|
ဘာတွေများဖြစ်သွားပြီလဲ……...
အကြိမ်ကြိမ်တည်ဆောက်တိုင်း ပြိုကျ၊ မှန်ထဲက ငါကတောင် ငါ့စကားကို မကြားယောင်ဆောင်လို့…….. မြင်မှ ပြန်ပြုံးပြတယ်၊ မလုပ်ပါနဲ့လို့ မပြောတော့ပါဘူး၊ နှုတ်ဖျားတွေညောင်း၊ စောင့်စည်းမှုဟောင်းခဲ့ပြီပဲ။ လက်ညှိုးထောင်ခေါင်းညိမ့်ပေးဖူးပါရဲ့…….၊ မျက်ကွယ်ရာမှာတောင် ဦးညွတ်ပေးခဲ့ပါလျှက်……….၊ ပျော်လိုက်ပေါ့ကွယ်……. ငါ ပေးသလောက်ပြန်မရတာကိုဘဲ ဂုဏ်ယူစရာလုပ်ပစ်လိုက်တော့မယ်။ ယုံကြည်ချက်ကဗျာစာရွက်လေးစုတ်ပြဲ…… ငါ ပြောဖူးပါတယ်…. တခြားသူတွေနဲ့ယှဉ်ရင် ငါ့ မှာ အားနည်းချက်တွေများတယ်လို့…. မလုပ်ပါနဲ့လို့ မပြောတော့ပါဘူး၊ လိုင်းအားမကောင်းတဲ့ ညက မှောင်လွန်းတယ်…. ညလုံးပေါက်အောင် လင်းမလားစောင့်ကြည့်နေတဲ့သူအဖို့ ပိုပိုမှောင်လိုက်ပုံများ……………….. မျက်ရည်၊ ချွေးစက်၊ မာန်ပြန်တင်းထားတဲ့ လက်၊ ခြေထောက်ရော ဖိနပ်ပါပေါက်နေခြင်း၊ ခံနိုင်ရည်၊ အနုပညာလက်လို့ မေမေပြောဖူးတဲ့လက်လေး သားမှာ မကျန်တော့ဘူး…..မေမေ။ အလျော်အစားအဖြစ် ခေါင်းနဲ့ပန်းတွေဖြစ်လာတယ်။ ခေတ်ကတိုးတက်လာပြီမေမေ။ စည်းခြားနှင်နှင်တွေကြားမှာ ခဏ၊ ခဏ နေရပါများလို့ လူတိုင်းနဲ့ ဝေးနေတဲ့သူ…………… ငါ၊ အနီးဆုံးလို့ ထင်တဲ့အရပ်လေးကို တယုတယနဲ့ မြတ်နိုးရို့ဝပ် မဏ္ဍပ်တိုင်တက်တက်ပြနေတုန်းကတည်းကပေါ့…….. မလုပ်ပါနဲ့လို့ မပြောတော့ပါဘူး။ ကွင်းခေါင်ခေါင်ကို လာပြီးမှာတော့ သစ်ရိပ်မရတာက ဘယ်သူ့အပြစ်လဲ…. စကားတောင် လေးလုံးကွဲဖို့ ကြိုးစားပြောနေရတဲ့သူဆီမှာ ပျော်တော်ဆက်ခြင်းကြား စကားလုံးဆက်တွေ တွေ့ရမယ်မဟုတ်ဘူးလေ။ တတ်ထားသမျှနဲ့ ….. နိုင်သလောက်ထက်ပိုအောင်ကို ငါ ဒူးထောက်ခဲ့တဲ့ပြက္ခဒိန်ရွက်တွေက………… ခေတ်ကတိုးတက်လာပြီ မေမေ… သားကမတိုးတက်တော့ မလုပ်ပါနဲ့လို့ မပြောတော့ပါဘူး။ သားမှာ အနုပညာရှိတယ်။ သားမှာ ၀တ်မှုန်ရှိတယ်။ ၀တ်မှုန်ဆိုတာ ကျွန်တော်လိုကောင်အဖို့ သိုးဆောင်းဂစ်တာတစ်လက်ထဲက ထိပ်ထားလိုပါပဲ…. တွယ်တာဖွဲ့သီ၊ မှုန်းချယ်စီကုံး စာကြောင်းတွဲတစ်ရုံစီမှာ အသက်တွေပါအောင်သွင်းလို့ ရှင်အောင်ဆစ်သ ဖန်းဆင်းခဲ့တာ။ ဘယ်မှာမှန်းလည်းမသိ၊ ဘယ်သူမှန်းလည်းမသိ၊ ဒါပေမယ့် ငါကို ကြည့်ရင် သူ့ကိုမြင်အောင်ထိ မြေမှုန့်တွေမသုံးဘဲ ဘုရားသခင်နားရွက်မှာ ငါ့ဆွတ်ပြလိုက်တဲ့ တံတွေးစက်၊ ငါ၊ ၀တ်မှုန်၊ အနုပညာ။ ဒီလိုနဲ့ ချစ်သူကို တွေ့ခဲ့တယ်။ လင်းဝေ မီးထဲက ပြန်ကောက်လိုက်တဲ့ မီးတောက်ရစ်သမ်ကို ကြိုက်တဲ့ကောင်လေးကျွန်တော် မလုပ်ပါနဲ့လို့ မပြောတာ့ပါဘူး။ ကျွန်တော့်မှာ အနုပညာရှိတယ်။ ၀တ်မှုန်မရှိဘူး။ ချစ်သူရှိတယ်။ မလုပ်ပါနဲ့လို့ မပြောတော့ပါဘူး။ ကျွန်တော့်ချွေးစက်လေးကို သဲ့ယူပေးလိုက်တဲ့လက်လေးအတွက် သူ့နှုတ်ဖျားက စကားဆိုတာ ကျွန်တော့်အတွက်ဗျာဒိတ်တော်ဖြစ်လို့ မလုပ်ဘူးလို့ မပြောဖြစ်ခဲ့ဘူး။ ချစ်သူ… အချိန်နဲ့တပြေးညီ သတိရနေမိလို့ ငါ့ရင်တွေ အကြားအလပ်မရှိပူတယ်၊ လိုအပ်တာလေးတွေ ငါမှာကြားရင် နင်… နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ခေါင်းငြိမ့်နားထောင်လိုက်စမ်းပါကွယ်.. ဘုရားသခင်ကို ပြန်ဖန်ဆင်းဖို့ ငါတို့မှာ မေတ္တာတရားလိုမယ်…. ၀တ်မှုန်၊ အနုပညာ၊ မီသလောက်နဲ့ ပြန်ပေါက်လိုက်တဲ့ ရေစက်၊ မနက်ဖန်မှာ ကောင်းကင်ဆီမိုးပြန်ရွာလိမ့်မယ်….. မနက်ဖန်မှာ ကောင်းကင်ကို ပြန်ဖာထေးဆေးကျောပေးချင်တဲ့ကောင်လေး… အခု ပင်လယ်လွင့်လွင့်မှာ မိုးစက်ဝေးဝေးဆွေးနေတယ်တဲ့… အလန့်တကြား အိပ်မက်က နှစ်နှစ်ခြိုက်ခြိုက်ငေးရင်း ပြန်ရလာမယ့် မိနစ်တွေဆီ ပြပြလေးနီးနေ………………… ဆေးဖေါ်ကျောဖက်အိပ်ယာလေးတောင် သေသပ်လို့ ပင်လယ်ပျော်လေးတစ်ကောင် ကျွန်းယောင်ကျွန်းမှာ ဘာတွေများဖြစ်သွားပြီလဲ…….. ဘုန်းသန့်ခန့် P112622SEP10+0930
0 Comments
Leave a Reply. |
Author
|


RSS Feed