|
လမ်းက ထုံးတွေဖြူထားစေဦး
ဆုံးအောင်ဆက်လျှောက်တာပေါ့…. ၀တ်မှုန်ရယ်……….. ဘ၀၊ အိပ်မက်၊ မနက်ဖြန်၊ ဒီလိုစိတ်ကူးနဲ့ ဒီလိုအတိတ်နဲ့………. ဘယ်တော့လှဲမချဘူးဆိုတာနဲ့ပဲ………. တ၀ုန်းဖုန်းလဲကျလိုက်…. ရောက်သလောက်ဆက်လျှောက်လိုက်နဲ့…… ပြပြမြင်တော့ ပြင်းပြင်းပိုနှင်ရမယ်…. မြင့်မြင့်ဆက်လွှင်တော့………….. ရွက်တင်၊ တက်နှင်………….. ငယ်ငယ်က ဆိုနေကျ လှော်လှော်လှေကိုလှော်…….. မြစ်ကို စုန်ဆင်းမည်……..ပေါ့. စုန်မှမဟုတ်ပါဘူးကွယ်……… ဆန်ခိုက်မှာလည်း ပျော်ပျာ်ပါးပါး…….. တေးစုဆိုရင်း ပင်လယ်ကို ဆန်နင်းပစ်နိုင်ရမယ်….. ၀တ်မှုန်…….. ထုံးဖြူးထားစေဦး ဆန်နင်းပစ်နိုင်ရမယ်………… မရောက်လို့ကြွေကျရင်လည်း ဘာဖြစ်လည်း….. ထုံးတွေငုံပြီး…… လျှောက်သောသူတွေအတွက် လမ်းဖြစ်ပေးဝံ့ရဲ့…………………………………………….. ချို့တဲ့တဲ့လွယ်အိပ်လေး အကြောင်းကို စကားလုံးတွေနဲ့ဖော်ပြဖို့မစွမ်းသာ၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ပထမဆင့်အနေနဲ့ အနှစ်နှစ်စောင့်ထိန်းခဲ့တဲ့ မရှိမရှားစကားလုံးကို ၀ုန်းဆို ကန်ခွင်းပစ်လိုက်ပါ……မေမေ…… ကကြီးခခွေးအတွက် ပေးလိုက်ရတဲ့………… ဈေးက ရွှေအိုးမကခဲ့ပါဘူးလေ……….. ဘုန်းတော်ဘွဲ့ တပွေ့တပိုက်နဲ့ မင်းဘယ်သွား…… အနင်းခံဦးမှာလဲ……….. ငရဲပြည်မှာလည်း ကျွန်၊ နတ်ပြည်မှာလည်း ကျွန်၊ ဘယ်ဝိပါတ်တွေက ငါ့အပေါ်ထပ်ထပ်တက်လာကြသလဲ……… ၀တ်မှုန်……. မနက်ဖြန်၊ တကယ်လို့၊ မနက်ဖြန်၊ ကျွန်တော်သိပ်၊ လက်သိပ်ထိုး ကြေကွဲ၊ အိပ်မက်လေး၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သမိုင်းဦးဘုံမြေခေတ်၊ သမိုင်းဦးဘုံမြေခေတ်၊ သမိုင်းဦးဘုံမြေခေတ်၊ …………… မနက်ဖြန်၊….. ချစ်သူတိုင်း လက်လေးတွေ အခါခါကိုင်ပြီး………. မနက်ဖြန်…………. ဝေေ၀ရီရီ…………….. ငေး၊ ၀တ်မှုန်………… ကိုယ့်လက်လေးကို ကြည့်…….. မင်းမှတ်မိပါ့မလားကွယ်……. မေမေ့ရင်ရဲ့…. အဝေးကို တိမ်မျှင်စလို့လွင့်…….