|
အရာရာမှာ အောင်နိုင်ချင်လို့ ဘယ်ရပါ့မလဲ။
စစ်ပွဲတိုင်းအောင်ခဲ့ရင်တောင်... အောင်လံတော်လွှင့်ဖို့ ....မေ့ခဲ့လိမ့်မယ်ပေါ့။ စင်ပေါ်တက်ရပ်ပြမှ မြင်မယ်ဆို ဘယ်သူမှမသိလဲနေပါစေ... ငါသိပေမယ့်...ငါမသိခဲ့ဘူး။ ငါမြင်ပေမယ့်....ငါမကြည့်ခဲ့ဘူး။ အရာရာမှာ တမင်တကာငါမေ့ထားပေးပါ့မယ်။ လိုလိုချင်ချင်ဒူးထောက်ထားပေးခဲ့တဲ့ စစ်ဘုရင်တစ်ပါးကို ဘယ်ဓားတွေနဲ့ ကွပ်မျက်ချင်ကြသလဲ။ တစ်ရာ့တစ်ပါးသော..... လူမိုက်တွေထဲမှာ ငါက ထိပ်ဆုံးကပေါ့တဲ့.....သိတယ်။ လမ်းပေါ်မှာလျှောက်ခဲ့တဲ့ခြေထောက်တွေအတွက်... ကောဇောနီက နုနုလေးပါကွယ်။ ပိန်မသာလိမ်မသာဘ၀ကလာသူပါ.... အင်အားသုံးရယ်မောချင်ရင်တော့... အင်းလေ...ဒူးထောက်ပြီးမှတော့... ရင်မကော့တော့ပါဘူး။ ပေးအပ်သောတရားနဲ့ ကမ်းလင့်သူ့ လက်မမျှတဲ့အခါ ဖိတ်စင်သွားတဲ့ရေစက်လေးတွေကို ကလေးလို လက်ခုံနဲ့ မသုတ်တာကလွဲရင်.... သိပ်ကို နာကျင်ခဲ့တယ်။ ရွှေဓားကို ကိုင်ထားခွင့်ရခြင်းမှာပဲ... ငါရောင့်ရဲပါ့မယ်ကွယ်.... ကစားပွဲရဲ့ လက်မှတ်တစ်စောင်လို.....နောက်ဆုံးမှာ ငါက မြေပေါ်မှာမတ်မတ်ရပ်နေရမှာပေါ့လေ....။ သိခဲ့ပါတယ်...... ငါက ဆံချည်နဲ့ ထောက်ရင်တောင် ကြောက်တတ်ခဲ့သူမို့ ....... ဓားပစ်လှံချပေးထားတာပါ.... အံစာခေါက်လို့ ....ကျလာတဲ့...နံပါတ်တစ်ခုပဲထားပါတော့... ဒီလိုဘ၀နဲ့ တင် ကျေနပ်ခဲ့ပါတယ်။ နောက်ဆုံးမှာ မျက်ရည်လည်ရွဲ.... နေ၀င်ချိန်မှာ....တောင်ကွယ်က နေ၀င်ချိန်မှာ.... ဘ၀တွေ....ဘ၀တွေ... ဘယ်လို ခရီးကို ဘယ်လိုလက်နဲ့ ၊ ဘယ်လိုခြေနဲ့ ဆုံးပေးချင်သလဲ... ရွေးချယ်ပွဲကို .....ငါတို့ လူသားတွေ နွဲခဲ့ကြရ......... ဘုန်းသန့်ခန့်
0 Comments
Leave a Reply. |
Author
|


RSS Feed