|
အဲလိုပါပဲ…. မနက်မနက် နိုးထဖို့ နှိုးစက်လေးကိုလွမ်းလိုက်တာ…… ငိုတော့မငိုပါနဲ့ ကောင်းကင်ရယ်…………. မိုးစက်တွေကိုတောင် မြင်ဖို့ကံမရှိသေးချိန်ပေါ့…….. နေရွာနေလား…………မိုးသာနေလား……… ငါမသိတာကြာခဲ့……….. မိုးတွေဘယ်လောက်လင်းပြီးပြီလဲ………. အခန်းထဲမှာ ……..အလန့် တကြားထမြည်လာမယ့်…….. ဖုန်းသံကိုကြောက်တယ်……….. ချစ်သူရေ……….. အဲဒီဖုန်းက မင်းလိုစကားချိုချိုမပြောဘူး…. ကိုယ့်ကို ဘွိုင်လာဆုလဲဖို့ပဲပြောတယ်…….. …………ဘယ်နေရာမှာဘာဖြစ်ပြန်ပြီတဲ့………… လွမ်းတယ်ဆိုတာကလွဲရင်………. အရာရာအဆင်ပြေပါရဲ့ ချစ်သူ………….။ ချွေးသံရွှဲရရွဲ…………မိုးဟိုက်ခိုက်မှာ……. ချွေးသုတ်ပေးမယ့်….ချစ်သူလက်နုနုလေးကို လွမ်းလိုက်တာ……… အဝေးမှာလေ………..အဝေးမှာ……….. လေးနာရီကျော်အဝေးမှာ………… အချက်ပေးအလန်းသံတွေနဲ့ အသားတကျ……….. အပန်းဖြေမှုဆိုတာ………မင်းဓာတ်ပုံလေးတွေရယ်………. တေးလေးနှစ်ပုဒ်ရယ်…………… မငိုပါနဲ့ မျက်ရည်ရယ်………….. စနေနေ့လေးက တန္ဂင်္နွေနေ့လေးကို လွမ်းပါစေဦး……….. ဓားအိမ်လေးကို လွမ်းကြောင်း……….သိပါစေဦး………….. မစိုပါစေနဲ့………….. ငါမိုးပေးတဲ့ ၀တ်ရုံဟာ…………..လေကြမ်း၊ မိုးကြမ်းလုံပါတယ်…… ငါ့ပန်းအက္ခတွေကို ပြန်ဖတ်…………. နှုတ်ခမ်းဖူးဖူးလေးရေ…….. ငါ့မျက်နှာမှာ ချွေးတွေ…….. သုတ်ပေးသောလက်လေးမဲ့………… ချစ်သူရေ…………. အဖြူသက်သက် အဖြူသက်သက်…………. လာမယ့်အနာဂတ်လေးအတွက်………. …………………အဖြူသက်သက်…………………………. မင်းနှုတ်ဖျားက စကားဆိုတာ ကိုယ့်ကမ္ဘာရဲ့ နတ်ဘုရားဗျာဒိတ်ပါ…. အဲဒီတော့…………လွမ်းတယ်ဆိုတာက လွဲရင်အားလုံးအဆင်ပြေပါတယ်….. ချစ်လေးရယ်………………………………………….. ဘုန်းသန့်ခန့် P0802DEC09OZBrisbane
0 Comments
Leave a Reply. |
Author
|


RSS Feed