|
ငါကလည်းငါပဲ…..သူကလည်းသူပဲ။
မတူဘူးဆိုတာနဲ့တင် ကွဲပြားမှာပါ…။ အတင်းတူ ပေးဖို့တောင်းပန်ကြည့်လိုက်မှ ပိုကွဲပြားတာတွေ့ရ၊ ဟိုးလယ်ကွင်းပြင်ထဲမှာ ထွန်တုံးရယ်…နွံရုန်းနေတဲ့နွားတစ်ကောင်ရယ် နေကလည်းသိပ်ပူပြင်းလှရဲ့……….. ခမောင်းဆောင်းထားတဲ့လူကလည်းငါ… ထွန်ရှေ့ဝင်ကျူးမိတဲ့ကောင်လည်းငါ……. အတင်းတူပေးဖို့ တောင်းပန်ကြည့်လိုက်မှ ပိုကွဲပြားတာတွေ့ရ၊ ကိုတာရာရေးခဲ့သလိုပေါ့……. ငါက သတိရသူမို့ မိုးကိုကြည့်တယ်……. အဲဒီအခါ မိုးက ငါ့ကို ပြန်ကြည့်နေလား။ အတင်းတူပေးဖို့ တောင်းပန်ကြည့်လိုက်မှ ပိုကွဲပြားတာတွေ့ရ။ ဟယ်လို..ဟယ်လို…လို့ ခေါ်ရင် ပြန်ထူးတတ်အောင် သင်ကြားပေးလို့ဖြစ်မလား…ဒါမှ မဟုတ် သူ့နံပါတ်လေးကို တစ်ယောက်တည်းခေါ်ခွင့်ရှိမလား။ မင်းကဘယ်သူလဲဟင်လို့…မေးလိုက်တဲ့အခါ ငါ့ကို ပြန်ဖြေမှာလား……. ငါကဘယ်သူပါလို့ မမှတ်ထားနဲ့………………… တိတ်တိတ်လေးသာ ခမောက်ဆောင်းထားတဲ့လူကလည်းငါ …. ထွန်ရှေ့ဝင်ကျူးမိတဲ့ကောင်လည်းငါ…. နေကသိပ်ပူခဲ့တယ်။ နေကပူပူ ……….. ငါ့ကို တံလျှပ်ပေးပြီး နှစ်သိမ့်လှိုက်ဆူစေ…………. အတင်းတူပေးဖို့ တောင်းပန်လိုက်ကာမှ ပိုကွဲပြားတာတွေ့ရ…….. ငါ့ခေါင်းကိုစားရင် မင်းဖြစ်မှာလား။ ရူးသလိုပေါသလိုနဲ့ ခြံစည်းရိုးပေါ်တက် ရင်ကော့ပြီးလင်းကြက်လို့ ဘာသာတွန်ပြခဲ့ရ၊ ဥဒေါင်းမင်းလည်း ညွှတ်ကွင်းမှာမိတာ… နေထွက်ချိန်မို့ထင်ပါ့… ငါ့မျက်လုံးတွေတဖြည်းဖြည်းပြာလို့လာ…၊ အော်……….တခါတရံဆိုတာ..တခါတရံဆိုတာ ပေါင်းလိုက်တော့သိပ်များသွားလိုက်တာ….. ဘုရားအိုနံဘေးချောင်မှာ ကုပ်ကပ်ထိုင်ရင်း ငေးငေးတွေဝေနေတဲ့ ကောင်းလေးငယ်နဘေးမှာ မျှော်လင့်ချက်အစုံ၊ ယုံကြည်မှုတွဲပစ်ချ ငါဘယ်တော့မှပြန်မထချင်လောက်အောင်…………………. ……………………………………………………………………………….. ………………………………………………………………………………….. * * စစ ဓဓ ……………………………………………………………………………………. …………………………………………………………. လက်ချောင်းတွေချိုးရတာညောင်းလာပြီ။ သစ်ရွက်လေးနှစ်ဆယ့်သုံးရွက် ကြွေသာကြွေခဲ့ရတယ်……. နောက်ဆုံး၊ သည်းခံ့၊ အောက်ကျို့၊ မတတ်နိုင်တော့တဲ့အထိ တတ်နိုင်လို့…………. ကြွေကျပေးဖူးပြီ…….. မုန့်အိပ်ခွံလေးတွေနဲ့အတူ…………..၊ ခြေရာသေးသေးလေးတစ်စုံ၊ အခန်းကျဉ်းကျဉ်းလေးတစ်ခု၊ နော က်…….. ………………..နောက်………………….. ………………………….နောက်……………. ပြန်လှည့်ဖို့ မဖြစ်တဲ့ကွင်းပြင်တစ်ခု…… ဘယ်သူက ငါ့ကို နက်ထွင်းဖောက်ဖောက်နားလည်းမလဲ။ ဘယ်သူက ငါ့လို ဘုရားအိုဘေးမှာ ငေးနိုင်မလဲ။ ငါ့စကားကို ကြားအောင်နားထောင်သူ လက်ညှိုးတစ်ဝက်စာမပြည့် လယ်ကွင်းပြင်တစ်ကျောလုံးလောင်အောင်ပူတဲ့ နေ………………. ဘုန်းသန့်ခန့် P0904200110PER0ZI
2 Comments
28/4/2011 06:58:02 pm
I think Rio would want to host it because the olympics are one of the mankinds greatest extravangansas.They might even get money during the process.It must be a great honor!I think he can do it!
Reply
28/4/2011 07:01:41 pm
I think Rio would want to host it because the olympics are one of the mankinds greatest extravangansas.They might even get money during the process.It must be a great honor!I think he can do it!
Reply
Leave a Reply. |
Author
|


RSS Feed