါ်တက် ရင်ကော့ပြီးလင်းကြက်လို့ ဘာသာတွန်ပြခဲ့ရ၊ ဥဒေါင်းမင်းလည်း ညွှတ်ကွင်းမှာမိတာ… နေထွက်ချိန်မို့ထင်ပါ့… ငါ့မျက်လုံးတွေတဖြည်းဖြည်းပြာလို့လာ…၊ အော်……….တခါတရံဆိုတာ..တခါတရံဆိုတာ ပေါင်းလိုက်တော့သိပ်များသွားလိုက်တာ….. ဘုရားအိုနံဘေးချောင်မှာ ကုပ်ကပ်ထိုင်ရင်း ငေးငေးတွေဝေနေတဲ့ ကောင်းလေးငယ်နဘေးမှာ မျှော်လင့်ချက်အစုံ၊ ယုံကြည်မှုတွဲပစ်ချ ငါဘယ်တော့မှပြန်မထချင်လောက်အောင်…………………. ……………………………………………………………………………….. ………………………………………………………………………………….. * * စစ ဓဓ ……………………………………………………………………………………. …………………………………………………………. လက်ချောင်းတွေချိုးရတာညောင်းလာပြီ။ သစ်ရွက်လေးနှစ်ဆယ့်သုံးရွက် ကြွေသာကြွေခဲ့ရတယ်……. နောက်ဆုံး၊ သည်းခံ့၊ အောက်ကျို့၊ မတတ်နိုင်တော့တဲ့အထိ တတ်နိုင်လို့…………. ကြွေကျပေးဖူးပြီ…….. မုန့်အိပ်ခွံလေးတွေနဲ့အတူ…………..၊ ခြေရာသေးသေးလေးတစ်စုံ၊ အခန်းကျဉ်းကျဉ်းလေးတစ်ခု၊ နော က်…….. ………………..နောက်………………….. ………………………….နောက်……………. ပြန်လှည့်ဖို့ မဖြစ်တဲ့ကွင်းပြင်တစ်ခု…… ဘယ်သူက ငါ့ကို နက်ထွင်းဖောက်ဖောက်နားလည်းမလဲ။ ဘယ်သူက ငါ့လို ဘုရားအိုဘေးမှာ ငေးနိုင်မလဲ။ ငါ့စကားကို ကြားအောင်နားထောင်သူ လက်ညှိုးတစ်ဝက်စာမပြည့် လယ်ကွင်းပြင်တစ်ကျောလုံးလောင်အောင်ပူတဲ့ နေ………………. ဘုန်းသန့်ခန့် P0904200110PER0ZI တစ်ခါတည်းနဲ့တင် ငါက ပြာကျချင်ခဲ့တယ်
အိပ်မက်တစ်ခုတည်းသာ ထပ်တလဲလဲမက်ချင်သူကိုး ငါက တစ်ခါတည်းနဲ့ပြာကျ........ ငါအထပ်ထပ်ကြိုးစားမိတာ အကြိမ်ကြိမ်........ ဒါပေမဲ့ ငါသာ အကြိမ်ကြိမ်ကြိုးစားမိသူ.. ငါက ဘာလဲ........ ထီးချက်စောင့်နတ်လား..... နန်းစောင့်ဘုရင်လား.......... ဟား...ဟား.....ဟုရယ်မိသော်...... ငါက ဘာလဲ.............. တစ်ပါးတည်းပွင့်ဖို့မေ့ခဲ့တဲ့ နတ်ဘုရားလား။ အရာရာမှာနောက်ကျသူ....ပေါ့....... တင်ကြိုပြောတတ်တဲ့ဖန်လုံးတွေထဲမှာ ရယ်စရာအရုပ်သာမြင်ရသူ.......လေ။ သိပ်ကို ၀မ်းသာမိတာပေါ့ လက်ပြသူမဲ့စွာ.......... ထွက်ခွာ......... ငါက ပါးစပ်ဗျောက်တောင်မဖေါက်တတ်ခဲ့ဘူး။ စည်းကျနည်းကျ.......အင်းလေ..ဘာမှသင်မရခဲ့သူပဲ။ ဒီလိုနဲ့........ပြန်တွဲတွဲထားရတဲ့ မျက်ရည်စက်တွေ ငါ့မှာ..........ငါ့မှာ........... ကလေးဘ၀ကလို ခေါင်းလေးခါလိုက်.......နောက်... ကျောက်ဆောင်သေးသေးလေးပေါ်တက်ထိုင်ရင်း.... အဝေးကို ငေး.......... ငါက တစ်ခါတစ်ခါမှာ သိပ်ပြီးရှေးရိုးဆန်တတ်တယ်။ ငါ့ကပဲမှားတာဖြစ်ပါလိမ့်မယ်။ လူတိုင်းကပြောဖူးတာပဲ။ငါက မှားတတ်တယ်။ သိပ်ပြီးတစ်ကိုယ်ကောင်းဆန်တတ်သူလေ။ ငါ့ကို လူဝင်မဆန့်ဘူးလို့ပြောပြီး..... စည်းသားပိတ်ပင်.......ငါဝင်မလာပါဘူး။ သိပေမဲ့ဝင်မလာပါဘူး။ ငါက ရွာချဖို့သာ လာခဲ့တဲ့မိုးတိမ်ပါ....မချိမ်းပါဘူး။ မမှောင်ပါဘူး................။ တစ်ယောက်တည်း.......ကြိတ်ပြီးထိုင်ခဲ့ရတာ တစ်ယောက်တည်း.......စကားပြောခဲ့ရတာ ငါ့စကားကို ငါ့နားတစ်ခုကပဲမပျင်းမရိနားဆင်ပေးခဲ့တယ်။ လုံလောက်ပါပေါ့ကွယ်........... ရွာဖို့သာလာခဲ့သူမို့............... မနှစ်သက်သမျှကို မျက်ကွယ်ပြုသွန်းဝံ့ပါတယ်.... ချိုးချင်သူတို့...........ပျော်ကြပါစေကွယ်..... ငါကတော့.......ငယ်ငယ်ကလို..... ဘုရားအိုတံတိုင်းပေါ်မှာ....တိတ်တိတ်လေးထိုင်ရင်း... ငါယုံကြည်တဲ့ကမ္ဘာလေးက ငါ့ကိုလှောင်ပြောင်ရင်း... အရာရာကို ............ |
Author
|


RSS Feed