|
ထိုသို့ဖြင့်ပင် နေတို့ ကွဲအက်လိမ့်မည်။
ဒူးထောက်ပေးခဲ့သူဘ၀များ…. ဖေဖေ…. မပြေလည်မှုတွေကြားမှာ ဘယ်လိုအင်အားတွေနဲ့များ ရှင်သန်ရဲဝံ့ခဲ့သလဲဟင်။ သားကို သင်ပေးပါ။ လက်ကို မမြှောက်ဘူး…… ငါက မြေပြင်မို့လို့ ဒူးထောက်ဟန်နဲ့ပေမင့် လက်စုံမမြှောက်ဘူး။ အရာရာဖြတ်ချပြီး အသစ်လို့ လုပ်ပစ်လိုက်ထားရတဲ့ ဘ၀မှာ… ဘယ်သူတွေများ အားကျနေတာလဲ။ ဘာမှမရှိကြောင်းသိအောင် ပြောချင်ပါရဲ့……… ဖေဖေ… ဘယ်လိုလူကမှ နားမလည်ကြဘူး……. ထိုသို့ဖြင့်ပင် နေတို့ ကွဲအက်ခိုက်မှာ လမ်းလွင့်လွင့်မှောင်နေသော…. ညများ……နေ့လား…….နေ့များ…….ညလား…….. ငါက မပါတော့သော………. ဇာတ်ရုပ်တစ်ခု… ဝေးဝေးရောက်အောင် ဟုန်းဝုန်းထထန်ချင်ခဲ့လည်း……… ခေါင်းကို ရမ်းလှုပ်ငုံ့ရင်းခါ………. ဖေဖေ……… မပြေလည်မှုတွေကို ဘယ်လိုအားတွေနဲ့ ရင်ဆိုင်ခဲ့ပါသလဲ။ သားမျှော်လင့်ခဲ့တဲ့………. ဘ၀အစဟာ ဒီလိုမဟုတ်ဘူး။ အရာရာကို သိအောင်လိုက်မလုပ်တော့ပါဘူးလေ။ သားဘ၀က ဟော့ဒီ ကွက်ကွက်လေးမှာ ဆုံးတော့မယ်တဲ့လား……. ခြူးပြားတွေများများလာတိုင်း…. ကျွန်တော်…….အသားကျ…….. အခုဆို စိတ်မှာ အရိုးပဲကျန်တယ်… ဒီလိုနဲ့ရောက်လိမ့်မယ်ပေါ့……….မနက်ဖြန်………. ဘယ်သူတွေက မှန်လိမ့်မလဲ….. ဘာမှမကျန်အောင်……….ဖျက်လိုက်သလို ဘာမှမရှိသလိုနေထိုင်ရင်း………… မိုးကို မြှောက်ထားသောလက်ကိုလည်း ရုတ်လိုက်ပြီ။ မြေကို နင်းထားသော ခြေကိုလည်း ကြွလိုက်ပြီ။ ထိုသို့ဖြင့် ငါ့ကို မေ့သွားကြလိမ့်မည်။ ငါ………… ရွာဖူး၏။ ငါ……….. သာဖူး၏။ သို့သော်…………. မသိကြ……. ထိုသို့ဖြင့်ပင် ငါ့ကို မေ့သွားကြလိမ့်မည်။ မထူးဆန်းခဲ့ပါ……….. ငါက ခေါက်မုန့်လေးတစ်ခုပဲလေ ချိုးလိုက်ရင် ကြေ…….. လေတိုက်တော့ လွင့်……… ရေထိတော့ ပျော့…….. ဒါပေမယ့်……..မှတ်ထားကြကွယ့်…. ငါဟာ………… ထိုသို့ဖြင့်ပင် နေတို့ကွဲအက်ကုန်ကြပြီ။ ဘုန်းသန့်ခန့် P112030JAN10P’Klang
0 Comments
Leave a Reply. |
Author
|


RSS Feed