|
ဒီနေ့ဆို…..
ကိုယ့်…ချစ်သူလေး ဘွဲ့ဝတ်စုံတစ်ခုနဲ့ လှပခန့်ထည်နေမယ့်ဖြစ်ချင်း၊ မြင်ဖူးချင်လိုက်တာ။ ကလေးဆန်ဆန်တည်ငြိမ်ဟန်ဆင် ကျွန်တော်ချစ်သော အဲဒီကောင်ငယ်မလေး…. ခေတ်အဆက်ဆက်ရင့်ကျက်ထားပြီးသား အဓီပတိလမ်းပေါ်မှာ………. ဂျပ်ဆင်ရှေ့လေးမှာ…….. ဘွဲ့နှင်းခန်းဆောင်မှာ…….. ခဏလေးဖြစ်ဖြစ် ငါ့ကို သတိရပေးလိုက်စမ်းပါ….ချစ်သူ။ ကိုယ်လေ မင်းအပါးမှာ အမြဲကပ်ရပ်လို့ အရာရာကို သေးစိတ်သေချာ………… ကလေးတစ်ယောက်လို မင်းကို သိပ်ဂရုစိုက်ချင်ပေမယ့် လေလွင့်ရာ ကြမ္မာဝေ့ ပင်လယ်ရပ်ခြားဝေး……………. ဒီနေ့ဆို……. ကိုယ့်ချစ်သူ ဘွဲ့ဝတ်စုံလေး လှလှဆင်မြန်း ဘ၀လမ်းလေး တစ်ဆင့်တက်ပြီ၊ ကိုယ် မြင်ဖူးချင်လိုက်တာ။ ဘယ်ဘ၀တွေကများ ဆုတောင်းမှားလိုက်သလဲမသိ….. ချစ်သူနဲ့ ရေလျှင်ခြားခြားမှာ ကျွန်တော်အလွမ်းနွံကျွှံနစ်နေပါရဲ့ ………… မဏိမေခလာ ဖြစ်နိုင်ရင် ကျွန်တော်…..သူကို သိပ်ချစ်ကြောင်း သွားပြောပေးလိုက်ပါ……….. တစ်ခါတစ်ခါ တင်းထားမိတဲ့ နှောင်ကြိုးတွေကလည်း သိပ်ချစ်လို့ရယ်ပါဆိုတာ………… ကျွန်တော့် နှင်းပွင့်သေးသေးလေးကို ပြောပေးပါ။ ဒီနေ့ဆို……. သူ…………..၊ ကျွန်တော်သိပ်ချစ်ရတဲ့ နှင်းပွင့်ပျိုမလေး….၊ ဗျောသံတွေကြားမှာ ရင့်ကျက်အောင်လိုက်မှတ်ရင်း ဖျပ်ခနဲ..ဖျပ်ခနဲ…….. ထပ်ထပ်ထင်းထင်လာမယ့် ကျောင်းတော်ဘ၀ကို သူပြန်တမ်းတနေလိမ့်မယ်။ စာကျက်မရအောင် ဘေးကလိုက်ကပ်နေတဲ့ ကျွန်တော့်ကို မကြည်သလိုချစ်ရင်း…… စနောက်ပျော်ရွှင်စွာနဲ့ စိတ်ကောက်မခေါ် လက်ချင်းဆုပ်ရန်ဖြစ်ရင်း………… သူ့ကျောင်းကို ကျွန်တော်လိုက်လာလို့ ဖျက်ပစ်ရတဲ့ အတန်းချိန်စာတွေကို ပြန်ကူးရင်း….. ကန်ဘောင်လေးကိုလည်း ……….. ကန်လမ်းလေးကိုလည်း …………… စာကြည့်စားပွဲလေးကိုလည်း…….. သူ………….. လွမ်းနေလိမ့်မယ်။ မဏိမေခလာ…..နတ်ပျိုမရယ် ကျွန်တော့်ကို ဒီအတိုင်းထားခဲ့ပြီး……. သူ့ကို သိပ်ချစ်ကြောင်းသာ ချစ်သူလေးဆီသွားပြောပေးပါ။ မဟာဇနကထက်……….. ဟောဒီမဟာသမုဒ္ဒရာမှာ ကျွန်တော်ရောက်နေတာ လေးလပိုနေပါပြီ………. ဒီတော့…….. ကျွန်တော့် ချစ်သူလေးဆီသာ သူ့ကို ကျွန်တော်သိပ်ချစ်ကြောင်း…. မနက်မှာလည်း လွမ်းကြောင်း…… ညနေမှာလည်း လွမ်းကြောင်း…… နေပျောက်ကြယ်ရောင်မမြင်တာကြာပေမဲ့ သူ့မျက်နှာလေးကိုတော့ မြင်နေပါကြောင်း…….. ပြောပေးပါ။ ဒီနေ့ဆို……. ချစ်သူငယ်လေး……. ဘွဲ့ဝတ်စုံဆင်မြန်း……. ကိုယ့်ကို လွမ်းများနေမည်လား။ ဒီနေ့ဆို …….. ဒီနေ့ဆို………… ဒီနေ့ဆို………….. ကျွန်တော် မနက်ဖြန်တွေကို ခပ်မြန်မြန်ရောက်ချင်နေမိတယ်။ ဘုန်းသန့်ခန့် P100009MAR10GMT8
0 Comments
Leave a Reply. |
Author
|


RSS Feed