|
ပြုံးပြလိုက်တာလား……..ချစ်သူ
မခို့တရို့လွမ်းသလိုနဲ့ နှုတ်ခမ်းလေးဖူးဖူးလွန်အောင်ပြုံးတယ်။ ကမ္ဘာအဆက်ဆက် ငါနစ်မျောဦးမယ့်တေးပေါ့…… လှမ်းထွေးနိုင်ဖို့……….နှစ်နှစ်ကာကာကြိုးစား ချစ်သူ…………ငါပေါ့ငါ…… မျက်ဝန်းတွေမှားလို့လားမသိ…… ရေပြာပြာတွေသာ တို့ခတ်မိ။ အိပ်မက်လေးရေ…….. မနိုးဖို့တောင်းပန်ခွင့်ကမဲ့…. ပြက္ခဒိန်ကို မှောက်ထားတဲ့ဖဲချပ်လို ရွံတယ်။ အရာရာပြည့်စုံသလိုဆောင်ထားတဲ့ ငါ့အခန်းလေးမှာ ချစ်သူ့ကိုယ်သင်းနံ့လေးထည့်ပေးကြပါ……။ နတ်ဘုရားတို့…….. ဘယ်နက္ခတ်ကြုံမှ လှုံရမယ့်ရင်ငွေ့လဲ၊ နှင်းတွေကျနေပြီတဲ့…….. ငါ့ချစ်သူလေး သိပ်ချမ်းနေရော့မယ်…. နာရီလေးရေ……….. လေးနာရီခွဲတိတိများ…… ငါပြန်ရနိုင်မလား…….. မြေပြင်မဲ့သူ မျက်ရည်ဝဲတာကို တိတ်တိတ်လေးကြိတ်သိမ်းထားပေးပါဦး ပြက္ခဒိန်တစ်အုပ်ကုန်မှ ပြန်ရမယ့် ငါ့ရဲ့ ပျောက်ဆုံးယောင်ယောင် လေးနာရီခွဲရယ်………… ဘုန်းသန့်ခန့် P055525DEC09S’Pore
0 Comments
Leave a Reply. |
Author
|


RSS Feed