|
သောကြာမီးအိမ်၊ ရင်နှင့်ချိန်စက်
လှမ်းမျှော်လျှက်က၊ လင်းဖွင့်မမြ မှိတ်မှုန်ပြသည်၊ လွမ်းညစီကုံး ဤစာထုံးကို ငါရေးဘိ။ ပန်းကား ရွန်းသစ်၊ နုမြစ်လှသည် ငါကား မဝေ၊ လေလိုကြွေ၏။ လေတွင်လိပ်ပြာ ၀ဲခိုလာလျှင် ငါပြင်းမာန်တင့် လေဟုန်ဖွင့်လည်း ပျံလဲ့လိပ်ပြာ ပန်းဆီလာဘိ့၊ မချိရင်းတွင်း ဖြတ်စီးရင်းမှာ မှောင်ဖွင့်သီစို မုန်တိုင်းငိုသည်၊ ယုံသူရှာဖွေ မတွေ့ ချေကား။ ၀တ်မှုန်ခမ်းခြောက်၊ ၀တ်ရည်ပျောက်သော် ၀န်းပလိပ်ပြာ လွင့်ဝေရာသို့ ငါ့ကိုတို့ ခတ် ဖောက်ထွက်လျှက်ခွာ ဝေးလွင့်ရာ၏။ ပန်းငယ်မသိ မှုန်းချယ်ပွင့်သ တခဏတာ နတ်မိုက်ရာတွင် ရိုးတံညှိုးရော် လှိုက်စားပြိုခ ပန်းကြွေကျ၏။ လွင့်ကြထိုးဆင်း ပန်းခြေရင်းဝယ် လေညင်းရယ်ခံ နန်းဝယ်စံလော့။ ထွေးသိပ်တေးဆို မင်းမငိုနှင့်၊ ရပ်စုံဝဲကာ ဝေနှင်ကျဲလျှက် မိုင်ထောင်ဆက်မည် မြေမှုန့် ၀ုန်းဟုန်း ထသည်ထိ။ ဘုန်းသန့် ခန့် UN07
0 Comments
Leave a Reply. |
Author
|


RSS Feed