|
အရာအားလုံး အရှေ့ရပ်ဆီသို့သာ ဆက်လက်စီးဆင်း
ဘာတွေကို နောက်ချန်ထားခဲ့သလဲ၊ မသိ၊ သူမသိ မသိသူ မသိ၊ အနီရောင် တစ်စက်စက်နဲ့ ကြိုးမျှင်တန်း၊ တစစပျက်သုဉ်းလုလု အိပ်မက်က နှုတ်ခမ်းပဲ့ချင်းမို့၊ အရာအား လုံး၊ အရှေ့ ရပ်၊ ဆီ သို့သာ ဆက်လက် စီးဆင်း ထန်းလက်ကိုင်သော ထန်းတက်လက်တွေနဲ့ ထန်းရွက်ကာသော အိပ်မက် နှုတ်ခမ်းပဲ့ချင်း၊ မို့တက်လာတဲ့ ရင်မှာ၊ ပေါ်တော်မူ မျှော်လင့်ချက်တွေ………….. မို့ တက်လာတဲ့ရင်မှာပေါ်၊ တော် မူမျှော်လင့်ချက်တွေ………….. အ ရာအားလုံး၊ အ ရှေ့ရပ် ဆီသို့သာဆက်၊ လက်……….. စီး………..ဆင်း ပြန်ကျမလာမယ့် မူမျှော်လင့်ချက်တွေ၊ တပွေ့တပိုက်ငိုရင်း……….. မနက်ဖြန်ကို အရာအားလုံးပုံအပ်………….. နဖူးရွှေပေလွှာမှာ ဘာများရေးထားသလဲ၊ တပ်သာထားရ မသိသား၊ အရာ၊ အား၊………………. ဘာမှ မဟုတ်သိလို ဆက်လက်စီးဆင်းခွင့်…….. တခါခါမှာ ခြေစုံကန်ဖို့၊ ခြေစုန်ကန်ဖို့၊ …………..ခြေ စုန် ကန် ဖို့………….. ထိုသို့ဖြင့်ပင် ……………. မသေသေးရင် ပြန်လာချင်တယ် ရင်ခွင်မှာ ထွေးလို့ ကြိုပါမေမေရယ် ဘုန်းသန့်ခန့်
0 Comments
Leave a Reply. |
Author
|


RSS Feed