|
နုရွယ်ပျိုမြစ်ခြင်းခန်းမဆောင်...
အိုး...ပျော်ရွှင်မြူးခြင်းတွေ... သိရုပ်လွှာပုံဟန်ဆောင် ပျံပျံ့ ကျဲ ခုတော့လည်း... ခြေမှုန့်ရာလေးမျှ မချန်ဘဲ...အဝေးနှင်တိမ်နှယ်လွင့်။့ဖြူငယ်တယ်တယ် ဆည်းလည်းလေးတွေလည်း ချွင်ရရွင်မဲ့ တိတ်တိုးငြိမ်ဆိတ်။ ပစ္စုပ္ပန်ဘ၀နဲ့... ဟိုးသင်ပုန်းကြီးကျက်စဉ်ကာလာအကြောင်းကို...ကို... ငါ့စာကြည့်စားပွဲလေးကသာ သိမြင်၊ မှတ်သား၊ အေးခဲ။ နံရံ...။ ဆိတ်ငြိမ်သက်သက်လေးရပ်နေရသော... ခန်းဆောင်ပတ်လည်အရံအတားတွေထဲက၊ အဲဒီတစ်ခုသော နံရံလေး... ဆေးအသစ်ပြန်သသထားတဲ့ သင်ပုန်းချပ်အိုကြီးကို တွဲထူဖေးမနေဆဲ...။ စာသင်သားသူငယ်တွေ လွတ်ကျ၊ လွှတ်ချ၊ ပြုတ်ကျန်၊ ဖြုတ်ချန်၊ ကျပျောက်၊ ချဖျောက်၊ ခြွေထား၊ ကြွေသွား၊ ညပ်ကျန်ရစ်၊ ညှပ်ချန်ရစ်၊ ခွာချထား၊ ကွာကျသွား၊ မြုပ်သွားသည့်၊ မြှုပ်ထားသည့်၊ အရာများနှင့်အတူ တစ်ဝက်ပဲ့မြေဖြူခဲလေး ခန်းမကြမ်းပြင်မှာ ကြိုးစုံပြတ်လဲကျနေ။ နုရွယ်ပျိုမြစ်ခြင်းခန်းဆောင်... ဟင်...၀မ်းနည်းလှိုက်တမ်းတခြင်းတွေ... သိရုပ်လွှာပုံဟန်ဆောင် ပျံပျံ့ကျဲ ဘုန်းသန့်ခန့် P093525SEP09 တခါက ရေးဖူးသော ECHO ကဗျာကို ပြန်လည် ဖတ်မိရာမှ ဆင့်ပွားဘာသာပြန်ထားခြင်း....... -- http://www.phonethantkhant.co.cc
0 Comments
Leave a Reply. |
Author
|


RSS Feed