|
အခန်းကျဉ်းလေးထဲမှာ မွန်းညစ်သိုသိပ် ကိုယ်ထိုင်နေတယ်။ မနီးမဝေးထောင့်လေးဟာ စာအုပ်အချို့ ကြောင့် သေသေသပ်သပ် ပွစာကျဲနေရဲ့ ။ သိပ်ချစ်ရသော ရနံ့ လေကို လွမ်းလျမြင်ချင်စိတ်နဲ့ ဖျပ်ဆိုကြည့်တော့.... ပန်းပွင့်လေးတစ်ပွင့်က ဓာတ်ပုံတစ်ခုကို ဖြတ်ပြီး ပြုံးယောင်ပြုပြတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ကျေနပ်ပါရဲ့ လေ။ ကိုယ့်ဆီမှာ သူ့ ကို လှမ်းပြောဖို့ အဝေးနှုတ်ခမ်းတစ်စုံမှ မရှိခဲ့တာပဲ။ ခေါက်လက်စ ပလပ်တစ်အိတ်လေးကို အပြီးသတ်ခေါက်ပြီးတဲ့အခါ သူမက ရှို့ ကေ့လေးထဲကို ထည့်လိုက်တယ်။ ကိုယ်ကတော့ စာအုပ်ပုံတွေကြားကိုပဲ ပြီးစလွယ်နဲ့ တယုတယထားလိုက်တာပေါ့။ မတူညီမှုတွေနဲ့ လိုက်လျောညီထွေဖြစ်နေခြင်းကို အချစ်လို့ ခေါ်တယ်တဲ့။ ကိုယ်အခု ကော်ဖီပေါ့ပေါ့ကြိုက်တတ်လာပြီ။ အိပ်ယာဝင်ခါနီးရင် ကျန်းမာလန်းရွှင်ပါစေလို့ ပို့ သစရာ လူတစ်စင်းပိုလာပြီ။ ဒီလောက်ပါပဲ။ “သူမသိလည်း လွမ်းနေပြီ...တဲ့.....” ကြိုးကြာက ဘေးကနေ တေးစချီညည်းနေရဲ့ ။
0 Comments
Leave a Reply. |
Author
|


RSS Feed