|
သူ သူမ ကို ကမ္ဘာဦးမရောင်ခင်တည်းက တွေ့ခဲ့တာ သေချာတာက သူမ ဟာ နံရိုးတစ်ချောင်းမဟုတ်ဘူး စေတန်ရဲ့ဖျားယောင်းခံမဟုတ်ဘူး သူ မဟုတ်ဘူးလောက်ဘဲ သူမ က သူနဲ့ကွာခြားတယ် သူမ ဟုတ်တယ် သူ မ ဖြစ်လာတယ် သူမ ကနေ သူ မ မီးဖိုတတ်တယ် သူ မ အစားစားတယ် သူ မ အိပ်တယ် သူ မ သူ မ မွေးတယ် သူ အမဲလိုက်တယ် မ သစ်သီးဝလံလိုက်တယ် သူ ဖျားတယ် မ ဖျားတယ် သူ မ ဖျားတယ် ဂူနံရံထက်မှာ သူမ ကို သူရေးခြစ်ပြတော့ သူ မ တွေ တွေ့ မီးကို ကိုးတယ် ကွယ်တယ် သူ မသေတယ်ကို ကိုးတယ် ကွယ်တယ် သူ မ ဗီဇကို ကိုးတယ် သူ မြင့်မြတ်ပြီလား မ မြင့်မြတ်တော့ဘူး သူ မ အိပ်တယ် သူ မ စားတယ် သူ မ သေတယ် သူ မသေခင် သူမ သေသွားတယ် သူ ဘုရားဆုပန်တယ် တမာန်တော်လုပ်တယ် ဘုရားသခင်ကိုယ်စားလှယ်လုပ်တယ် မ လုပ်ရဘူး သူ မလုပ်တာ ကျွန် သူမ လုပ်တာကျွန် သူ နီတိတွေရေးတယ် မ ပါဘူး သူ နိုင်ငံကို အုပ်ချုပ်တယ် မ ပါဘူး သူ မမှောင်ဘူး သူမ မှောင်တယ် သူ ခြေ မကြပ်စီး မ ကြပ်စီး သူ မနိမ့်ကျ မ နိမ့်ကျ သူ မ က သူ မ ပါပဲ သူမ ငိုရ သူ မငိုရ အတင်း သူမ ပြောရ သူ မပြောရ သူ မ သူ သူမ သူ သေနတ်ကိုင်တယ် လူသတ်တယ် ဥပဒေပြုတယ် ပညာသင်တယ် မ ပြုရဘူး သူမ ကလေးမွေးတယ် စောင့်ရှောက်တယ် သူ ကို မွေးတယ် သူ မရှိတော့ဘဲ သူမ ရှိတော့ သူ မ တွေက ရှုတ်ချကြတယ် သူ မ သူမပါဘဲ သူမ သာပဲ နေခွင့် သူ ရ မ မရ မမရလို့ပြောတဲ့ ကိုးလ မစားရလို့ပြောတဲ့ ကိုးလ သူ မရှိတော့မယ့် သူမ ကို သူ မ သူ မ ကန့်ကွက်ရှုပ်ချ သူ မ တွေမိုက်ကြတယ် သူ အိမ်ထောင်ဦးစီး လုပ်တယ် မ လုပ်ရဘူး လို့ မတားထားတဲ့ လူ့အဖွဲ့အစည်းက အခု မ တားတယ် တိုးတက်တဲ့ခေတ်မှာ သူ လွတ်လပ်၏ မ လွတ်လပ်၏ မဟုတ်ဘူး မ ပါဘူး သူ လိုက်ကြည့်တယ် သူမ ဝတ်ထားတဲ့ အဝတ်အစားထက် သူမကို သူကြည့်တယ် သူ မထိန်းချုပ်သော ကိစ္စ သူမ ထိန်းချုပ်ခံရရင်း သူ အပြစ်မဖြစ်ဘဲ သူမ ဖြစ်ခဲ့ပြီ သူမ သူ ကို သူမ မွေးတယ် နို့တိုက်တယ် စောင့်ရှောက်တယ် သူ သူမ ကို သစ္စာဖောက်တယ် ဥပဒေမဟုတ်တဲ့ ရပ်ဝန်းမှာ သူမတွေထဲက တစ်ချို့ကတောင် သူမကို ပြစ်တင်တယ် သူမ ဟာ သူ နဲ့ ဘာသာတူတယ် လူမျိုးတူတယ် အသားအရောင်တူတယ် သူမ အိပ်တယ် သူ အိပ်တယ် သူမ ပညာသင်တယ် သူ ပညာသင်တယ် သူ သေမယ် သူမ သေမယ် လူ့အဖွဲ့အစည်း သူ မ သူ မ သူ အိမ်ဦးခန်းမှာ ထိုင်တယ် သူမ နောက်ဖေးချောင်မှာ မငိုရဘူး သူ ဟာ မငိုစေသော ဝန်းကျင်ကိုပေးရမယ် မ ငိုစေသော ဝန်းကျင်ကို မပေးရဘူး သူမဟာ စွမ်းဆောင်နိုင်ပြီးသားဖြစ်တယ် သူ မတ်မတ်ရပ် သူမ မတ်မတ်ရပ် သူ မဲပေးတယ် သူမ မဲပေးတယ် သူ မလုပ်နိုင်တာ သူမ လုပ်နိုင်တာ သူ မ ဖလှယ်ရမယ် သူ အာဏာရှင်မဟုတ်သလို သူမ အာဏာရှင်မဟုတ်ဘူး သူ မ လွတ်လပ်စွာ အသားအရောင်ကွဲခွင့်အတွက် လွတ်လပ်စွာ ကိုးကွယ်ခွင့်အတွက် သူ မ အတူတကွ အခွင့်အရေးရှိတယ် သူ မ ပညာသင်မယ် သူ မ ပန်းတွေစိုက်မယ် သူ မ သူမတွေကို နှောင်ကြိုးတွေကနေ ဆွဲထုတ် သူ မ သူမတွေကို မြှင်တင်ရမယ် သူ မ ဟောင်းနွမ်းတဲ့ အစဉ်အလာတွေကို သူ မ တွေအတွက် သုံးသပ် မှိုတက်တွေထုတ်ပယ်ရှင်းလင်း အစဉ်အလာနဲ့ ယဉ်ကျေးမှုကို သူ မ တို့ ကွဲကွဲပြားပြားရှင်းရမယ် သူ မ ပညာသင်မယ် ကလေးမွေးမယ် စောင့်ရှောက်မယ် စီးပွားရှာမယ် သူ အတွက်ရေးထားမိတဲ့ ဝါဒတွေကို သူ မ တွေ ညီမျှအောင် ပြန်ရေးရမယ် သ မ ဟာ လူသားဖြစ်တယ် သူ မ ဟာ အသားရောင် ကွဲမယ် ဘာသာကွဲမယ် သို့သော် သူ မ ဟာ လူသား စင်စစ်ဖြစ်တယ် သူ မ ဟာ ဘယ်သို့သော ဖန်ဆင်းခြင်း ဖန်တီးခြင်း ဖိနှိပ်ခြင်းကြောင့်မှ သူသီးသီး မသီးသီး မဖြစ် သူ မ သာဖြစ်သော လောက မနက်ဖြန်ဆီ
ဘုန်းသန့်ခန့် P140218JAN15+0630MM
0 Comments
Leave a Reply. |
Author
|


RSS Feed