|
ငိုလိုက်ပါ....ငါ့ အတွက်တော့ဘာမှမချန်ရစ်နဲ့
မျက်ရည်တွေကို ၀မ်းနည်းပက်လက်ရွံတယ်။ အရာရာကို ရုတ်သိမ်းလိုက်တယ်.... အ၀တ်ကြိုးတန်းပေါ်က လှန်းပြီးအ၀တ်ပြန်ရုတ်သလို.... ဘ၀ကို အဲလို ရုတ်လို့ ရလား။ ခြေထောက်တစ်ခြား....အိပ်မက် တစ်ခြား.... ငါက ကောသွားမှာလား။ မင်းကကော လိုက်မှာလား။ ကျောင်းသားဘ၀နဲ့ စာတွေကို ဗရွတ်ရွှတ်တရွတ်ပြီးခဲ့ပြီပဲ.... လုံလောက်ပါတော့ကွယ်။ ကျမ်းတွေ ဖတ်ပြမှ....လူတွေရိုသေကြသတဲ့လား...ခါးတယ်။ ငါမ၀ါးဘူး..... ငါမကြိုက်တဲ့ အစားအစာတွေကလည်း သိပ်များနေလို့ လား.... လောကမှာရှားတယ်။ နောက်ဆုံးဆိုတဲ့ စာလုံးအတွက်.... ရှေးပညာကျော်တွေ ဘယ်လိုပေါင်းခဲ့သလဲ။ ငါကတော့...တိတ်တိတ်လေးနဲ့ တိုးတိုးလေး... ချစ်သူလက်လေးခဏကိုင်ပြီး.... နေချင်သေးရဲ့ ..... ဘ၀ဟာ ဘာညာ...အိုကြာပါတယ်ကွာ.... ကြီးကြီးမားမား....ရှေးရိုးဆန်ဆန်...ပဲ... ငါတို့ နေကြမှာလား။ ငါတို့ ပြန်ကြမှာလား။ မိုးစက်တွေကြားမှာ.....မိုးစက်တွေကြားမှာ..... လူသားပေမယ့်...မိတ္တူလူသားဘ၀ကို ငါ့တို့ မရချင်မိတာ....အပြစ်သားဖြစ်ပြီ...ထင်ရဲ့ ....ချစ်သူရေ... ဘုန်းသန့် ခန့်
0 Comments
Leave a Reply. |
Author
|


RSS Feed