အေးအေးချမ်းချမ်းနေတတ်ချင်သူတွေကြမှ နေကသိပ်ပူ၊ ၀တ်နေကျ အ၀တ်စနဲ့အတူ ချွတ်ချလိုက်တော့မယ် အတ္တ၊ လက်ခုပ်သံမကြားရင်တောင် မှတ်တမ်းမှာ ကျန်လိမ့်မယ်၊ ဖေဖေ………. ဘယ်လိုအား၊ ဘယ်လိုအင်တွေနဲ့ ထူထကြမလဲ……… အားလုံးလဲကျသွားရင်တောင် ကျွန်တော်ဆက်ရပ်နေဦးမှာပါ………. ခေါင်းလည်း မငုံ့ဘူး၊ လက်လည်း မမြှောက်ဘူး၊၊ ဟိုးမှာ……… ကြည့် တစ်ခါက ရွှေထီးဟောင်း၊ ချနင်းပစ်လိုက်ပြီ၊ သူတွေတို့က ဟောမယ့်ပြောမယ့် ဆပ်ပြာပူဖောင်းတွေလောက်နဲ့……. မာန်တက်ထ မယောင်တော့ပါဘူးလေ၊ တကယ့်တကယ်လို့ မပြောပေမယ့်…… ကိုယ်တို့လက်နဲ့ ယူမှရမယ့် မနက်ဖြန်ပါ…… ဘယ်တစ်ဦးတစ်ယောက်ကမှ ဆောင်နှင်းမအပ်နိုင်တဲ့ သရဖူ…… ၀တ်မှုန် ကိုယ်တို့ လက်တွေနဲ့ ခူးယူရမယ်ကွယ့်၊ မသင်လို့ မသိ၊ မမြင်လို့ မကြည့်မိဖူးတော့ တစ်ချို့ ပေါက်ပန်းတွေကို ပါဠိနင်ပညာရှိတွေက မကြည်သလိုကြည့်ခဲ့တာ မဆန်းပါဘူး၊ သစ်လွင်ဖျပ်လတ်တဲ့ လေညင်းရနံက ကိုယ်တို့ကို လမ်းပြပါလိမ့်မယ်…. ပေဖြစ်ချိန်မှာ ပေ၊ တူဖြစ်ချိန်မှာ တူ၊ ကိုယ်တို့ကျရာ ဖူးချိန်ဝေချိန်တွေမှာ ကြည်ကြည်လွင်လွင် အလင်းဆုံး ပွင့်ပြကြရုံပေါ့၊ ရုံပေါ့ပေါ့မှာ ပြတဲ့ဇာတ်ကားတွေထဲကလို အထိုးအကြိတ်တွေ၊ ထန်းရည်ခွက်တွေ မပါတော့တာ ကြာလှနေတဲ့ ကျေးလက်အကြောင်းကို ချစ်သူကို ခေါ်ပြချင်ပါသေးတယ်၊ ၀မ်းနည်းစရာလို့ အမယ်အိုမြင်နေတဲ့ တဲအိုထောက်ယိုင်လေးဆီကို သူ့မြေးလေး…… အသိပညာတပွေ့တပိုက်နဲ့ စည်းကျနည်းကျ ပြန်လာချိန်မှာ ပြုံးလိမ့်မယ့် အချိန်ကို မနက်ဖြန်…….၊ မနေ့က၊ ထွန်တုံးထွန်တံချပြီး၊ မေမေ့ရင်ကို ဦးတိုက်ချ ထွက်လာခဲ့တဲ့ရက်၊ ဆည်းလည်းသံချွင်ရရွင်ကို လွမ်းလုလုဝေးဝေးနှင်ခဲ့ရက်၊ မနက်ဖြန်မှာ…….. ကုန်ဆုံးတော့မယ်တဲ့……၊ ၀တ်မှုန်……. လမ်းကြုံရင်….. အမယ်အိုကို ပြောပေးလိုက်ပါဦးနော်၊ ဘယ်ရထားမှ မရပ်တာကြာတဲ့ ဘူတာအိုလေး