|
အတူတကွ ရှိနေကြမယ်။
မျက်ဝန်းတွေကို လျော့ထား။ မျက်လွှာတွေကို ချထား။ တစ်ဦးလွှင့်တဲ့ ရနံ့ကို တစ်ဦးက လေညှင်းမရောဘဲ ရလို့.............။ မိုင်ပေါင်းအင်္သချေယျ ဝေးစေ............ သာမာန်မျက်မြင်.............မိုင်ပေါင်းအင်္သေချေယျ ဝေးပါစေ.......... ရနံ့တွေ စက္ကန့် မခြားရလို.ပေါ့ ...... ထာဝရ အလွန်က နီးစပ်ခြင်း။ ကောင်းကင်ထောင့်ချိုးကနေ ပန်းမိုးတွေရွာသွန်း...... မြေပြင်ဟင်းလင်းကနေ မီးရှူးစုံပစ်ဖောက်........ ရွှေဓားကိုင် တိုက်ပွဲဆီလျှောက်တဲ့ နေ့များ....... ငါတို့ကြားမှာ သစ္စာတရားကလွဲရင် ဘယ်အက္ခရာမှ ၀င်ရောက်ခွင့်မပြုနိုင်ဘူး။ အိပ်တယ်။စားတယ်။သွားတယ်။လာတယ်။ တာဝန်တွေမပျက်ကွက်စေဘဲ.... လူသားဆန်ဆန် ငါတို့ လွမ်းကြည့်ကြမယ်။ ကမ္ဘာတစ်ခြမ်းစီပိုင်းမှ သူတစ်ခြားတွေနှစ်သက်ကြလို့ ကိုယ်က ကမ္ဘာတစ်ခြမ်း၊ မင်းက ကမ္ဘာတစ်ခြမ်း ကိုယ်စီကိုယ်ငှ ၀တ္တရားတွေ ထမ်းနေရပေမဲ့.... နားနေဆိတ်ငြိမ်ခိုက်မှာ ကိုယ်တို့လေ...... “ဟယ်လို” သံမပါဘဲနဲ့ နီးစမ်နေမှာပေါ့။ အာရုံတွေကို ဖျော့၊ စိတ်ခန္ဓာကို လျှော့.... တစ်နေ့တာ တပင်တပန်းတင်းထားရတဲ့ သံပတ်စုံကို ဖော့..... ကိုယ့်ဘေးမှာမင်း၊ မင်းဘေးမှာကိုယ် ငါတို့ကို ဘယ်သူတွေကမှ ခွဲခြားမထားနိုင်ဘူး။ ငါတို့ကို ဘယ်တံတိုင်းတွေကမှ ပိုင်းခြားမထားနိုင်ဘူး။ ငါတို့ နီးစပ်နေကြတယ်။ ငါတို့ ပေါင်းဆုံနေကြတယ်။ ငါတို့ကို ဘယ်လိုလက်တွေနဲ့ မှ ဆွဲခွာလို့ မရဘူး။ ငါတို့ကို ဘယ်နယ်နိမိတ်တွေ နဲ့ မှ ကန့်သတ်လို့ မရဘူး။ ဝေးကွာပေမဲ့ မကွဲကွာတဲ့ ရပ်ဝန်းမှာ ရုပ်လွှာချင်းဆက် ငါတို့ နီးကပ်နေကြမယ်။ ကောင်းကင်ထောင့်ချိုးကနေ ပန်းမိုးတွေရွာသွန်း...... မြေပြင်ဟင်းလင်းကနေ မီးရှူးစုံပစ်ဖောက်........ ဓားအိမ်ဆီ ဓားပြန်ရောက်တဲ့နေ့မှာ ငါတို့ကြား......မေတ္တာတရားကလွဲရင် ဘယ်အက္ခရာကိုမှ ၀င်ခွင့်မပြုနိုင်ဘူး။ ဤစကား လူသားတို့ ကြားပါစေသတည်း။ ဤစကား နတ်ဘုရားတို့ ကြားပါစေသတည်း။ ဤစကား ကမ္ဘာမြေ ကြားပါစေသတည်း။ ဘုန်းသန့်ခန့် A125613FUG09
1 Comment
|
Author
|


RSS Feed