|
ဘာလို့များလေလဲ…. ဒီနေ့လေးမှာမှ ပိုပိုလွမ်းလိုက်တာ။
အိပ်မက်တောက်လျှောက်သွားတာတောင် မမောနိုင်ပါဘူး…။ ဟိုးပုံရိပ်တွေပြန်မြင်ရင်း….. ငါတို့ သူငယ်ချင်းနှစ်ယောက်လို ဖူးပြီး ချစ်သူတစ်စုံအဖြစ် မွှေးပျံသင်းသင်းပွင့်ပစ်လိုက်တာ.. နေလုံးနီနီကြီးတစ်ပတ်တောင် ကြာကြာကျော်ခဲ့ပေါ့။ လွမ်းတယ်ကွယ်၊ ဘာမှ မပြောခိုက်မှာတောင် ဒီစကားတော့ ကြားပေးပါ။ မိနစ်ကိုးဆယ်လောက်ပြန်ရဖို့ကို စိတ်မျှော်ထင့်ထင့်စောင့်နေရသူ… ငါလေ…………………………………… ပင့်ကူမျှင်တွေကြားက ပိုးကောင်ငယ်ငယ်လို တွေးရင်းနစ်ရင်း……. ကျစ်ထားတဲ့ ကြိုးလေး ခိုင်ပါစေကြောင်း…… ခိုင်ထားသော ကြိုးလေး မြဲပါစေကြောင်း…… မြဲထားသော ကြိုးလေးရေ………… လင်းတလွင့်လွင့်လွမ်းလို့ ကြိုးကြာလေးတွေအကြောင်း… ကြယ်ပွင့်လေးတွေအကြောင်း… မင်းလက်လေးကိုင် ထိုင်ကာပြောချင်နေပြီကွယ်။ အသားတကျအဆင်မပြေမှုတွေနဲ့ သက်ပြင်းလှိုက်နေထိုင်လှုပ်ရှား ချစ်သူ……. မင်းက ငါ့သမိုင်းရဲ့ တိုးတက်မှုမှတ်တမ်းပုရပိုဒ်လေးပါ.. မီးတောက်ကနေစ…. ကိုယ်းကွယ်လာတာ အခုဆို…. နတ်ဘုရားတွေတောင်ဖြစ်ထွန်းနေပြီ… ငါပခုံးပေါ် ကြွေကျမယ့် နဖူးပြင်လေးကို တယုတယလွမ်းမိရဲ့………… မိနစ်ကိုးဆယ်ပြန်တူတဲ့အခါ ပန်းအက္ခရာတွေအကြောင်း ငါပြောပြရင် ခေါင်းလေးငုံလို့ မပုန်းပါနဲ့ကွယ်။ ဘုန်းသန့်ခန့် P100022FEB10FRE-AUSI
0 Comments
Leave a Reply. |
Author
|


RSS Feed