စည်ကားတော့မယ့်အကြောင်း၊ သူတို့ရွာရဲ့ ငယ်သူရွယ်သူတွေ မနက်ဖြန်မှာ သိလာတတ်လာပြီး ပြန်လာတော့မယ့်အကြောင်း၊ ၀တ်မှုန်……….. မေမေ့အိမ်ကို လွမ်းတယ်ဆိုတာထက် ပိုတဲ့အကြောင်းတွေ၊ ဟသာင်္ကိုးသောင်းပျက်ရတဲ့အကြောင်းတွေ၊ ရွှေလို့အယောင်ဆောင်နေတဲ့ ကြေးပျက်တွေအကြောင်းတွေ၊ လူငယ်တွေကို လက်ညှိုး ငေါက်ငေါက်ထိုးပြီးမှ အသက်ပဲ ကြီးလာသူတွေအကြောင်း၊ တံတားလိုခင်းပေးတတ်တဲ့ လူအဟောင်းနဲ့ အိပ်မက်သစ်ဝတ်သူတွေအကြောင်း၊ ကိုယ်တို့ကိုယ် ကိုယ်တို့ ကောင်းအောင် ကြိုးကုပ်၊ မနက်ဖြန်မှာ၊ မင်းကို ကို ချစ်တယ်ဆိုတာထက် ပိုတဲ့စကားတွေပြောချင်တယ်……… ၀တ်မှုန်၊ကိုယ်တို့ သိသလောက်မီသလောက်နဲ့ ဆောက်ထားတဲ့ အိပ်မက်လေး၊ မနက်ဖြန်မှာ…… မေမေ့…. ဆီ သားပြန်လာမှာပါ ဖေဖေ၊ ဖေဖေ……… သားဖတ်ဖူးလို့ သိပ်ကြိုက်လို့ မှတ်ထားတဲ့ စကားရှိတယ်။……..England is sick, and English Literature Must save it. ………….. ဖေဖေ… သားတို့ ခက်ခက်ခဲခဲ ရုန်းကန်ပြီး စာတွေ ရေးနေကြတယ်။ လမ်းက ထုံးဖြူးထားပြီးပြီပဲ မနက်ြဖန်မှာ ကွန်ကရစ်နဲ့ ပွင့်ပွင့်လင်းလင်း၊ ခိုင်ခိုင်မာမာ……… မနက်ဖြန်သူ၊ မနက်ဖြန်သားတွေကို မြင်ကြည့်မိလိုက်တာ၊ ဖေဖေ……… သင်ထားတဲ့ ပညာ၊ တတ်ထားတဲ့ ပညတ်၊ မနက်ဖြန်မှာ တည့်မတ်လာလိမ့်မယ်လို့ သားယုံနေပါတယ် ဖေဖေ၊ ဒဏ်ချက်ပရပွနဲ့ ခလုတ်ထိလဲကျတိုင်း ပြန်ပြန်ထ၀ံ့တာ ဖေဖေ့သွေးနဲ့သားမို့ပေါ့…. အဆင့်အဆင့်တိုးတက်လာပုံကို ဖေဖေပြောခဲ့သလို၊ သားခေတ်၊ သားရာစုနှစ်မှာ……. မီးလျှံငှက်မို့ သူတွေတို့ စုပုံရှို့လာသမျှက သားချိုးဖို့ မီးစက်မီးမွှားပေါ့ ကြည့်ထား…….. ငါက မနက်ဖြန်မှာ လင်းမယ့် လူသားသားတော်၊ သားရဲကောင်တို့ စုစုဝပ် ဒူးထောက်ဝပ်တွားစေ၊………………. ပင်လယ်အား……….. ငါတို့ဖြတ်ကူးအံ့…………………….. ဘုန်းသန့်ခန့် 184216FEB12PNG+10
0 Comments
Leave a Reply. |
Author
|


RSS Feed