|
မခိုဘူးဆိုရင်တောင် မိုးပေးချင်ခဲ့သူ
ဒီမိုး စွတ်စိုရွဲတွေကြား…… ထီးလေးကိုင် မတ်မတ်ရပ် မိုးတိတ်ဖို့ဆုတောင်းရမှာလား။ နေထွက်ဖို့ဆုတောင်းရမှာလား။ ချစ်သူရေ…. ငါက ထီးလေးကိုင် မိုးစက်ကြား … မင်းက ရပ်စောင့်မျှော် နေပူတောက်တောက်ကြား မှန်မြတ်ရပ်ကာ….. ငါတို့ စောင့်တော့စောင့်နေကြတယ်။ ကကြီးကနေ..ဟိုး ကမ္ဘာအသင်္ချေထိ တွက်ရင်…. ငါတို့ ဝေးနေရတာ ခဏလေးပေါ့…လေ၊ မနက်ဖြန်ဆိုရင် ငါတို့ ပြန်ဆုံဖို့ တစ်ရက်နီးလာမယ်၊ သဘက်ခါဆို ငါတို့ ပြန်ဆုံဖို့ နှစ်ရက်နီးလာမယ်၊ ဒီလိုပဲ ရေတွက်လိုက်ပါကွယ်။ လွမ်းတဲ့အခါ တိတ်တိတ်လေး.. မင်းအကြောင်းပြန်တွေးလိုက်တာနဲ့ ငါ့ရင်ခွင်လေးနွေးလို့၊ ဖြေးဖြေးလေးပြုံးနိုင်လာတယ်။ ချစ်သူ… မင်းဟာ.. ငါ့အတွက် ဂျိုကာရုပ်လေးဖြစ်ရဲ့… တစ်ခါတစ်ခါ.. သိပ်ဆိုးနွဲ့တတ်တဲ့ ညီငယ်မလေး.. တစ်ခါတစ်ခါ.. တည်ငြိမ်သွန်သင်တဲ့ အမကြီးဟန်နဲ့… တစ်ခါတစ်ခါကျတော့… ချစ်ယုယဖို့ကောင်းတဲ့ ကလေးငယ်ငယ်လိုမျိုး…. အိပ်ပါကွယ်… ကိုယ့်ပခုံးထက်မှာ မင်းဆံနွယ်လေးတွေသာ ၀ဲကျထိခွင့်ရှိတာပါ။ မျက်လုံးဝိုင်းဝိုင်းလေးရယ်.... စိတ်ဆိုးတယ်ဆိုရင် ပြုံးပြီးစကားမပြောဘဲမနေနဲ့.. ကိုယ့်မှာ ကျယ်ကျယ်လောင်လောင်ကျဉ်းကျပ်လို့ပါကွယ်။ ကိုယ့်လက်မောင်းကို ဆတ်ဆတ်ကိုက် ပြီးရင်.. ပြန်ခေါ်ကြမယ်လေ၊ မသိမသာခိုးကြည့်ရင်း တစ်ယောက်စအခေါ်စောင့်ရတာ ကမ္ဘာဆက်တိုက်ကြာလို့ပေါ့…. တစ်ခါတစ်ခါ.. ငါတို့ဟာ မတည့်အတူနေ သူငယ်ချင်းနှစ်ယောက်လည်းဖြစ်တယ်။ တစ်ရက်တစ်ရက်နဲ့ ပြန်နီးဖို့နီးကပ်လာနေပေါ့… တွေးမိတိုင်းအခါခါ ပျော်မိလာတယ်.. သဘက်ခါအလွန်ရောက်ဖို့… ပြက္ခဒိန်အကြောင်းကို ခဏမေ့ထားရင်း… ငါတို့ ဆုံစည်းကြဖို့ ရက်တွေသိပ်နီးနေပြီကွယ်… ဘုန်းသန့်ခန့် သဲလေးဖို့….. ချစ်သူများနေ့……….. အမှတ်တရ………. :-* ဝေးကွာနေသော ချစ်သူတိုင်း ပြန်နီးဖို့…………..
0 Comments
Leave a Reply. |
Author
|


RSS Feed