|
လေညင်းကို သံစဉ်ညှိရင်း
ဘယ်ဖက်ရင်အုံ စည်းချက်နဲ့ သူတို့ ဟာ ရိုးတံကိုမြှင့်ပြီး အသွေးစုံတဲ့ ပွင့်ချပ်တွေခင်းဖြန့် ဟော တစ်ပွင့်.....ဟိုမှာ....ဒီမှာ.....တစ်ပွင့် နှင်းစက်တွေ တွဲခိုလို့ ......... မြက်ခင်းများ လွင့်ကွယ်ပေး... ခဏ ကြာရင် သူမလာလိမ့်မယ်။ ပြတင်းတံခါးတွေ ပိတ်ထားကြ သူမဟာ မျက်ခုံးတွန့် ကွေးရင်း အလိုမကျစွာ ညှို့ ယူမယ်ဆို လူတိုင်းမပါဝင်စေချင်ဘူး။ ဘာစာမှ လာမဖွဲ့ နေနဲ့ တော့ အားလုံးဟာ မြေမှုန် သူမသည် ငါ ပေါင်းသင်၍ ပျိုးကျဲခဲ့သော အဆိပ်ပင် ငါပဲ ရေလောင်းပါရစေ။ ဦးပေါင်းတို့ ညွှတ်ကြစမ်း။ ။ အပြာရောင်ကောင်းကင်မှာ လေနတ်သားနဲ့ အတူ သူမဆံနွယ်တွေ အောင်လံလွှင့်ထားပြီ ငါ...............၀ပ်တွားခယလိုက်၏။ ကမ်းပါးယံထက်မှာ ထိုင်ပြီး တေးသီဆိုသူများက၊ မိုးနဲ့ အတူခုန်ပေါက်ကခုန် သူမဟာ ထီးတစ်လက်နဲ့ အတူ တွဲလာချိန် ငါ့ အသိဥာဏ်မြုဆိုင်းနေလားပဲ။ ဒီမှာပါ...အရှင်မ လိုအပ်သောအချိန်၊ လိုအပ်မယ့် အိပ်မက်တွေကို ဆက်သပါရစေ။ မှော်ဆန်သော သူမဟာ ကျူးပစ်ကို ရူးစေပြီး အပြုံးတွေ စိုက်ပျိုးထားလိုက်တာ ငါ့ ကမ္ဘာမြေမှာ အိပ်မက်စိတ်ကူးတွေနဲ့ အတူ ကလေးငယ်လို သူမပုံရိပ်တုတွေ ။ ။ဖွေးနေပြီ။ ။ mr.ice(marine) UN07 MMU နံရံကပ်စာစောင်မှ
0 Comments
Leave a Reply. |
Author
|


RSS Feed